26.1 C
Yangon
spot_img

CATEGORY

News

ကယားပြည်နယ် စသုံးလုံး ဒုတိယစုံစမ်းစစ်ဆေးရေးမှူး မင်းသီဟဇော် ခွင့်ဖြင့် နေရပ်ပြန်စဉ် ပျောက်ဆုံးသွားပြီး အဖမ်းခံထားရဟု ဌာနက ပြော

ရန်ကုန်၊ အောက်တိုဘာ ၁၅ ကယားပြည်နယ်၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စသုံးလုံး)မှ ဒုတိယစုံစမ်းစစ်ဆေးရေးမှူး မင်းသီဟဇော်သည် မိဘနေအိမ်သို့ ခွင့်ပြန်စဉ် ပျောက်ဆုံးသွားကြောင်း စသုံးလုံးသတင်းရပ်ကွက်ထံမှ သိရှိရသည်။ ယခုရက်ပိုင်းအတွင်း စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ ကယားပြည်နယ် စသုံးလုံးဌာနမှ ဒုတိယစုံစမ်းစစ်ဆေးရေးမှူး မင်းသီဟဇော်သည် ၎င်း၏ မိဘနှစ်ပါး ယာဉ်မတော်တဆမှုဖြစ်၍ ခွင့်ပြန်စဉ် ပျောက်ဆုံးသွားကြောင်း၊ ယင်းနောက်...

မြိုင်၊ ခင်ဦးနှင့် မင်းကင်းတို့တွင် စစ်ကောင်စီ တပ်ဖွဲ့များ တိုက်ခိုက်ခံရပြီး ၉ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၁၄ မကွေးတိုင်း မြိုင်မြို့နယ် ဝက်ပုတ်ရွာတွင် တပ်စွဲထားသော စစ်သားနှင့် ပျူစောထီးများ တိုက်ခိုက်ခံရပြီး စစ်သား ၈ ဦးသေဆုံးကြောင်း ဝံပုလွေပြောက်ကျား တပ်ဖွဲ့ထံမှ သိရသည်။ အဆိုပါ ထိတွေ့တိုက်ပွဲသည် အောက်တိုဘာလ ၉ ရက်နေ့က ဖြစ်ပွားခဲ့ပြီး ၂ နာရီ ကျော်ကြာမြင့်ခဲ့ကာ ကာကွယ်ရေး...

မကွေးတိုင်းယာဉ်ထိန်းရဲရုံးထဲသို့ ယခုည ဝင်ရောက်ပစ်ခတ်ခံရပြီး ယာဉ်ထိန်းတပ်ဖွဲ့ ရဲမှူး စိန်ဝင်း ပွဲချင်းပြီး သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၁၄ မကွေးတိုင်း၊ မကွေးမြို့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးထဲ့သို့ ယနေ့ အောက်တိုဘာ ၁၄ ရက်နေ့ ည ၈ နာရီအချိန် သေနတ်သမားတချို့က ဝင်ရောက်ပစ်ခတ်ရာ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲမှူး စိန်ဝင်း ပွဲချင်းပြီး သေဆုံးကြောင်း ရန်ကုန်ခတ်သစ်၏ သတင်းရင်းမြစ်များထံမှ သိရှိရသည်။ အောက်တိုဘာလ ၁၄ ရက်နေ့...

ကျိုက်ထီးရိုးဘုရားဖူး ၃ ဦး ပစ်ခတ်ခံရပြီး သေဆုံးမှု စစ်တပ်လက်ချက်ဟု သတင်းဖော်ပြသော ဘီဘီစီနှင့်ဧရာ၀တီကို တရားစွဲမည်ဟု စစ်ကောင်စီက ထုတ်ပြန်၊ သတင်းထုတ်ပြန်ချက်တွင် ရိုင်းစိုင်းသော အသုံးအနှုန်းများကို စစ်ကောင်စီက သုံးထား

ရန်ကုန်၊ အောက်တိုဘာ ၁၄ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် အောက်တိုဘာ ၁၂ ရက်နေ့ ကျိုက်ထီးရိုးဘုရားဖူး ၃ ဦး ပစ်ခတ်ခံရပြီး သေဆုံးမှု ဖြစ်စဉ်တွင် စစ်တပ်၏လက်ချက်ဟု သတင်းဖော်ပြသော ဘီဘီစီနှင့်ဧရာ၀တီသတင်းဌာနတို့ကို တရားစွဲမည်ဖြစ်ကြောင်း အကြမ်းဖက်စစ်ကောင်စီက ယနေ့ ထုတ်ပြန်သည်။ အကြမ်းဖက်စစ်ကောင်စီက ဘုရားဖူး ၃ ဦးသေဆုံးမှုသည် ၎င်းတို့လက်ချက်မဟုတ်ကြောင်း...

Breaking News- မင်္ဂလာဒုံလေတပ်စခန်းထဲသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ဟု တော်လှန်ရေးတပ်ဖွဲ့က အတည်ပြု

ရန်ကုန်၊ အောက်တိုဘာ ၁၄ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံလေတပ်စခန်းထဲသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးဖြင့် ယနေ့ ညပိုင်း ပစ်ခတ်တိုက်ခိုက်ကြောင်း တော်လှန်ရေးရဲဘော်များထံမှ သိရှိရသည်။ အောက်တိုဘာလ ၁၄ ရက်နေ့ ည ၇ နာရီ ၅၀ မိနစ်ကျော် ပတ်ဝန်းကျင်အချိန်တွင် ၁၀၇ မမ...

ရန်ကုန်၊ မင်္ဂလာဒုံ လေတပ်ပတ်ဝန်းကျင်ဘက်မှ အလွန်ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်ပြီး မြို့နယ် အများစုမှ ကြားရ၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှု ယူဆရ

ရန်ကုန်၊ အောက်တိုဘာ ၁၄ ရန်ကုန်၊ မင်္ဂလာဒုံလေတပ်စခန်း ပတ်ဝန်းကျင်မှ ယနေ့ အောက်တိုဘာလ ၁၄ ရက်နေ့ ညပိုင်းက ကျယ်လောင်သော ပေါက်ကွဲများ ထွက်ပေါ်ခဲ့ကြောင်း ဒေသ ခံ ပြည်သူများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲသံများကို မြောက်ဥက္ကလာ၊ မရမ်းကုန်း၊ အင်းစိန်နှင့် လှိုင်မြို့ နယ်များမှ ပိုမို...

မုံရွာတွင် စစ်ကားတစ်စီး လက်ပစ်ဗုံး ပစ်သွင်းခံရပြီး ၃ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၁၄ စစ်ကိုင်းတိုင်း မုံရွာမြို့တွင် မိုးကာ အစိမ်းအုပ်၍ ရပ်တန့်ထားသော စစ်ကားတစ်စီး လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံးကြောင်း MRDA တပ်ဖွဲ့ထံမှ သိရသည်။ အကြမ်းဖက် စစ်တပ်မှ စစ်ကား တစ်စီးသည် မုံရွာမြို့ ဘိုးဘွားရိပ်သာအနီးတွင် ယနေ့ အောက်တိုဘာလ ၁၄...

စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ကျိုက်ထီးရိုး ဘုရားဖူး အမျိုးသမီး ၃ ဦး သေနတ်ထိမှန်သေဆုံးကြောင်း KNU က အတည်ပြုထုတ်ပြန်၊ စစ်တပ်ဘက်က ပစ်ခတ်သူ မမြင်ရသည့် ကျိုက်ထီးရိုး ပစ်ခတ်မှု CCTV တချို့ ဖြန့်ဝေ

ရန်ကုန်၊ အောက်တိုဘာ ၁၄ စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ကျိုက်ထီးရိုး ဘုရားဖူး အမျိုးသမီး ၃ ဦး သေနတ်ထိမှန်သေဆုံးကြောင်း KNU က အတည်ပြုထုတ်ပြန်လိုက်ပြီး စစ်တပ်ဘက်က ပစ်ခတ်သူ မမြင်ရသည့် ကျိုက်ထီးရိုး ပစ်ခတ်မှု CCTV တချို့ ဖြန့်ဝေလာကြောင်း သိရှိရသည်။ KNU ၏ ထုတ်ပြန်ချက်တွင်...

စစ်ကိုင်းတိုင်းအတွင်း စစ်ကားနှင့် လှည့်ကင်းကားများ မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၁၅ ဦးခန့်သေဆုံး၊ ဟင်္သာတတွင်လည်း ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွား

ရန်ကုန်၊ အောက်တိုဘာ ၁၄ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ဘန့်ဘွေးရွာတွင်မှ ရိက္ခာရှာရန် ထွက်လာသည့် စစ်ကားနှင့် စစ်ကြောင်းများ မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၁၅ ဦးခန့်သေဆုံးကြောင်း သိရသည်။ ဘန့်ဘွေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များသည် အောက်တိုဘာလ ၁၃ ရက်နေ့ ညနေ ၃ နာရီ ၁၅ မိနစ်တွင်...

ဘီးလင်းမြို့အနီးတွင် ကားတစ်စီး မိုင်းဆွဲခံရပြီး ယာဉ်မောင်း သေဆုံး၊ စစ်ကားပေါ်တွင် စစ်ဗိုလ်လင်မယားလိုက်ပါဟု သတင်းထွက်ပေါ်

ရန်ကုန်၊ အောက်တိုဘာ ၁၄ မွန်ပြည်နယ်၊ ဘီးလင်းမြို့အနီးတွင် အိမ်စီးကားတစ်စီး မိုင်းဆွဲခံရပြီး ယာဉ် မောင်း သေဆုံးကာ စစ်ကားပေါ်တွင် စစ်ဗိုလ်လင်မယားလိုက်ပါလာကြောင်း သတင်းထွက်ပေါ်နေသော်လည်း ဒေသကာကွယ်ရေးတပ်များထံမှ အတည်ချက် မရရှိသေးပေ။ အောက်တိုဘာလ ၁၃ ရက်နေ့ ညပိုင်းတွင် မြ၀တီမှ ဘီးလင်းသို့ မောင်းနှင်လာသော အဆိုပါအိမ်စီးကားကို မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်ပြီး ယင်းကားကို...

Latest news

- Advertisement -spot_img