24.3 C
Yangon
spot_img

CATEGORY

News

ဂျွန်ဟော့ကင်းတက္ကသိုလ်ပါမောက္ခက မြန်မာစစ်ကောင်စီကို တရားဝင်မှု ပေးအပ်နေမှုအား တားမြစ်ရန် လိုအပ်

ရန်ကုန်၊ ဇွန် ၁၃ အမေရိကန်အခြေစိုက် ဂျွန်ဟော့ကင်းတက္ကသိုလ် ပါမောက္ခတစ်ဦးဖြစ်တဲ့ ကားလ်ဒီဂျက်ဆင်က စစ်ကောင်စီ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (ယူအီးစီ) ဥက္ကဌ သိန်းစိုးနဲ့ အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။ စစ်ကောင်စီရဲ့ ယူအီးစီဟာ အမေရိကန်နိုင်ငံက အရေးယူ ဒဏ်ခတ်ပိတ်စို့ထားတဲ့ အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒီအစည်းအဝေးက ရင်းနှီးပျုငှါတဲ့...

ဝက်လက်မြို့နယ်၊ တမာကုန်းရွာကို စစ်တပ်က မီးတင်ရှို့နေပြီး အမျိုးသမီး ၅ ဦးကို ရွာထဲတွင် ဖမ်းဆီးထား

ရန်ကုန်၊ ဇွန် ၁၃ စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် တမာကုန်းရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ဇွန်လ ၁၃ ရက်နေ့ ညနေ ၄ နာရီကျော်ခန့်တွင် ဝင်ရောက် စီးနင်း မီးရှို့နေပြီး ကျေးရွာနေပြည်သူ အမျိုးသမီး ၅ ဦးကို ရွာထဲ၌ ဖမ်းဆီးထားကြောင်း ဒေသခံ ပြည်သူများက...

လပြည့်နေ့၊ မန္တလေး၊ ပြည်ကြီးတံခွန်တွင် ဂရန်မရှိသော အိမ်မှန်သမျှ ကျူးကျော်ဟုဆိုကာ အိမ်ကြီး အိမ်ကောင်း ရာပေါင်းများစွာကို စစ်တပ်က ထပ်မံဖျက်ဆီး

ရန်ကုန်၊ ဇွန် ၁၃ မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဋ ရပ်ကွက်၊ အပိုင်း ၇ ရှိ ပြည်သူပိုင် နေအိမ်များကို အကြမ်းဖက် စစ်တပ်နှင့် ရဲများက ဂရန်မရှိသော အိမ်မှန်သမျှ ကျူးကျော်များဟု အမည် တပ်ကာ ဇွန်လ ၁၀ ရက်နေ့ နံနက်ပိုင်းမှ...

ထန်းတပင်မြို့နယ်၊ ဇရပ်ကြီး အခြေစိုက် ခလရ ၇၃ ကို KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်၊ စစ်သား ၃ ဦးသေဆုံးပြီး ဒဏ်ရာရသူများလည်း ရှိ

ရန်ကုန်၊ ဇွန် ၁၃ ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၇၃ တပ်ရင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် PDF ပူးပေါင်းအဖွဲ့က ယမန်‌နေ့ ဇွန်လ ၁၂ ရက် ည ၉ နာရီဝန်းကျင်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၃...

မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသတွင် စစ်တပ်၊ ပျူစောထီး ပူးပေါင်းအဖွဲ့နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်၊ လက်ပံတောနှင့် ကုန်းမော်ကျေးရွာ ၂ ရွာကို စစ်သားများက မီးတင်ရှို့၊ တန်ဖိုးရှိပစ္စည်းများကို ကျော်ရွာမှ ပျူစောထီးများက ခိုးယူသယ်ဆောင်သွား

ရန်ကုန်၊ ဇွန် ၁၃ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသရှိ လက်ပံတောကျေးရွာနှင့် ကုန်းမော်ကျေးရွာအနီးတွင် အကြမ်းဖက်စစ်တပ်၊ ပျူစောထီး ပူးပေါင်းအဖွဲ့နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များကြား ယနေ့ ဇွန်လ ၁၃ ရက် နံနက်တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သားများက ကျေးရွာများကို မီးတင်ရှို့ ဖျက်ဆီးခဲ့ခြင်းကြောင့် အိမ်ခြေ ၁၂၀ နီးပါး...

သရက် အထက ၂ တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးစာသားများ တွေ့ရှိ၍ ကျောင်းသားမိဘများကို စစ်တပ်ကခေါ်ယူ သတိပေး၊ သရက်ခရိုင်ထွေ/အုပ်ရုံးတွင် ဗုံးကွဲ

ရန်ကုန်၊ ဇွန် ၁၃ မကွေးတိုင်း၊ သရက်မြို့နယ် အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး စာသားများတွေ့ရှိ၍ စစ်တပ်နှင့်အာဏာပိုင်များက ကျောင်းသားများမိဘများကို ယနေ့ ခေါ်ယူသတိပေးကြောင်း သိရှိရသည်။ ဇွန်လ ၁၃ ရက်နေ့ နံနက်ပိုင်း အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းနံရံတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး...

ခင်ဦးတွင် စစ်တပ်က ပြည်သူ ၂ ဦးကို လူသားဒိုင်း ပြုလုပ်ပြီး ပစ်သတ်၊ ကြို့ကန်ရွာကို မီးရှို့နေစဥ် မိုင်းဆွဲခံရပြီး စစ်သားနှင့် ပျူစောထီး ၁၈ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၁၃ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် မြေနီသျှိုလမ်းဆုံအနီးတွင် အကြမ်းဖက် စစ်တပ်က ဇွန်လ ၁၁ ရက်နေ့တွင် ပြည်သူ ၂ ဦးကို လူသားဒိုင်းအဖြစ်အသုံးပြုကာ ဖမ်းဆီး ပစ်သတ်ခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ အကြမ်းဖက် စစ်တပ်သည် ခင်ဦးမြို့နယ် မြေနီသျှိုလမ်းဆုံအနီးတွင်...

ဆားလင်းကြီးမြို့နယ်၊ လင်းစားကျက်ရွာကို စစ်တပ်က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၁ဝဝ ကျော်ကို ဖမ်းဆီးထား၊ ဘုတလင် မောင်းထောင်ရွာရှိ နေအိမ် ၄ လုံးကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဇွန် ၁၂ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လင်းစားကျက်ရွာကို အကြမ်းဖက် စစ်တပ်က ဇွန်လ ၁၂ ရက်နေ့တွင် ဝင်ရောက် စီးနင်း မီးရှို့ပြီး ပြည်သူ ၁ဝဝ ကျော်ကို ကျေးရွာ ဘုန်းကြီးကျောင်းတွင် ဖမ်းဆီးထားကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ ...

ရေစကြိုမြို့နယ်၊ ပခန်းကြီးရဲစခန်းမှ ရဲတပ်သား ၁ ဦး G3 သေနတ် ၁ လက်နှင့်အတူ အလင်းဝင်

ရန်ကုန်၊ ဇွန် ၁၃ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ပခန်းကြီးရဲစခန်းမှ တပ်သား ၁ ဦးသည် G3 အမျိုးအစား သေနတ် ၁ လက်၊ ကျည်အိမ် ၂ ခု၊ ကျည်ဆံ ၁၀၀ တောင့်နှင့်အတူ ဒေသကာကွယ်ရေးအဖွဲ့ ၁ ဖွဲ့ဖြစ်သည့် Young Force...

ပခုက္ကူနှင့် ဆိပ်ဖြူ အစပ်ရှိ ယောချောင်း တစ်လျောက် ကျေးရွာများကို စစ်တပ်က စီးနင်းနေသောကြောင့် ပြည်သူ ၃ သောင်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးရ

ရန်ကုန်၊ ဇွန် ၁၃ မကွေးတိုင်း၊ ပခုက္ကူနှင့် ဆိပ်ဖြူမြို့နယ် အစပ်ရှိ ယောချောင်း တစ်လျောက် ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဇွန်လ ၈ ရက်နေ့မှ စတင်ကာ ဝင်ရောက် စီးနင်းနေသောကြောင့် ပြည်သူ ၃ သောင်းကျော်သည် အိုးအိမ်များကို စွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံပြည်သူများထံမှ...

Latest news

- Advertisement -spot_img