26 C
Yangon
spot_img

CATEGORY

News

နတ်တလင်းနှင့် ဝက်လက်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ဒရုန်းများဖြင့် တိုက်ခိုက်မှု ပြည်သူ ၁၀ ဦး ထိခိုက်ဒဏ်ရာရကာ ၄ ဦး စိုးရိမ်ရပြီး ရွာလုံးကျွတ် ထွက်ပြေးနေရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၈ ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က ကျေးရွာများကို လက်နက်ကြီး၊ ဒရုန်းများဖြင့် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁၀ ဦး ထိခိုက်ဒဏ်ရာရပြီး ၄ ဦး စိုးရိမ်ရကာ ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလ...

မြန်မာ့နွေဦးတော်လှန်ရေးကို ထောက်ခံခဲ့သော နာမည်ကျော် DJ WUKONG မြန်မာနိုင်ငံသို့ ပြည်ဝင်ခွင့်ပိတ်ပင်ခံရပြီး ရန်ကုန်လေဆိပ်မှ လှည့်ပြန်ရ

DJ WUKONG ဖျော်ဖြေမည့် ရန်ကုန် Invasion Festival ဂီတပွဲစီစဉ်သော စစ်တပ်အသိုင်းအ၀ိုင်း၏ သားသမီးများကို စရဖက ခေါ်ယူစစ်ဆေး ပြန်လွှတ် ရန်ကုန်၊ ဖေဖော်ဝါရီ ၈ ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်မည့် Invasion Festival ဂီတပွဲတော်သို့ လာရောက် သီချင်းဆိုဖျော်ဖြေမည့် ကမ္ဘာကျော် DJ တစ်ဦးဖြစ်သူ...

ရွှေကူမြို့နယ်၊ ဧရာဝတီမြစ်ကမ်း တစ်လျှောက် ရွှေတူးဖော်ရေးလုပ်ငန်းများအားလုံး ရပ်ဆိုင်းရန် KIO က အမိန့်ထုတ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၈ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ ဧရာဝတီမြစ်ကမ်း တစ်လျှောက် ရွှေတူးဖော်ရေးလုပ်ငန်းများအားလုံး ရပ်ဆိုင်းရန် ကချင်လွတ်လပ်ရေး-KIO က အမိန့်ထုတ်ပြန်သည်။ ဖေဖော်ဝါရီ ၆ ရက်နေ့ ကချင်လွတ်မြောက်ရေးအစိုးရ၊ နောင်မွန်ခရိုင် ဗဟိုစီးပွားရေးဌာနက ရွှေကူမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ကမ်းတစ်လျှောက် လုပ်ကိုင်နေသည့် ရွှေတူးဖော်ရေးလုပ်ငန်းအားလုံးကို ချက်ချင်းရပ်ဆိုင်းရန် အမိန့်ထုတ်ပြန်လိုက်ကြောင်း၊ ရွှေတူးဖော်ရေး ပိတ်သိမ်းမည့်နေရာများတွင်...

မုံရွာ၊ နမခအနီး စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှုအတွင်း စစ်သား ၉ ဦး သေဆုံးပြီးနောက် စစ်တပ်က တိုက်ပွဲဖြစ်ပွားရာ အနီးအနားကျေးရွာများမှ လူငယ်များကို ရိုက်နှက်ဖမ်းဆီးစစ်ဆေးနေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၈ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်အနီး စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်မှုအတွင်း စစ်သား ၉ ဦး သေဆုံးပြီးနောက် စစ်တပ်က တိုက်ပွဲဖြစ်ပွားရာ အနီးအနားကျေးရွာများမှ လူငယ်များကို ရိုက်နှက်ဖမ်းဆီးစစ်ဆေးနေကြောင်းBlack Falcon Guerilla Forces တပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့...

တော်လှန်ရေး အောင်ပွဲ အဆုံးအဖြတ် ထိုးစစ်သို့ တက်လှမ်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဦးစီးချုပ် ညွှန်ကြား

ရန်ကုန်၊ဖေဖော်ဝါရီ ၈ စစ်အာဏာရှင် တော်လှန်ရေး အောင်ပွဲ အဆုံးအဖြတ် ထိုးစစ်သို့ တက်လှမ်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် ပြည်သူ့ကာ ကွယ်ရေးတပ်မတော် စစ်ဦးစီးချုပ်က မှာကြားလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင် သတင်းထုတ်ပြန်သည်။ NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ တပ်မှူးကြီးများ အစည်း အဝေး (၁/၂၀၂၆) တွင်...

နွားထိုးကြီးမြို့နယ်တွင် စစ်တပ်က မြ၀တီရွာ၊ ကျွန်းဒေါင့်၊ ဝက်လူးကျေးရွာများကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးပြီး စစ်ကြောင်းထိုးနေ၍ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၈ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် စစ်တပ်က မြ၀တီရွာ၊ ကျွန်းဒေါင့်၊ ဝက်လူးကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး စစ်ကြောင်းထိုးနေ၍ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စစ်ဘေးရှောင်ပြည်သူများက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလ ၆ ရက်နေ့နှင့် ဖေဖော်ဝါရီလ ၇ ရက်နေ့တို့တွင် အကြမ်းဖက်စစ်တပ်စစ်ကြောင်းက နွားထိုးကြီး မြို့နယ်၊...

မြန်မာဘက်အခြမ်း တိုက်ပွဲမှ နယ်မြေကျော် ကျရောက်လာသော ကျည်ဆန်ထိမှန်ခဲ့သည့် အသက် ၉ နှစ်အရွယ် ဘင်္ဂလားဒေ့ရှ် မိန်းကလေးငယ် ဒါကာမြို့တွင် ဆေးကုသမှုခံယူရင်း ကွယ်လွန်

ရန်ကုန်၊ ဖေဖော်ဝါရီ ၈ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နှင့်ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး မြန်မာဘက်မှ နယ်မြေကျရောက်လာသော ကျည်ဆန်ထိမှန်ခဲ့မှုကြောင့် ဒဏ်ရာရရှိခဲ့သော အသက် ၉ နှစ်အရွယ် ဘင်္ဂလားဒေ့ရှ် မိန်းကလေးငယ်မှာ ဆေးကုသမှုခံယူရင်း ဒါကာမြို့တွင် ယမန်နေ့ နံနက်ပိုင်း ကွယ်လွန်သွားကြောင်း ဘင်္ဂလားဒေ့ရှ်မှလာသောသတင်းများက ဆိုသည်။ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများမှ လွင့်စင်လာသော ကျည်ဆန်ထိမှန်ခဲ့သည့်...

ဖာပွန်ခရိုင်တွင် ဇန်နဝါရီလ အတွင်း တိုက်ပွဲ ၁၂၆ ကြိမ်ဖြစ်ပွားပြီး စစ်သား ၃၄ ဦး သေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၇ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်တွင် ဇန်နဝါရီလ အတွင်း တိုက်ပွဲ ၁၂၆ ကြိမ် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်သား ၃၄ ဦးသေဆုံးခဲ့ကြောင်း KNU မူတြော်ခရိုင်က ထုတ်ပြန်ထားသည်။ ဇန်နဝါရီလ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ ဖာပွန်ခရိုင်တွင် အကြမ်းဖက် စစ်တပ်နှင့်...

မြိုင်မြို့နယ် လင်းကတော ရဲစခန်းမှ စစ်မှုထမ်း တပ်သားသစ် ၁ ဦး သေနတ် ၁ လက် ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်

ရန်ကုန်၊ဖေဖော်ဝါရီ ၇ မကွေးတိုင်း၊ မြိုင်မြို့နယ် လင်းကတော ရဲစခန်းမှ စစ်မှုထမ်း တပ်သားသစ် ၁ ဦး သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သတင်းတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ယနေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင်...

နတ်တလင်း၊ ထီးလင်း၊ ဘားအံနှင့် ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ လေယာဉ်တို့ဖြင့် တိုက်ခိုက်မှု ပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာရရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၇ ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ် ကံသာယာကျေးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် ၁၁ နာရီမှ မွန်းလွဲ ၂ နာရီ...

Latest news

- Advertisement -spot_img