26.1 C
Yangon
spot_img

CATEGORY

News

ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက်တွင် အသက် ၃၀ အရွယ်အမျိုးသားတစ်ဦး ပစ်သတ်ခံရပြီး ဖားကန့်မြို့ခံ လူငယ် ၄၀ ခန့်ကို စစ်တပ်က ဖမ်းဆီးထား

ရန်ကုန်၊ စက်တင်ဘာ ၁ ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက်၊ သုခဆေးခန်းအနီးတွင် အသက် ၃၀ အရွယ် အမျိုးသားတစ်ဦး ပစ်ခတ်ခံထားရကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။ ယနေ့ စက်တင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်း ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက်၊ သုခဆေး ခန်းအနီး တွင်...

ကလေးဝမြို့နယ်တွင် စစ်တပ်ထုတ်ကုန် ဒဂုံဘီယာဖာ ၄၅၀ တင်ဆောင်လာသော ကားကို ဖမ်းဆီးပြီး ဘီယာများအားလုံးကို ဖျက်ဆီး

ရန်ကုန်၊ စက်တင်ဘာ ၁ စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ထုတ်ကုန် ဒဂုံဘီယာဖာ ၄၅၀ တင်ဆောင်လာသော ကားကို ဖမ်းဆီးပြီး ဘီယာများအားလုံးကို ဖျက်ဆီးလိုက်ကြောင်း က​လေးခရိုင် ပကဖ ခရိုင်တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဩဂုတ်လ ၂၅ ရက်နေ့ ကလေးဝမြို့နယ် အတွင်းရှိ လမ်းပိုင်းတနေရာတွင်...

တောင်ငူမြို့နယ်၊ ပဒဲရွာမှ ထွက်လာသော စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၁၀ ဦး သေဆုံးဟုဆို

ရန်ကုန်၊ စက်တင်ဘာ ၁ ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ပဒဲကျေးရွာမှ ထွက်လာသော စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း ဝရဇိန်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဩဂုတ်လ ၃၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် တောင်ငူမြို့နယ်၊...

မော်လိုက်မြို့ ၊ထော်သာကျေးရွာတွင် စစ်တပ်က ရိက္ခာမထောက်ပံ့ဘဲ ပစ်ထားခဲ့၍ လချီ ငတ်ပြတ်ခဲ့ရပြီး PDF က ဖမ်းမိသောအခါမှ စစ်သုံ့ပန်း စစ်သား၊ ပျူစောထီးနှင့်မိသားစုဝင် ၂၀၀ နီးပါး အစာ ၀လင်စွာစားရ

စစ်သားနှင့်ပြည်သူ့စစ်များအားလုံး လက်နက်ချ အလင်းဝင်ကြရန် စစ်သုံ့ ပန်းများ နှင့် မိသားစုများက တညီတညွတ်တည်း တိုက် တွန်း ရန်ကုန်၊ စက်တင်ဘာ ၁ စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့ ၊ထော်သာကျေးရွာတွင် စစ်တပ်က ရိက္ခာမထောက် ပံ့ဘဲ ပစ် ထားခဲ့၍ လချီ ငတ်ပြတ်ခဲ့ရပြီး PDF က ဖမ်းမိသောအခါမှ...

ကန့်ဘလူတွင် စစ်တပ်က စစ်ဘေးရှောင် လင်မယား ၂ ဦးကို ရက်ရက်စက်စက် သတ် ဖြတ်ခဲ့ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ စက်တင်ဘာ ၁ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်တပ်က စစ်ဘေးရှောင် လင်မယား ၂ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပြီး နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဩဂုတ်လ ၃၁ ရက် နံနက် ၈ နာရီ ၃၀...

ကနီမြို့နယ်၊သမင်ခြံစံပြကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲမှု သက်ကြီးပိုင်း အမျိုးသမီး ၁ ဦးသေဆုံး၊ ရေစကြိုမြို့နယ်သို့ လေယာဉ်ဖြင့် ဗုံးကျဲမှုမှလည်း ဒဏ်ရာရရှိသူတချို့ သေဆုံးသဖြင့် သေဆုံးသူ ၄ ဦးအထိရှိလာ

ရန်ကုန်၊ စက်တင်ဘာ ၁ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊သမင်ခြံစံပြကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲချသဖြင့် သက်ကြီးပိုင်း အမျိုးသမီး ၁ ဦးသေဆုံးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဩဂုတ်လ ၃၁ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန် ကနီမြို့နယ်၊ သမင်ခြံစံပြကျေးရွာသို့ စစ်တပ်က...

စစ်အုပ်စု၏ ရွေးကောက်ပွဲ ဂျပန်အစိုးရ လက်မခံ၊ ပြင်းထန်သော ဆန့်ကျင်မှုများ ဖြစ်ပေါ်စေမည့်အပြင် ငြိမ်းချမ်းစွာ ဖြေရှင်းရေး ပိုမို ခက်ခဲစေမည်ဟု သတိပေး

ဒေါ်အောင်ဆန်းစုကြည်နှင့် ဖမ်းဆီးထားသူများကို လွှတ်ရန် ဂျပန်အစိုးရ တောင်းဆို ရန်ကုန်၊ စက်တင်ဘာ ၁ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လူအများအပြားကို ဖမ်းဆီးပြီး စစ်တပ်က ရွေးကောက်ပွဲ ပြုလုပ်ရန် စီစဉ်မှုမှာ မြန်မာပြည်သူများ၏ ပြင်းထန်သော ဆန့် ကျင် တုံ့ ပြန်မှုများ ဖြစ်ပေါ်စေမည့်အပြင် မြန်မာ့အရေး ငြိမ်းချမ်းစွာ...

ကုန်တွင်းပိတ် တရုတ်တောင်ပိုင်းအတွက် မြန်မာနိုင်ငံမှတစ်ဆင့် အိန္ဒိယသမုဒ္ဒရာသို့ ပင်လယ်ထွက် ပေါက် ဖန်တီးပေးမည်ဟု မင်းအောင်လှိုင်က ကမ်းလှမ်း၊ ရခိုင်နှင့်တရုတ်သို့ ဆက်သွယ်မည့် ကျောက်ဖြူ -ကူမင်း ရထားလမ်းစီမံကိန်း အကောင် အထည်ဖော်ရန် တွန်းအားပေး

ရန်ကုန်၊ စက်တင်ဘာ ၁ မြန်မာနိုင်ငံက ကုန်းတွင်းပိတ်တရုတ်တောင်ပိုင်းပြည်နယ်များအတွက် အိန္ဒိယသမုဒ္ဒရာသို့ ပင်လယ်ထွက်ပေါက် ဖန်တီးပေးမည်ဟု မင်းအောင်လှိုင်က တရုတ်ကို ကမ်းလှမ်းလိုက်သည်။ ယမန်နေ့ ဩဂုတ်လ ၃၁ ရက်နေ့ တရုတ်စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံစဉ် မင်းအောင် လှိုင်က ထိုသို့ ကမ်းလှမ်းလိုက်ခြင်းဖြစ်သည်။ တရုတ်နိုင်ငံ၏ ကုန်တွင်းပိုင်း ပင်လယ်ထွက်ပေါက်မရှိသည့် တောင်ပိုင်းပြည်နယ်များကို မြန်မာနိုင်ငံမှ တစ်ဆင့် ပင်လယ်ထွက်ပေါက်...

မေတ္တာမြို့ နယ်မြေရဲစခန်းမှ ဒုရဲအုပ် ၁ ဦး သေနတ် ၁ လက်ယူဆောင်လာပြီး အလင်းဝင်လာ၍ ငွေကျပ်သိန်း ၅၀ ချီးမြှင့်

ရန်ကုန်၊ဩဂုတ် ၃၁ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် မေတ္တာမြို့ နယ်မြေရဲစခန်းမှ ဒုရဲအုပ် ၁ ဦး သေနတ် ၁ လက်ယူဆောင်လာပြီး အလင်းဝင်လာ၍ ငွေကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့ကြောင်း ဒူရက စစ်ကြောင်း အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ဩဂုတ် ၂၉ ရက်နေ့တွင် ထားဝယ်မြို့နယ်၊ မေတ္တာ...

ပေါက်မြို့နယ် အရှေ့ပိုင်းရှိ ကျေးရွာများကို စစ်တပ်က Y-12 လေယာဉ်ဖြင့် ၆ ကြိမ် ဗုံးကျဲ တိုက်ခိုက်၊ ကျောက်မဲတွင်လည်း စစ်တပ်က လက်နက်ကြီးများဖြင့် ယနေ့ ညပိုင်း ဆက်တိုက်ပစ်ခတ်နေ

ရန်ကုန်၊ ဩဂုတ် ၃၁ မကွေးတိုင်း၊ ပေါက်မြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က Y-12 လေယာဉ်ဖြင့် ၆ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း အညာမြေတပ်ပေါင်းစုမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဩဂုတ်လ ၃၁ ရက်နေ့ မွန်းလွဲ...

Latest news

- Advertisement -spot_img