37 C
Yangon

ဘီးလင်းမြို့နယ်၊ သပြေနီရွာအနီးရှိ စစ်တပ် သံတံတားဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

Must read

ဘီးလင်းမြို့နယ်၊ သပြေနီရွာအနီးရှိ စစ်တပ် သံတံတားဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၃၀

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ သပြေနီကျေးရွာအနီးရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ သံတံ တားဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတော်လှန်‌ရေးအင်အားစု – TPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဧပြီလ ၂၉ ရက် ညနေ ၆ နာရီ မိနစ် ၂၀ ခန့်က အကြမ်းဖက်စစ်သား ၁၀ ဦးခန့်ဖြင့် တပ်စွဲထား ပြီး လမ်းသွားလမ်းလာခရီးသွားပြည်သူများအပေါ် စစ်ဆေးငွေညှစ်တောင်းခံနေသော အကြမ်းဖက် စစ်သားကို ဒရုန်းဖြင့် ဗုံးသီး ၅ လုံးကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေပြီး ၂ ဦးဒဏ်ရာရှိ ခဲ့ကြောင်း သိရသည်။

“အဲဒီဂိတ်မှာက ၁၀ ကောင်လောက်တော့ အနည်းဆုံးရှိနိုင်တယ်၊ ခွေးသေဒဏ်ရာရတာတွေကို ကျိုက် ထိုသယ်သွားလား၊ ဘီးလင်းသယ်သွားလား ဘယ်ကိုသယ်သွားလဲဆိုတာ မသိရဘူး၊ ၂ ကောင်သေတယ်၊ ၂ ကောင်ဒဏ်ရာရတယ်လို့ပဲ သိရတယ်၊ အင်အားထပ်တိုးချတဲ့ သတင်းလဲ မကြားရသေးဘူး” ဟု သထုံ မြို့နယ် ပြည်သူ့ကာကွယ်ရေးတော်လှန်‌ရေးအင်အားစု – TPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတော်လှန်‌ရေးအင်အားစု – TPDF အဖွဲ့၊KNLA၊ PDF ၊ PPDF-KD၊ KRF ၊ ဘီးလင်း(ပကဖ) နှင့် ကျိုက်ထို(ပကဖ) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article