28 C
Yangon

မြန်မာဘက်အခြမ်း တိုက်ပွဲမှ နယ်မြေကျော် ကျရောက်လာသော ကျည်ဆန်ထိမှန်ခဲ့သည့် အသက် ၉ နှစ်အရွယ် ဘင်္ဂလားဒေ့ရှ် မိန်းကလေးငယ် ဒါကာမြို့တွင် ဆေးကုသမှုခံယူရင်း ကွယ်လွန်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၈

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နှင့်ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး မြန်မာဘက်မှ နယ်မြေကျရောက်လာသော ကျည်ဆန်ထိမှန်ခဲ့မှုကြောင့် ဒဏ်ရာရရှိခဲ့သော အသက် ၉ နှစ်အရွယ် ဘင်္ဂလားဒေ့ရှ် မိန်းကလေးငယ်မှာ ဆေးကုသမှုခံယူရင်း ဒါကာမြို့တွင် ယမန်နေ့ နံနက်ပိုင်း ကွယ်လွန်သွားကြောင်း ဘင်္ဂလားဒေ့ရှ်မှလာသောသတင်းများက ဆိုသည်။

မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများမှ လွင့်စင်လာသော ကျည်ဆန်ထိမှန်ခဲ့သည့် အသက် ၉ နှစ်အရွယ် ဘင်္ဂလားဒေ့ရှ် မိန်းကလေးငယ် ဟူဇိုင်ဖာ အက်ဖ်နန် (Huzaifa Afnan) သည် ဒါကာမြို့ရှိ အမျိုးသား အာရုံ ကြောဆိုင်ရာ ဆေးရုံ (National Institute of Neurosciences and Hospital – NINS)တွင် ၂၇ ရက်ကြာ ကုသမှုခံယူပြီးနောက် ယမန်နေ့နံနက် ၉ နာရီ ၄၅ မိနစ်ခန့်အချိန် ကွယ်လွန်သွားပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ မိန်းကလေးငယ်မှာ ဇန်နဝါရီလ ၁၁ ရက်နေ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဝေကောင်း (Whykong) ယူနီယံရှိ Teschi Bridge အနီးရှိ တွင် မြန်မာဘက်အခြမ်းမှ ဖြစ်ပွားနေသော တိုက်ပွဲများမှ နယ်မြေကျရောက်လာသော ကျည်ဆန်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း၊ ကလေးငယ်ကို စစ်တကောင်းဆေးရုံမှတစ်ဆင့် ဒါကာမြို့ရှိ အထူးကုဆေးရုံသို့ လွှဲပြောင်းကုသခဲ့သော်လည်း လည်ပင်းတွင် နစ်ဝင်နေသည့် ကျည်ဆန်ကို ဆရာဝန်များက ဖယ်ရှားနိုင်ခြင်း မရှိခဲ့ကြောင်း သိရှိရသည်။

ဆေးရုံမှ ပါမောက္ခ ဟူမာယွန် ကာဘီယာ (Humayun Kabir) က ကျည်ဆန်သည် ကလေးငယ်၏ လည်ပင်းရှိ ဦးနှောက်သို့ သွေးပို့လွှတ်သည့် သွေးကြောများကို ပျက်စီးစေခဲ့ကြောင်း၊ ထို့ကြောင့် ကလေးငယ်မှာ လေဖြတ်ခြင်း (Stroke) ဝေဒနာ ခံစားခဲ့ရပြီး ဦးနှောက်အတွင်း ဖိအားများ မြင့်တက်လာခဲ့ကြောင်း၊ ကလေးငယ်ကို အသက်ရှူစက် (Life Support) ဖြင့် ကုသပေးခဲ့သော်လည်း ယနေ့နံနက်ပိုငး နှလုံးခုန်ရပ်တန့်ကာ ကွယ်လွန်သွားခဲ့ကြောင်း သိရှိရသည်။

( The Daily Star သတင်းဌာနက ဖော်ပြထားသည့် Girl hit by stray bullet from Myanmar dies at NINS ကို ဘာသာပြန်ဖော်ပြပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article