30.5 C
Yangon
spot_img

CATEGORY

News

မြင်းမူတွင် ခြေလျင်စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ် မိုင်းဆွဲခံရပြီး ၁၅ ဦးသေဆုံး၊ ရွှေဘိုတွင် စစ်ကား ၃ စီးမိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခံရ

ရန်ကုန်၊ စက်တင်ဘာ ၁၂ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်း ခြေလျင်စစ်ကြောင်းထိုးလာသည့် စစ်ကောင် စီတပ်၏ စစ်ကြောင်းကို ယနေ့ မဟာမိတ် PDF တပ်ပေါင်းစုက မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ စစ်သား ၁၅ ဦးသေဆုံးကြောင်း PDF တပ်ပေါင်းစုထံမှ သိရှိရသည်။ အင်အား၃၀ကျော်ပါသော အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို အလ္လကပ္ပရွာ ၊ ဂွေးပင်တောနှင့်ရေပိုးစား...

ယင်းမာပင်တွင် PDF များ အပါအဝင် လူ ၁၀ ဦး မှားယွင်းသတ်ဖြတ်ခံရမှုတွင် ဆရာစံနှင့်အဖွဲ့၊ ကိုအာပီဂျီ(ခ) ကိုအောင်ဇော်တို့ အဓိက တာဝန်ရှိဟု NUG က ထုတ်ပြန်၊ ရုံးတင်စစ်ဆေးရန် စစ်တရားရုံး ဖွဲ့စည်းဆောင်ရွက်မည်

ရန်ကုန်၊ စက်တင်ဘာ ၁၂ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အချင်း ချင်း မှားယွင်းသတ်ဖြတ်မှုကို NUG က ရုံးတင်စစ်ဆေးမည်ဖြစ်ပြီး သတ်ဖြတ်ခံခဲ့ရသူများ၏ ကျန်ရစ်သူ မိသားစုဝင်များကို ထောက်ပံ့ကူညီသွားမည်ဟု ယနေ့ ထုတ်ပြန်သည်။ ထိုသို့ မှားယွင်းသတ်ဖြတ်မှုကို ကျူးလွန်ရာတွင် ကပိုင်ရွာအခြေစိုက် ယင်းမာပင် ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း ၄...

ဖျာပုံထောင်တွင် နိုင်/ကျဉ်း များ အပါအဝင် အကျဉ်းသားနှင့်အချုပ်သားများကို ဆဲဆို ရိုက်နှက် ညှဉ်းပန်းမှုများရှိပြီး သတ်မှတ်ချက်အတိုင်း အစာ၀လင်အောင် မကျွေး၍ ငတ်မွတ်မှုများ ကြုံနေရ

ရန်ကုန်၊ စက်တင်ဘာ ၁၂ ဧရာ၀တီတိုင်း၊ ဖျာပုံအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကျဉ်းသား၊ အချုပ်သားများ အကျဉ်းထောင် ဥပဒေများ ဖောက်ဖျက်ခံနေရသည့်အပြင် လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်းများ၊ ထောင်တွင်း လာဘ်ပေးလာဘ် ယူမှုများ ကြုံတွေ့နေရခြင်း၊ အစာအာဟာရနှင့် ပတ်သက်၍ သတ်မှတ်စည်းကမ်းတိုင်းမဟုတ်ဘဲ အပြည့်အဝ မကျွေးမွေးခြင်းတို့ ကြုံတွေ့နေရကြောင်း အကျဉ်းထောင်သတင်းရပ်ကွက်မှ...

မတ္တရာ တိုက်ပွဲတွင် စစ်တပ်၏ လက်နက်ကြီးကျည် ပြန်ထိ၍ သေဆုံးမှု အပါအဝင် စစ်သား ၁၃ ဦးသေဆုံး၊ တကောင်း နှင့် ဝမ်းတွင်းတို့တွင် စစ်ကားများ မိုင်းဆွဲခံရပြီး ၃ ဦးသေဆုံး၊ မင်းကင်း မြန်မာ့စီးပွားရေးဘဏ် ဗုံးခွဲခံရ

ရန်ကုန်၊ စက်တင်ဘာ ၁၂ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်သည် စစ်ကောင်စီတပ်သားများကို ပြန်လည် ထိမှန်၍ သေဆုံးမှု အပါအဝင် စစ်သား ၁၃ ဦးသေဆုံးကြောင်း၊ စစ်သား ၁၅ ဦးဒဏ်ရာရရှိကြောင်း PDF မဟာမိတ်တပ်များက သတင်းထုတ်ပြန်သည်။ စက်တင်ဘာလ ၁၂ ရက်နေ့...

ဝက်လက်မြို့နယ်၊ ဖွံ့လှိုင်းကျေးရွာကို စစ်တပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်စီး နင်းစဉ် နေပြည် တော် စစ်ထောက်ချုပ်ရုံးမှ ဗိုလ်ကြီး ကျော်မင်းခိုင် ၏ မိသားစုဝင် တချို့ ကျည်ထိမှန် ဒဏ်ရာရပြီး ထွက်ပြေးရ ၊ ရွာလည်းမီးရှို့ခံရ

ရန်ကုန်၊ စက်တင်ဘာ ၁၂ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဖွံ့လှိုင်းကျေးရွာကို စက်တင်ဘာလ ၉ ရက်နေ့ စစ်တပ်က ရဟတ်ယာဉ်များဖြင့် ပစ် ခတ်ပြီး ကျေးရွာကို ဝင်ရောက်စီးနင်းစဉ် နေပြည်တော်စစ်ထောက်ချုပ်ရုံးမှ ဗိုလ်ကြီးကျော်မင်းခိုင်၏ မိသားစုဝင် တ ချို့ပါ ကျည်ထိမှန်ဒဏ်ရာရရှိပြီး ထွက်ပြေးရကြောင်း ဒေသခံများထံမှ သိရှိရသည်။ စက်တင်ဘာလ ၉...

ဂန့်ဂေါတွင် PDF တော်လှန်ရေးရဲဘော်များအဖြစ် တာဝန်ထမ်းဆောင်နေသေ CDM စစ်သားနှင့်ရဲ ၁၇ ဦးကို ကာကွယ် ရေးဝန်ကြီးဌာန ဂုဏ်ပြု

ရန်ကုန်၊ စက်တင်ဘာ ၁၂ မကွေးတိုင်း၊ ဂန့်ဂေါတွင် PDF တော်လှန်ရေးရဲဘော်များအဖြစ် တာဝန်ထမ်းဆောင်နေသော CDM စစ်သားနှင့်ရဲ ၁၇ ဦးကို ကာကွယ်ရေးဝန်ကြီးဌာန ဂုဏ်ပြုပွဲ ပြုလုပ်ကြောင်း NUG က သတင်းထုတ်ပြန်သည်။ ပြည်သူ့ခုခံတွန်းလှန်စစ် (၁) နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် ဂန့်ဂေါခရိုင် အ မှတ် (၃)...

အကြမ်းဖက် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုများကြောင့် မိုးဗြဲရှိ ပြည်သူပိုင် နေအိမ် အလုံး ၁၀၀ ထက်မနည်း လက်နက်ကြီးထိမှန် ပျက်စီး

ရန်ကုန်၊ စက်တင်ဘာ ၁၂ ရှမ်းပြည်နယ်-ကရင်နီပြည်နယ်အစပ် မိုးဗြဲတွင် စက်တင်ဘာလ ၈ ရက်နေ့မှ စတင်ပြီး တိုက်ပွဲများဖြစ်ပွားလျက်ရှိရာ ယမန်နေ့ ၄ ရက်မြောက်ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်၏ ရမ်းသမ်းပစ်ခတ်မှုများကြောင့် ပြည်သူ ပိုင် နေအိမ်အလုံး ၄၀ ထက်မနည်း လက်နက်ကြီးထိမှန်ပျက်စီးသွားကြောင်း၊ တိုက်ပွဲကာလ တစ်လျှောက်လုံးနေအိမ် ၁၀၀...

မုံရွာ၊ ညောင်ဖြူပင်ကျေးရွာတွင် ရဲတပ်သား သန်းလှိုင်အပါအဝင် ရဲ ၂ ဦး ပစ် ခတ်ခံရပြီးသေဆုံး၊ ကျေးရွာတစ်ခုလုံး ပိတ်ဆို့ ခံထားရ၊ ပြည်သူ ၂ ဦးလည်း သေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၁၂ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ကျေးရွာတွင် ရဲ ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကာ ကျေးရွာတစ်ခုလုံးကို စစ်တပ်က ပိတ်ဆို့ခံထားရကြောင်း ဒေသ ခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ စက်တင်ဘာလ ၁၂ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန်...

ပြည်သူကို ဗုံးကျဲ သတ်ဖြတ်နေသည့် တိုက်လေယာဉ် နှင့် ရဟတ်ယာဉ်များကို ပြုပြင်ပေးခြင်းဖြင့် စစ်ရာဇဝတ်မှု တရားခံ ရုရှားပြန် ဗိုလ်ကြီး မင်းမော်ဟန်

By မိုက်ကယ် (CDM) အကြမ်းဖက် မင်းအောင်လှိုင် ခေါင်းဆောင်သော ဖက်ဆစ်စစ်တပ်က ကျူးလွန်နေသည့် စစ်ရာဇ ဝတ်မှုများ နှင့် လူမျိုးတုန်းသတ်ဖြတ်မှုများကို သွယ်၀ိုက် ပါဝင်ပတ်သက် ကျူးလွန်နေသူများတွင် ရုရှားပြန် ဗိုလ်ကြီး မင်းမော်ဟန်လည်း ပါဝင်သည်။ ဗိုလ်ကြီးမင်းမော်ဟန်သည် DSTA အမှတ် ၉ သင်တန်းဆင်းပြီး ရုရှားနိုင်ငံတွင် သင်တန်းတက်ရောက်ခဲ့ကာ...

ဖရူဆိုနှင့် ရှားတောတွင် အကြမ်းဖက်စစ်တပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲများဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရ

ရန်ကုန်၊ စက်တင်ဘာ ၁၂ ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်နှင့် ရှားတောမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များကြား စက်တင်ဘာလ ၁၀ ရက်နှင့် ၁၁ ရက်တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၃ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရကြောင်း ကရင်နီသတင်းရင်းမြစ်များထံမှ သိရှိရသည်။ စက်တင်ဘာလ ၁၀ ရက်နေ့တွင် ရှားတောမြို့နယ်၊ ပွန်ချောင်းအနီး...

Latest news

- Advertisement -spot_img