26.3 C
Yangon
spot_img

CATEGORY

News

ရဲဘော် ၃၀‌ ကျော် အသက်ပေးဆပ်ထားပြီးဖြစ်၍ စစ်ကောင်စီတပ်များကို ဆက် လက် တိုက်ပွဲဝင်နိုင်ရေး ပြည်သူများ ကူညီကြရန် နဂါးညီနောင် ပျောက် ကျား တပ်ဖွဲ့က မေတ္တာရပ်ခံ

ရန်ကုန်၊ နိုဝင်ဘာ ၁၈ အကြမ်းဖက် စစ်ကောင်စီတပ်များကို တွန်းလှန်တိုက်ပွဲဝင်နိုင်ရေး ပြည်သူများ ကူညီ ကြရန် နဂါးညီနောင် ပျောက်ကျားတပ်ဖွဲ့မှ ခေါင်းဆောင် ဗိုလ်ပိုင်ကြီးက မေတ္တာ ရပ်ခံလိုက်သည်။ မကွေးတိုင်း၊ ပခုက္ကူတွင် အခြေစိုက်ထား‌သော နဂါးညီနောင် ပျောက်ကျား တပ်ဖွဲ့ သည် အကြမ်းဖက်စစ်ကောင်စီတပ် များကို တိုက်ခိုက်ရာတွင် တက်ကြွ...

ပခုက္ကူတွင် စစ်အင်အား ၆၀ ခန့်ပါသော စစ်ကား ၃ စီးကို ပဒေသာမိုင်း ၈ လုံး တွဲဖြင့် ဖောက်ခွဲတိုက်ခိုက်မှု စစ်သား ၂၀ ခန့် သေဆုံး၊ စစ်ကိုင်း၊ တလိုင်း ရွာမှ စစ်ကြောင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

ရန်ကုန်၊ နိုဝင်ဘာ ၁၈ မကွေးတိုင်း၊ ပခုက္ကူတွင် စစ်အင်အား ၆၀ ခန့်လိုက်ပါသော စစ်ကား ၃ စီးကို ပဒေသာမိုင်း ၈ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ စစ်သား ၂၀ ခန့်သေဆုံးကြောင်း ပခုက္ကူအခြေစိုက် နဂါးညီနောင်ပျောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက် ၃...

ခရမ်းတွင် ရိုးကြီးရွာအုပ်ချုပ်ရေးမှူး သန်းဌေး ပစ်ခတ်ခံရပြီး သေဆုံး၊ ပခုက္ကူ တွင် စစ်တပ်ထောက်ခံပွဲ ဦးဆောင်သူနှင့် စစ်ကိုင်းအုန်းတောမှ စစ်တပ် သတင်း ပေးဟု နာမည်ထွက်သူတို့ ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁၈ ရန်ကုန်၊ ခရမ်းမြို့နယ်၊ ရိုးကြီးရွာ အုပ်ချုပ်ရေးမှူး သန်းဌေးကို အမည်မသိ သေနတ်သမားများက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးသွားကြောင်း ခရမ်းဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ပြော ဆိုသည်။ နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ရိုးကြီးရွာ အုပ်ချုပ်ရေးမှူး...

အမျိုးသား ညီညွတ်ရေး အစိုးရမှ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် ပြိုင်ပွဲများ ပြုလုပ်ရန် အဖွဲ့ဝင်များ ဖိတ်ခေါ်

ရန်ကုန်၊ နိုဝင်ဘာ ၁၈ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)မှ မသန်စွမ်း သူများ နေ့ အထိမ်းအမှတ် ပြိုင်ပွဲများ ပြုလုပ်ရန် အဖွဲ့ဝင်များ ဖိတ်ခေါ်ထား​ကြောင်း သိရသည်။ နိုဝင်ဘာလ ၁၇ ရက်နေ့ ရက်စွဲဖြင့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် ပြိုင်ပွဲများအတွက် ပြိုင်ပွဲဝင်များ ဖိတ်ခေါ်ထား​ကြောင်း၊...

မကွေး လ.ဝ.က ရုံးနှင့် မန္တလေးတို့တွင် ဗုံးပေါက်ကွဲပြီး လူ ၁ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁၈ မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ မြတောင်ဘုန်းကြီး ကျောင်းအနီးတွင် နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်း ဗုံးပေါက်ကွဲမှုကြောင့် လူ ၁ ဦး ဗုံးစထိမှန် ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။ နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီ ၂၈...

စစ်ကိုင်းမြို့နယ်တွင် အိမ်ခြေ ၁၀၀၀ နီးပါးရှိသော တောင်ရင်းကျေးရွာကို စစ်တပ်က မီးတင်ရှို့သဖြင့် ပြည်သူ သောင်းချီ ထွက်ပြေးနေရ

ရန်ကုန်၊ နိုဝင်ဘာ ၁၈ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတောင်ရိုးအနီးရှိ အိမ်ခြေ ၁၀၀၀ နီးပါးရှိသော တောင်ရင်း ကျေးရွာကို စစ်တပ် က မီးတင်ရှို့သဖြင့် ပြည်သူသောင်းချီ ထွက်ပြေးနေရကြောင်း ဒေသခံပြည်သူ များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် အင်အား ၃၀၀...

ချောင်းဦး၊ ဒီးမော့ဆို၊ လားရှိုးတို့တွင် တိုက်ပွဲများဖြစ်ပြီး စစ်ကောင်စီတပ် ဘက် မှ ၂၄ ဦး သေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁၈ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကရင်နီပြည်နယ်၊ ဒီးမော့ဆို မြို့နယ်၊ ရှမ်း ပြည် နယ်၊ လားရှိုးမြို့နယ်တို့တွင် စစ်တပ်နှင့် ပြည်သူ့ ကာကွယ် ရေးတပ် များ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်များနှင့် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ တပ်ဘက်မှ ၂၄ ဦးသေဆုံးကြောင်း သက်ဆိုင်ရာ၏ ထုတ်ပြန်ချက်များအရ...

စစ်တပ်နှင့် အတိုက်အခံ နှစ်ဖက်စလုံးက အနိုင်ရမည်ဟု ယုံကြည်နေကြ၍ စေ့စပ် မဆွေးနွေးလိုဟု အာဆီယံ အထူးသံတမန်၏ အစီရင်ခံစာတွင်ဖော်ပြ၊ NUG နှင့်ထိတွေ့ဆက်ဆံရေး အပါအဝင် အချက် ၈ ချက် လုပ် ဆောင်ရန် အကြံ ပြုတိုက်တွန်း

ရန်ကုန်၊ နိုဝင်ဘာ ၁၈ စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော မြန်မာ့နိုင်ငံရေးအကျပ်အတည်းတွင် စစ်တပ်နှင့် တော်လှန်ရေးအဖွဲ့ နှစ်ဖက်စလုံးက အနိုင်ရမည်ဟု ယုံကြည်နေကြ၍ စေ့စပ်မဆွေးနွေးလိုကြခြင်းမရှိကြောင်း အာဆီယံ အထူးကိုယ်စား လှယ်၏ အစီရင်ခံစာတွင်ဖော်ပြလိုက်သည်။ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်အဖြစ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonnက ထမ်းဆောင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ အစီရင်ခံစာကို ယမန်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ လက်ရှိ...

စစ်ကိုင်း၊ တလိုင်းရွာကို စစ်တပ်က မီးတင်ရှို့နေပြီး ပြည်သူများ သောင်းချီ ထွက်ပြေးနေရ ၊ ခင်ဦးတွင်လည်း စစ်တပ်က ကျေးရွာများကို မီးရှို့ပြီး ပြည် သူများကို ဖမ်းဆီးသတ်ဖြတ်နေ၍ စစ်ဘေးသင့် ပြည်သူသောင်းချီ တိမ်းရှောင်ရ

ရန်ကုန်၊ နိုဝင်ဘာ ၁၈ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ တလိုင်းကျေးရွာကို ယနေ့နံနက်ပိုင်း စစ်တပ် က ဝင်ရောက်မီးရှို့နေပြီး စစ်ကိုင်းမြို့ နယ်ရှိ ကျေးရွာ ၂၀ မှ ပြည်သူ လူထု သောင်းချီ ထွက်ပြေးနေရကြောင်း ဒေသခံများက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ နိုဝင်ဘာလ ၁၈...

ရှယ်ယာနှင့် နိုင်ငံခြားငွေကြေး ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ အမည်ခံ၍ မြန်မာနိုင်ငံ အနှံ့ Application များဖြင့် ငွေကြေး လိမ်လည်မှုများ ဆက် လက် ဖြစ်ပေါ်၊ စစ်ကောင်စီက လျစ်လျူ ရှုထား သည့်အပြင် ကုမ္ပဏီ မှတ်ပုံတင်ပါ ပေါပေါလောလောထုတ်ပေး

ရန်ကုန်၊ နိုဝင်ဘာ ၁၈ ပြည်တွင်းစီးပွားရေးစျေးကွက်တွင် ရှယ်ယာနှင့် နိုင်ငံခြားငွေကြေးရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ အမည်ခံ၍ မြန်မာနိုင်ငံအနှံ့ Application အတုများဖြင့် ငွေကြေးလိမ်လည်မှုများ ဆက် လက် ဖြစ်ပေါ်နေကြောင်း စုံစမ်းသိရှိရသည်။ ရှယ်နှင့်နိုင်ငံခြားငွေကြေးရင််းနှီးမြှုပ်နှံမှုကုမ္ပဏီအမည်ခံ၍ အမြတ်ငွေများ လစဉ်ပေးမည် ၊ ယုံကြည်စိတ်ချရသည်ဟု Facebook ကြော်ငြာကြကြောင်း၊ အာမခံချက်များဖြင့် ရှယ်ယာထည့်ဝင်လာသူများကို Application...

Latest news

- Advertisement -spot_img