29.6 C
Yangon

ရန်ကုန်ဆီဆိုင်တချို့ ပိတ်သိမ်းမှုနှင့် ဆီပြတ်လပ်မှု ကြုံတွေ့နေရ ၊ ကားများ ၁ နာရီခန့် အကြာ တန်းစီ ဝယ်ယူနေရ

Must read

ရန်ကုန်ဆီဆိုင်တချို့ ပိတ်သိမ်းမှုနှင့် ဆီပြတ်လပ်မှု ကြုံတွေ့နေရ ၊ ကားများ ၁ နာရီခန့် အကြာ တန်းစီ ဝယ်ယူနေရ

ရန်ကုန်၊ ဧပြီ ၁၀

ရန်ကုန်တိုင်းအတွင်းရှိ စက်သုံးဆီအရောင်းဆိုင်တချို့ ယာယီ ပိတ်သိမ်းထားမှု၊ ဆီမရှိတော့၍ မရောင်းချတော့မှုတို့ကြောင့် လက်ရှိ စက်သုံးဆီများ တိုးဝှေ့ ဝယ် ယူနေရကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

“တချို့ဆိုင်တွေက သင်္ကြန် ကာလ ဝန်ထမ်းတွေ ပြန်မှာမို့ ပိတ်တယ်လို့ ပြော တယ်။ တ ချို့ ဆိုင်တွေက 92 မရှိတော့လို့ ၊ 95 မရှိတော့လို့ ဆိုပြီး ခဏ ပိတ် ထားတယ်။ ဆီ ကားဝင်လာရင် ပြန်ဖွင့်မယ်ပြောတယ်။ ဆီဆိုင်တွေမှာတော့ ကား တွေ အ များစုတော့ တန်းစီပြီး ဝယ်နေရတယ်။ လိုသလောက် မရတဲ့ ဆိုင်တွေ ရှိသလို လိုသလောက် ရတဲ့ဆိုင်လည်းရှိတယ်။ ဒါတောင် ကားတွေ တော်တော် များ များက ရန်ကုန်ကနေ ခရီးထွက်သွားကြတာတောင် တိုးဝှေ့ ဝယ်နေရတာ” ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောသည်။

လက်ရှိ စက်သုံးဆီစျေးနှုန်းမှာ 92 ဓာတ်ဆီတစ်လီတာ ၂၂၅၀ ကျပ်၊ 95 ဓာတ် ဆီ တစ်လီတာ ၂၃၁၅ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၁၅၀ ကျပ်၊ ပရီမီယံ ၂၂၃၀ ကျပ် စစ်ကောင်စီက သတ်မှတ်ထားကြောင်း သိရှိရသည်။

“ဆီစျေးက အကျမရှိဘူး။ အခုနောက်ပိုင်း အတက်ကြီးချည်းပဲ။ ဒါတောင် လို သလောက်မရတဲ့အပြင် ဆီပြတ်လပ်မှုဖြစ်မယ်ဆိုတာကလည်း သတင်း တွေက အရမ်းထွက်တယ်။ အနည်းဆုံး ဆီတစ်ခါထည့်ရင် ရှစ်သောင်း ၁ သိန်းက ရှော ကနဲ ထွက်တာ” ဟု ရန်ကုန်မြို့ ကုန်သည်တစ်ဦးက ဆိုသည်။

ရန်ကုန်မြို့တွင် လျှပ်စစ်မီးပြတ်တောက်မှုများ အလွန်ဆိုးဝါးလာနေပြီး နေ့စဉ် လျှပ်စစ်မီး ၃ နာရီဝန်းကျင်သာရရှိကြောင်း၊ အချိန်အများစုမှာ မီးစက် နှိုးနေ ရသော်လည်း ဒီဇယ်ဆီ ဝယ်မရသည့် အခြေအနေ ဖြစ်နေကြောင်း ပြည်သူ တချို့ က ပြောဆိုကြသည်။

“အပြင်မှာ ဒီဇယ်ဆီ လိုက်ဝယ်နေရတယ်။ ဝယ်ရတာလည်း အရမ်းကိုခက် တယ်။ မီးကလည်း တစ်ရက်လုံးလုံးကို ပြတ်တာ။ လာလည်း ခဏပဲ လာပြီး ပြန်ပြတ်တော့ အတော်ကို အခြေအနေဆိုးတယ်။ ဒီဇယ် တစ်ဂါလံကို ၁ သောင်း ကျော်လောက်ကို မှောင်ခိုစျေးကွက်ပေးဝယ်နေရတာ။ ကိုယ်က ဆိုင် ဆိုတော့ မီးစက်က မနှိုးလို့လည်းမရဘူး” ဟု ရန်ကုန်မြို့ လက်ဖက် ရည် ဆိုင် ပိုင်ရှင်တစ်ဦးက ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီက လျှပ်စစ်မီး ပြတ်တောက်မှုများ၊ ဒီဇယ်ဆီနှင့် ပရီမီ ယံ ဒီဇယ်ဆီ ပြတ်တောက်သည့် သတင်းများနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ ထုတ်ပြန် ပြောဆိုရှင်းလင်းခြင်းမရှိဘဲ လျစ်လျူရှုထား ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article