26.9 C
Yangon
spot_img

CATEGORY

News

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲကို တောင်ကိုရီးယားနိုင်ငံ ဒယ်ဂူးမြို့တွင် ကျင်းပ

ရန်ကုန်၊ ဇွန် ၂၀ ယမန်နေ့ ဇွန်လ ၁၉ ရက်တွင် ကျရောက်သော လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ ၇၇ နှစ်မြောက် မွေးနေ့ ဂုဏ်ပြုအခမ်းအနားကို တောင်ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့တွင် ဒယ်ဂူးဆရာတော်မှ ဦးဆောင်ကာ ကျင်းပခဲ့သည်။အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာချမ်းသာစေခြင်း၊ လူထုခေါင်းဆောင်နှင့်အတူ သမ္မတကြီး၊ နိုင်ငံရေးအကျင်းသားများပြန်လည်လွတ်မြောက်ရေး၊ စစ်အာဏာသိမ်းခံရပြီး စကစ၏မတရားပစ်သတ်ခံရကာကွယ်လွန်သွားသောသူရဲကောင်းတို့အားကောင်းရာဘုံဘဝရောက်ပါစေခြင်းဆုတောင်အမျှဝေခြင်း...

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ပြုလုပ်သော လူထုခေါင်း ဆောင် ဒေါ်အောင်ဆန်း စုကြည် မွေးနေ့ပွဲ ဂျပန်ရောက် မြန်မာ ပြည်သူ ၂၀၀၀ နီးပါးတက် ၊ ရရှိသော ရန်ပုံငွေများကို စစ်ဘေးရှောင် ပြည်သူများထံ တိုက်ရိုက်လှူဒါန်းမည်

ရန်ကုန်၊ ဇွန် ၂၀ ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ဇွန်လ ၁၉ ရက်နေ့ ကျင်းပ ပြုလုပ်ခဲ့သော လူထု ခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲ တက်ရောက်သူ ၂၀၀၀ ကျော် ရှိကြောင်း သိရှိရသည်။ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၇ နှစ်ပြည့် ...

ရေတာရှည်မြို့ အမှတ် ၄ အုပ်ချုပ်ရေးမှူး ဝင်းနိုင် ပစ်ခတ်ခံရပြီး သေဆုံး၊ ရေနီမြို့ ဝါးရုံလဲ ကျေးရွာတွင်လည်း ကျေးရွာအုပ်ချုပ်ရေးမှူး အပစ်ခံရ

ရန်ကုန်၊ ဇွန် ၂၀ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့ အမှတ် (၄) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဝင်းနိုင်သည် ဇွန်လ ၁၉ ရက်နေ့ ရေတာရှည်မြို့ရှိ ၎င်း၏ ကွမ်းယာဆိုင်ဘေးတွင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံ များထံမှ သိရှိရ သည်။ ရေတာရှည်မြို့နယ် အမှတ် (၄)...

စစ်ကိုင်းတိုင်းနှင့်မန္တလေးတိုင်းမှ မဟာမိတ် PDF အဖွဲ့ ၃၈ ခုစုပေါင်း၍ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကျင်းပ

ရန်ကုန်၊ ဇွန် ၂၀ စစ်ကိုင်းတိုင်းနှင့်မန္တလေးတိုင်းမှ မဟာမိတ် PDF အဖွဲ့ ၃၈ ခုစုပေါင်း၍ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် မွေးနေ့ ကျင်းပကြောင်း သိရှိရသည်။ဇွန်လ ၁၉ ရက်နေ့ နံနက် (၁၀) နာရီတွင် ‌နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၇ နှစ်ပြည့် မွေးနေ့အခမ်းအနားကို...

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဆွီဒင်တွင် ဆွမ်းကပ်

ရန်ကုန်၊ ဇွန် ၂၀ လူထုခေါင်းဆောင် အမေဒေါ်အောင်ဆန်းစုကြည်၏ (၇၇)နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်ပွဲကို ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့တွင် ဆွမ်းကပ် ကျင်းပပြုလုပ် သည်။ထိုသို့ကျင်းပရာတွင် ဆရာတော်သံဃာတော်ကမေတ္တာသုတ်တရားတော်များရွတ်ဖတ်ခြင်း ၊ SMSC အဖွဲ့သားများက အာရုံဆွမ်း ၊ နေ့ဆွမ်းများ ကပ်လှူကြခြင်း မွေးနေ့ပွဲသို့ ကြွရောက်လာကြသော ဧည့်သည်တော်များအား ဧည့်ခံကျွေးမွေးခြင်း ၊...

အမေရိကန်၊ နယူးယောက်တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ မွေးနေ့ အထိမ်းအမှတ်ပွဲ ကျင်းပ၊ ကဗျာဆရာကြီး မောင်စွမ်းရည်၊ သံအမတ် ကြီး ဦးကျော်မိုးထွန်း၊ ပန်ဆယ်လို အပါအဝင် တက်ရောက်သူ ၁၀၀၀ နီးပါး ရှိ

ရန်ကုန်၊ ဇွန် ၂၀ အမေရိကန်၊ ပြည်ထောင်စု၊ နယူးယောက်တွင် NYCBC (New York City Burmese Community) နှင့် H2B (Helping Hands for Burma) အဖွဲ့တို့က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၇၇) နှစ်မြောက် မွေးနေ့ အထိမ်း...

မတ္တရာမြို့နယ်တွင် ဒေသခံ ပြည်သူများ ဦးဆောင်ကာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ညသပိတ် ပြုလုပ်

ရန်ကုန်၊ ဇွန် ၁၉ မန္တလေးတိုင်း မတ္တရာမြို့နယ်တွင် ဒေသခံ ပြည်သူများ ဦးဆောင်ကာ ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် ၂၂ နှစ်ပြည့် မွေးနေ့ အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆားလင်းကြီးတွင် ကျောင်းသား ပြည်သူများ ဦးဆောင်ကာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ညသပိတ် ပြုလုပ်

ရန်ကုန်၊ ဇွန် ၁၉ ဆားလင်းကြီးတွင် ကျောင်းသား ပြည်သူများ ဦးဆောင်ကာ ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ညသပိတ် ပြုလုပ် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲ အခမ်းအနားပြုလုပ်

ရန်ကုန်၊ ဇွန် ၁၉ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဖရပဒယ် ဝပ်ချုံး ဘုန်းကြီး ကျောင်းတွင် ပြည်ပရောက် မြန်မာနိုင်ငံသားများက ဒေါ်အောင်ဆန်းစုကြည် ၇၇ နှစ်ပြည့် မွေးနေ့ပွဲ အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနား ပြီးဆုံးချိန် မွန်းလွဲပိုင်းတွင် နွေဦးတော်လှန်ရေး ရန်ပုံငွေ ဘောလုံးပွဲနှင့်...

ကျားဖြူတပ်ဖွဲ့ တပ်ခွဲ ၁ တွင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ဆုတောင်းပွဲ ဆီမီးထွန်း ညသပိတ် ပြုလုပ်

ရန်ကုန်၊ ဇွန် ၁၉ ကျားဖြူ တပ်ဖွဲ့ တပ်ခွဲ ၁ တွင် ယနေ့ ဇွန်လ ၁၉ ရက်နေ့၌ ဒေါ်အောင်ဆန်းစုကြည် ၇၇ နှစ်ပြည့် မွေးနေ့ ဆုတောင်းပွဲ ဆီမီးထွန်း ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

Latest news

- Advertisement -spot_img