26 C
Yangon
spot_img

CATEGORY

News

ကျွန်းလှ စစ်ကောင်စီ စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရကာ စစ်သား ၂ဝ ဦးထက်မနည်း သေဆုံးပြီး၊ စစ်တပ်က ပြည်သူ ၂ဦးကို သတ်ဖြတ်ကာ အမျိုးသမီး ၄ဦးကို ဖမ်းဆီးသွား၊ ခင်ဦး ဒန်းကုန်းရွာကိုလည်း စစ်တပ်က ရွာလုံးကျွတ် နီးပါး မီးရှို့နေ

ရန်ကုန်၊ မတ် ၅ စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ် ဝေသော်ရွာအနီးတွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ဒေသခံကာကွယ်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားကာ စစ်သား ၂ဝဦးထက်မနည်း သေဆုံးပြီး စစ်တပ်က ဝေလမူရွာသား မောင်ကျော်ထက်နှင့် မောင်လွှမ်းဖြိုးတို့ကို သတ်ဖြတ်ကာ အမျိုးသမီး ၄ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း...

အုတ်ဖိုမြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင် ခင်မောင်ဝင်း ပစ်သတ်ခံရမှု အပါအဝင် ရန်ကုန်၊ မကွေးတို့တွင် စစ်တပ်ထောက်ခံသူနှင့်ဘက်တော်သား ၅ ဦး အသတ်ခံရ

ရန်ကုန်၊ မတ် ၅ ရန်ကုန်တိုင်း၊ မကွေးတိုင်းနှင့် ပဲခူးတိုင်းတွင် မြို့နယ် ကောင်စီဝင်များ၊ စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးများနှင့် စစ်ကောင်စီ သတင်းပေးဟု သတ်မှတ်ခံရသူ ၅ဦးကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် အမည်မသိ သေနတ်သမားများက ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။ ရန်ကုန်=======ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ် ဝေပုလ္လ ၂...

ရန်ကုန်တွင် စစ်တပ် ကင်းလှည့်ယာဉ်များနှင့် ရဲစခန်းများ တိုက်ခိုက်ခံရကာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆၇ ဦး သေဆုံး

ရန်ကုန်၊ မတ် ၅ ရန်ကုန်တွင် ပျံလွှားအောင် စစ်ဆင်ရေး အဖြစ် ဖေဖော်ဝါရီလ ၄ရက်နှ မတ်လ ၄ရက်နေ့အထိ ၁လတာအတွင်း စစ်တပ် ကင်းလှည့်ယာဉ်များနှင့် ရဲစခန်းများကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆၇ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာ ရရှိသူ...

အင်းတော်ကြီးဒေသတွင် စစ်တပ်က အခွန်ငွေ ကောက်ခံပြီး တရားမဝင် ရွှေတူးဖော်သူများက စက်ယန္တရား ၄ဝဝကျော်ဖြင့် တူးဖော်နေ

ရန်ကုန်၊ မတ် ၅ ကချင်ပြည်နယ် အင်းတော်ကြီးဒေသ မိုင်းနောင် ဝန်းကျင်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက တရားမဝင် ရွှေတူးဖော်သူများထံမှ အခွန် ငွေ ကောက်ခံပြီး စက်ယန္တရား ၄ဝဝကျော်ဖြင့် အကြီးစား ရွှေတူးဖော်မှုများ လုပ်ဆောင်နေကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့...

ထီးချိုင့်မှာထွက်ခွာလာသော စစ်ကောင်စီယာဉ်တန်းကို KIA နှင့် ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်၊ စစ်သား ၂၅ ဦးထက်မနည်းသေဆုံး ကား ၁ စီး ပျက်စီး

ရန်ကုန်၊ မတ် ၅ စစ်ကိုင်းတိုင်း၊ ထီးချိုင့်ဘက်မှ ထွက်ခွာလာသော အကြမ်းဖက်စစ်ကောင်စီ၏ ၂၉ စီးပါ စစ်ယာဉ်တန်းကို ယနေ့ မတ်လ ၅ ရက် နံနက် ၆ နာရီတွင် ကချင်လွတ်လပ်ရေးတပ်မတော်နှင့် ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၂၅ ဦးထက်မနည်းသေဆုံးကြောင်း သတင်းရရှိသည်။စစ်ကောင်စီယာဉ်တန်းကို KIA၊...

ရန်ကုန်တွင် PDF ၂ ဦးကို စစ်တပ်က သတ်ဖြတ်ပြီး ပြည်သူ ၆ ဦးကို ဖမ်းဆီး၊ ပခုက္ကူတွင် ကျောင်းသား ၄ ဦးနှင့် ပြည်သူ ၁ ဦး အဖမ်းခံရ

ရန်ကုန်၊ မတ် ၅ ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ် ဗောဓိကုန်းရက်ကွက်တွင် ငါးအိမ်စုကျေးရွာသို့ ပြန်လာသည့် PDF လူငယ် ၂ ဦးကို စစ်တပ်က မတ်လ ၁ ရက်နေ့တွင် ပစ်ခတ်ဖမ်းဆီးခဲ့ပြီး PDF လူငယ် ၁ ဦးပွဲချင်းပြီး သေဆုံးခဲ့ကာ ဖမ်းဆီးခံရသော...

နွားထိုးကြီး၊ ပုလဲနှင့် ထီးချိုင့်တွင် စစ်ယာဉ်တန်းများ မိုင်းခွဲခံရ၊ စစ်ကား အနည်းဆုံး ၃ စီးပျက်စီးပြီး စစ်သား သေဆုံးထိခိုက်မှုများရှိ

ရန်ကုန်၊ မတ် ၅ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်နှင့် စစ်ကိုင်းတိုင်း ပုလဲ၊ ထီးချိုင့်မြို့နယ်များတွင် ကင်းလှည့်စစ်ကားများ၊ ရိက္ခာပို့စစ်ယာဉ်တန်းများကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ယနေ့နံနက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကား အနည်းဆုံး ၃ စီး ပျက်စီးသလို စစ်သား ထိခိုက်သေဆုံးမှုများ ရှိကြောင်း သိရှိရသည်။နွားထိုးကြီးမြို့နယ်၊ ဝက်လူးရွာနှင့် ပဲချက်ကျေးရွာကြားတွင် ယနေ့...

အကြမ်းဖက်စစ်ကောင်စီက အမြှောက်ကား ၂ စီး၊ တပ်သား ၃၀၀ ကျော်ဖြင့် ဒီးမော့ဆိုမြို့ဘက်သို့ ထိုးစစ်ဆင်

ရန်ကုန်၊ မတ် ၅ အကြမ်းဖက်စစ်ကောင်စီသည် သံချပ်ကာအမြှောက်ကား ၂ စီး၊ စစ်သည် အင်အား ၃၀၀ ကျော်ဖြင့် ဒီးမော့ဆိုမြို့ဘက်သို့ ယနေ့နံက်တွင် ထိုးစစ်ဆင်နေပြီး လွိုင်ကော်မှလည်း လက်နက်ကြီးပစ်ကူများ အဆက်မပြတ် ပစ်ခတ်နေကြောင်း သတင်းရရှိသည်။မိုးဗြဲ-နန်းမယ်ခုံ-ဒီးမော့ဆို လမ်းပိုင်းမှ သံချပ်ကာ ၂ စီး၊ အင်အား ၃၀၀...

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့တွင် စစ်ကောင်စီတပ်နှင့် ချင်းတပ်ဖွဲ့ တိုက်ပွဲဖြစ်ပွားပြီး ဒေသခံ ၁,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်

ရန်ကုန်၊ မတ် ၅ မြန်မာ-အိန္ဒိယနယ်စပ်၊ Rikhawdar (ရိခေါ်ဒါရ်) မြို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ချင်းတပ်ဖွဲ့ကြား ယနေ့ မတ်လ ၅ ရက် နံနက် ၅ နာရီအချိန်တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သတင်းရရှီသည်။ရိခေါ်ဒါရ်မြို့၊ အမှတ် ၂ ရပ်ကွက်၊ တီအိုချောင်းနံဘေး တောင်ကုန်းပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီစခန်းကို...

နိုင်ငံတစ်ဝန်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ၊ ကြံ့ဖွတ်ပါတီဝင်များ၊ စစ်အရာရှိများနှင့် ဆွေမျိုးတော်စပ်သူများ အပါအဝင် လူ ၇ ဦး သေဆုံး

ရန်ကုန်၊ မတ် ၄ နိုင်ငံတဝှမ်းရှိ အကြမ်းဖက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ၊ ကြံ့ဖွတ်ပါတီဝင်များ၊ စစ်တပ်နှင့် ဆွေမျိုးတော်စပ်သူများ အပါအဝင် ၇ဦးကို အမည်မသိ သေနတ်သမားများက ဝင်ရောက်ပစ်ခတ်သဖြင့် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။ ပဲခူးတိုင်း========ပဲခူးတိုင်း ကဝမြို့နယ် အေးရွာသစ်ကျေးရွာအနီးတွင် မတ်လ ၄ရက်နေ့...

Latest news

- Advertisement -spot_img