33 C
Yangon

ရေစကြိုတွင် စစ်ကား ၁ စီးကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၃ ဦး ဒဏ်ရာရ

Must read

ရေစကြိုတွင် စစ်ကား ၁ စီးကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၃ ဦး ဒဏ်ရာရ

ရန်ကုန်၊ ဧပြီ ၂၀

မကွေးတိုင်း၊ ရေစကြိုမြို့မှ ထွက်လာသော အကြမ်းဖက်စစ်တပ် ၁၂ ဘီးကားတစ်စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဧပြီလ ၂၀ ရက် နံနက် ၇ နာရီခွဲခန့်က ရေစကြိုမြို့ပြင်ရှိ ခမရ ၂၅၈ တပ်အတွင်းမှ ရေစကြိုမြို့ အတွင်းသို့ ထွက်လာသော အကြမ်းဖက်စစ်တပ် ၁၂ ဘီးကားတစ်စီးကို ရေစကြိုမြို့အထွက် ဘက်စုံ ကွေးအနီးအရောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ၆ လုံးတွဲမိုင်းဖြင့် အတွဲလိုက်ဖောက်ခွဲတိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိနိုင်ကြောင်း သိရသည်။

“ရေစကြိုမြို့ထဲကို အင်အားတိုးချဖို့ ထွက်လာတဲ့ကားပါ၊ ရေစကြိုမြို့ပေါ်မှာလဲ အင်အားတွေ အများ ကြီးချတယ်၊ ကျနော်တို့မြို့ပေါ်မှာက လှုပ်ရှားမှုများတော့ နယ်မြေကျုံ့သွားလို့ အင်အားတွေတိုးချနေ တယ်လို့ ယူဆတယ်၊ မိုင်းခွဲပြီးတော့ ပြန်ပစ်မတော်မပစ်နိုင်ဘူး၊ တခါတည်းမောင်းပြေးသွားတာ၊ သေဆုံးမှုကတော့ အတည်မပြုနိုင်သေးပါဘူး” ဟု ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article