37 C
Yangon

ခင်ဦး၊ အလယ်လျှိုရွာကို စစ်တပ်က ဒုတိယ အကြိမ် စီးနင်းပြီး ရွာလုံးကျွတ်မီးတင်ရှို့နေ၊ ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူ ၅၅၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ

Must read

ခင်ဦး၊ အလယ်လျှိုရွာကို စစ်တပ်က ဒုတိယ အကြိမ် စီးနင်းပြီး ရွာလုံးကျွတ်မီးတင်ရှို့နေ၊ ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူ ၅၅၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ

ရန်ကုန်၊ ဧပြီ ၃၀

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ အလယ်လျှိုရွာကို အကြမ်းဖက် စစ်တပ်က ဒုတိယ အကြိမ် စီးနင်းပြီး ရွာလုံးကျွတ် မီးတင်ရှို့နေ​ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၃၀ ရက်နေ့ နံနက် ၈ နာရီ ၅၁ မိနစ်ခန့်တွင် ကန့်ဘလူဘက်မှ အင်အား ၁၀၀ ကျော်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ခင်ဦးမြို့နယ်၊ အလယ်လျှိုရွာကို ဒုတိယ အကြိမ် ဝင်ရောက် စီးနင်းပြီး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးနေကြောင်း သိရသည်။

အဆိုပါ အလယ်လျှိုရွာ အနီးအနားရှိ အိုင်ပေါက်ကြီး၊ ပင်တင်း၊ ကွမ်းတိုင်း၊ ညောင်ကန်၊ ယောက်သွားအိုင်၊ ထနောင်းကိုင်းလေး၊ ကုလားလူးနှင့် ကန့်ဘလူ မြို့နယ်ဘက်မှ သောက်ကန်၊ ရွာသစ်၊ တင်ငုတ်ကြီး စသည့် ကျေးရွာ ၁၀ ရွာခန့်မှ ပြည်သူ ၅၅၀၀ ကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင် နေရကြောင်း သိရသည်။

“စစ်ခွေး အင်အား ၁၀၀ ကျော်က ကန်ဘလူမြို့နယ် ချောင်းသာ၊ မြေမွန်၊ တရော်ကိုင်း စတဲ့ ကျေးရွာ တွေကိုမီးရှို့ပြီး ခင်ဦးမြို့နယ် အလယ်လျှိုကျေးရွာကို ဒီနေ့ နံနက်ပိုင်းမှာ ဒုတိယအကြိမ် ဝင်ရောက် မီးရှို့နေတယ်။ ကန့်ဘလူကွင်း ၉ ဘက်က ခွေးတွေပါ။ နောက်ထပ် စစ်ကြောင်းက မြစ်အရှေ့ဘက်က လာတဲ့ခွေးတွေကတော့ ညက ပဇီကြီး ပတ်ချာလည်အိပ်ပြီး အခု မလယ်ဘက်ဆင်းသွားတယ်” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။

အလယ်လျှိုကျေးရွာကို အကြမ်းဖက် စစ်တပ်က ပထမ အကြိမ် ဝင်ရောင် စီးနင်း မီးရှို့မှုကြောင့် အိမ်ခြေ ၃၀၀ကျော် ပြာကျခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article