29 C
Yangon
spot_img

CATEGORY

News

မင်းအောင်လှိုင်၏ စစ်ဦးစီးချုပ် ရာထူးတာဝန်များကို ဒုစစ်ခေါင်းဆောင် စိုးဝင်းက ယာယီ စတင်လွှဲပြောင်းရယူ

ရန်ကုန်၊ မတ် ၂၇ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ရာထူးတာဝန်များကို ဒုစစ်ခေါင်းဆောင် စိုးဝင်းက ယာယီအားဖြင့် စတင်လွှဲပြောင်းရယူနေပြီဖြစ်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ ယမန်နေ့ မတ်လ ၂၆ ရက်နေ့ ၈၁ နှစ်မြောက် စစ်တပ်နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အငြိမ်းစားစစ်အရာရှိကြီးများကို ကန်တော့ပွဲတွင် ဒုစစ်ခေါင်းဆောင် စိုးဝင်းက ၈၁...

သံတောင်ကြီး၊ ဘုရင့်နောင် စစ်သင်တန်းကျောင်းတွင် တပ်မတော်နေ့ အခမ်းအနား ကျင်းပနေစဉ် ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ မတ် ၂၇ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့ရှိ အကြမ်းဖက်စစ်တပ်၏ ဘုရင့်နောင် စစ်သင်တန်းကျောင်းတွင် တပ်မတော်နေ့ အခမ်းအနား ကျင်းပနေစဉ် ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မတ်လ...

မြ၀တီမြို့နယ်၊ ဖလူးလေးကျေးရွာရှိ DKBA နယ်မြေအတွင်းမှ ကျွန်းတောကာစီနိုရုံကို စစ်တပ်က အသေခံဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု တရုတ်နိုင်ငံသား ၃ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရ

ရန်ကုန်၊ မတ် ၂၇ ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ DKBA (ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်) ထိန်းချုပ်နယ်မြေအတွင်းရှိ ကျားဖြန့် ကာစီနိုရုံတစ်ခုကို အကြမ်းဖက်စစ်တပ်က အသေခံဒရုန်း (Kamikaze Drone) များအသုံးပြု၍ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တရုတ်နိုင်ငံသား ၃ ဦး ပွဲချင်းပြီး သေဆုံးကာ ၁၃ ဦး...

တောင်ကိုရီးယားရှိ မြန်မာစစ်သံရုံးရှေ့ ဆန္ဒပြပွဲကို စစ်သီချင်းများ အကျယ်ကြီးဖွင့်၍ စစ်သံရုံးက တန်ပြန် နှောင့်ယှက်

ရန်ကုန်၊ မတ် ၂၇ တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနွေဦးတော်လှန်ရေး အင်အားစုများနှင့် ကိုရီးယားအရပ်ဘက် အဖွဲ့အစည်းများ ပူးပေါင်း၍ ဆိုးလ်မြို့ရှိ (ကြည်း၊ ရေ၊ လေ) စစ်သံရုံးရှေ့တွင် အကြမ်းဖက်စစ်တပ်၏ ‘တပ်မတော်နေ့’ ကို ဆန့်ကျင်ရှုတ်ချပွဲ ပြုလုပ်စဉ် စစ်သံရုံးဘက်က စစ်သီချင်းများကို အသံကုန်ဖွင့်ကာ ရိုင်းစိုင်းစွာ တန်ပြန်နှောင့်ယှက်မှုများ ပြုလုပ်ခဲ့ကြောင်း...

ရမည်းသင်းမြို့နယ် အုပ်ချုပ်ရေးမှူး မောင်ရွှေသိန်း ငလျင်အတွက်ချထားပေးသော အရည်အသွေးမြင့်သံချောင်းများကို အရည်အသွေးနိမ့်သံများနှင့်လဲလှယ်၍ ခိုးယူရောင်းစား

ရန်ကုန်၊ မတ် ၂၇ မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဥက္ကဋ္ဌ မောင်ရွှေသိန်းက ငလျင်ဘေးအန္တရာယ် ပြန် လည်ထူထောင်ရေးအတွက် ချထားပေးသော အရည်အသွေးမြင့သံချောင်းများကို အရည်အသွေးနိမ့် သံချောင်းများနှင့် လဲလှယ်ကာ ကိုယ်ကျိုးအတွက် ပြန်လည်ရောင်းစားနေကြောင်း ငငလျင်ဘေးသင့် ပြည်သူများနှင့် ထွေ/အုပ် သတင်းရင်းမြစ်များထံမှ သိရသည်။ ၂၀၂၅ ခုနှစ်၊ မတ်လ...

ပေါ်တာဆွဲမှုများ များပြားနေသော တောင်ငူ- နေပြည်တော်လမ်းတွင် အိုးဝေအငှားယာဉ်မောင်း ကိုချစ်ဦး ပျောက်ဆုံးနေ၊ ဝမ်းတွင်းတွင်လည်း ပေါ်တာဆွဲ ဖမ်းဆီးရန် လာသော စစ်တပ်ကို တိမ်းရှောင်ရင်း လူငယ် ၁ ဦး မြွေကိုက်ခံရ၍ သေဆုံး

ရန်ကုန်၊ မတ် ၂၇ ပဲခူးတိုင်း၊ တောင်ငူမြို့တွင် နေထိုင်သော အိုးဝေအငှားယာဉ်မောင်း ကိုချစ်ဦးသည် တောင်ငူမှ နေပြည်တော်သို့ ခရီးသည် လိုက် လံ ပို့ဆောင်စဉ် ပျောက်ဆုံးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ မတ်လ ၂၁ ရက်နေ့တွင် အိုးဝေအငှားယာဉ်မောင်း ကိုချစ်ဦးသည် တောင်ငူမှ နေပြည်တော်သို့...

မြန်မာနိုင်ငံရှိ ကျားဖြန့် ငွေလိမ်ဂိုဏ်းများနှင့် ဆက်နွှယ်နေသည့် တရုတ်လူဆိုးဂိုဏ်းခေါင်းဆောင်ဟောင်း သွားကျိုး (ခ) Wan Kuok-koi ကို ဗြိတိန်အစိုးရက ပိတ်ဆို့အရေးယူ

ရန်ကုန်၊ မတ် ၂၇ မြန်မာနိုင်ငံရှိ ကျားဖြန့် ငွေလိမ်ဂိုဏ်းများနှင့် ဆက်နွှယ်နေသည့် လူဆိုးဂိုဏ်းခေါင်းဆောင် "သွားကျိုး (ခ) Wan Kuok-koi ကို ဗြိတိန်အစိုးရက ယမန်နေ့ ပိတ်ဆို့အရေးယူကြောင်း ကြေညာသည်။ အရှေ့တောင်အာရှတစ်လွှားရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (Scam Centres) များနှင့် တရားမဝင် ခရစ်ပတို (Crypto) ကွန်ရက်များကို...

ယင်းမာပင်ရှိ ပြောင်းပြာရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၀၀ နီးပါး မီးလောင်ပြာကျ၊ ပေါက်မြို့နယ်တွင်လည်း စစ်တပ် စစ်ကြောင်းထိုးနေ၍ သောင်းနှင့်ချီသော ပြည်သူများ တိမ်းရှောင်နေရ

ရန်ကုန်၊ မတ် ၂၇ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ ပြောင်းပြရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၁၀၀ နီးပါး မီးလောင်ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ မတ်လ ၂၅ ရက်နေ့တွင် ယင်းမာပင်မြို့ပေါ်မှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မြို့အနီးအနားရှိ‌...

ရခိုင်စစ်မျက်နှာ၏ ၁၆ လကာလအတွင်း စစ်ကောင်စီ၏ ထိပ်တန်းစစ်အရာရှိကြီး ၂၂ ဦး ကျဆုံးခြင်းနှင့် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရ

ရန်ကုန်၊ မတ် ၂၇ ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော် (AA) ၏ ဒုတိယအကျော့ စစ်ဆင်ရေးကာလ (၁၆) လဝန်းကျင်အတွင်း စစ်ကောင်စီဘက် မှ ဒုတိယတိုင်းမှူး၊ တပ်မမှူး၊ စကခမှူးနှင့် ဗျူဟာမှူးအဆင့်ရှိ အဆင့်မြင့်စစ်အရာရှိကြီး ၂၂ ဦးအထိ သေဆုံးခြင်းနှင့် သုံ့ပန်းအဖြစ် ဖမ်းဆီးခံရခြင်းများ ရှိခဲ့ကြောင်း ရန်ကုန်ခေတ်သစ်က...

သဲကုန်းမြို့နယ်တွင် “ကြိုက်တဲ့ PDF ခေါ်လာခဲ့ မကြောက်လို့ အုပ်ချုပ်ရေးမှူး တက်လုပ်တာ” ဟု စိန်ခေါ်ထားသော မင်းဇော် ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ မတ် ၂၇ ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်တွင် "ကြိုက်တဲ့ PDF ခေါ်လာခဲ့ မကြောက်လို့ အုပ်ချုပ်ရေးမှူး တက်လုပ်တာ" ဟု စိန်ခေါ်ထားသော မင်းဇော်ကို ပစ်ခတ်တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း ပြည်ခရိုင်တပ်ရင်း ၁ စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadow က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့...

Latest news

- Advertisement -spot_img