30.5 C
Yangon

တကောင်းတိုက်နယ်၊ ညောင်ကုန်းရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၁၀ ဦးကျော်သေဆုံး၊ အထိနာသောစစ်တပ်က ညောင် ကုန်းရွာနေအိမ်များကို မီးရှို့ဖျက်ဆီး

Must read

တကောင်းတိုက်နယ်၊ ညောင်ကုန်းရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၁၀ ဦးကျော်သေဆုံး၊ အထိနာသောစစ်တပ်က ညောင် ကုန်းရွာနေအိမ်များကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဧပြီ ၁၀

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ညောင်ကုန်းရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သား ၁၀ ဦး ကျော်သေဆုံးကာ အထိနာသော အကြမ်းဖက်စစ်တပ်က ညောင်ကုန်းရွာရှိနေအိမ်များကို မီးရှို့ဖျက်ဆီးသွားကြောင်း တကောင်းပကဖ မှတာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြား သည်။

မတ်လ ၂၈ ရက်နေ့က ကျောက်စိမ်းကားတန်းများဖြတ်မည့်လမ်းကြောင်းကို ကြိုတင်လုံခြုံရေးယူရန် တကောင်းမြို့မှ ကင်းလှည့်စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်သား ၆၀ ခန့်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ၄၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး အ ကြမ်း ဖက်စစ်သား ၁၀ ဦးကျော်သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“အဲတုန်းက ကျောက်စိမ်းကားတန်းမဖြတ်သေးဘူး၊ ဖြတ်တဲ့အချိန်မှာ PDF တွေလမ်းကြောကို ကပ်မှာ ထင်ပြီး တကောင်းကနေ စစ်ကြောင်းထွက်လာတာ၊ ညောင်ကုန်းရွာ ဝင်ဝင်ချင်းမှာပဲ ကျနော်တို့နဲ့ တိုက်ပွဲဖြစ်တာ၊ တိုက်ပွဲဖြစ်မှာကို ကြိုသိလို့ ရှောင်ခိုင်းထားတဲ့အတွက် တခြားရွာသားတွေအားလုံးက ရှောင်နေကြတယ်၊ရွာသားနှစ်ယောက်အိမ်ကို စိတ်မချလို့ ဆိုပြီး ပြန်လာတာ၊ အဲနှစ်ယောက်တော့ အတိုနဲ့ အပစ်ခံရတယ်၊ လက်မောင်းထိပြီး ကံကောင်းလို့ မသေတာ” ဟု တကောင်းပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို တကောင်းပကဖ၊ ABSDF၊ လျှပ်စီးပျောက်ကြားတပ်အဖွဲ့(ရပ်ကျေးပကဖ)တို့ ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီးပစ်ကူသမားကို RPG ဖြင့် ပစ်ခတ်ခဲ့ရာ ခါးတစ်ပိုင်းပြတ် သေဆုံးသွားကြောင်း၊ အထိနာသွားသော အကြမ်းဖက်စစ်တပ်က ညောင်ကုန်းရွာအတွင်းရှိ ပြည်သူ့နေအိမ် ၁၅ လုံးခန့်ကို မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article