24 C
Yangon
spot_img

CATEGORY

Politics

အရာတော်မြို့နယ် ကျေးရွာလူထုသပိတ်စစ်ကြောင်း စစ်အာဏာရှင် ချေမှုန်းရေး ချီတက် တရားဟော 

ရန်ကုန်၊ဇန်နဝါရီ ၂၁ စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ် ကျေးရွာ တစ်ရွာတွင် ညနေခင်း လူထုသပိတ်စစ်ကြောင်းကို ယနေ့ ဇန်နဝါရီ ၂၁ ရက်နေ့ ညနေပိုင်းတွင် ချီတက်ကြသည်။  "နိုင်ငံသစ်ကိုငါတို့ရဲ့သွေးနဲ့ အုတ်မြစ်ချတည်ဆောက်မယ်"ကြွေးကြော်သံဖြင့် ချီတက်ခဲ့ကြပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး တရားများကိုလည်းဟောပြောကြောင်း သိရှိရသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်ကောင်စီ ဝင်ရောက်ဖျက်ဆီး မီးတင်ရှို့ခြင်း ပြုလုပ်၊ ပြည်သူ ၁၀ ဦးထက်မနည်းကို လူသားဒိုင်းအဖြစ် ဖမ်းဆီး

ရန်ကုန်၊ ဇန်နဝါရီ ၂၁ စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ထူးကြီးရွာတွင် အကြမ်းဖက် စစ်ကောင်စီ ဇန်နဝါရီ ၁၉ ရက်နေ့ မနက်ပိုင်းတွင် ဝင်ရောက်ကာ ပြည်သူများ၏ နေအိမ်ရှိ ပစ္စည်းများ မွှေနှောက်ရှာဖွေ ဖျက်ဆီးသွားကြောင်း ဒေသခံများ ပြောကြားသည်။ ''ဆိုင်တွေကိုလည်း ‌ဖျက်ဆီးပြီး ပစ္စည်းတွေ ယူသွားပါတယ်။ အိမ်ကိုလည မွှေနှောက်ဖျက်ဆီးးသွားပါတယ်။...

လောင်းလုံးတွင် ပျူစောထီးစခန်းကို PDF ကဝင်သိမ်းပြီး လက်လုပ်သေနတ်နှင့် ကျည်ဆန်များ သိမ်းဆည်းရမိ

ရန်ကုန်၊ ဇန်နဝါရီ ၂၁  တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကရင်ကြီး-ကမ်းပနီရွာမှာရှိတဲ့ ပျူစောထီးစခန်းကို ဝင်ရောက်စီးနင်းခဲ့တယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကထုတ်ပြန်ပါတယ်။  ဇန်နဝါရီလ ၂၀ ရက် ည ၁၁ နာရီခွဲမှာ  Launglone People Defence Forces နဲ့ DDT တပ်ခွဲဲတို့ပူးပေါင်း ဝင်ရောက်စီးနင်းခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။ ဝင်ရောက်စီးနင်းချိန်မှာ  နှစ်ဖက် ပြန်လှန်ပစ်ခတ်မှု...

တန့်ဆည်မြို့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ဆန္ဒပြ

ရန်ကုန်၊ ဇန်နဝါရီ ၂၁ တန့်ဆည်မြို့တွင် ယနေ့ ဇန်နဝါရီ ၂၁ရက်နေ့က အကြမ်းဖက်ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ကျေးရွာလူထုစုပေါင်း၍ ဆန္ဒပြချီတက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

မန္တလေး သံဃသမဂ္ဂ ဆရာတော်များ အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး ညသပိတ်ပြုလုပ် 

ရန်ကုန်၊ ဇန်နဝါရီ ၂၁ မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ ယနေ့ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် "စကစ ဖြန့်ဝေသော မဲမသမာမှုဟုဆိုသော စာအုပ်များအား ရဟန်းသံဃာများအနေနဲ့ ရှုတ်ချကြရန် တိုက်တွန်းပါတယ်ဘုရား-သံဃသမဂ္ဂ" စာတန်းကိုင်ဆောင်ကာ အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး ညသပိတ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

မုံရွာတွင် အကြမ်းဖက် စစ်ကောင်စီ တော်လှန်ရေး လက်ပံတောင်းတောင် ပြည်သူများ ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဇန်နဝါရီ ၂၁ မုံရွာတွင် လက်ပံတောင်းတောင် ဒေသခံပြည်သူများ ဦးဆောင်ကာ ယနေ့ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ တော်လှန်ရေး "ကရင်နီပြည်နဲ့အတူ တော်လှန်ကြ ဖက်ဆစ်ခွေးတွေကို မောင်းထုတ်ကြ" စာတန်းကိုင်ဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

မြိုင်မြို့နယ်တွင် အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်ဖြုတ်ချရေး  ချီတက်ဆန္ဒပြ

ရန်ကုန်၊ ဇန်နဝါရီ ၂၁ မကွေးတိုင်း၊ မြိုင်မြို့နယ် အခြေခံပညာအထွေထွေသပိတ်ကော်မတီနှင့် ပြည်သူများပူးပေါင်းကာ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ညနေဆည်းဆာသပိတ်အဖြစ် အကြမ်းဖက်စစ်အာဏာရှင်ဖြုတ်ချရေး ကြွေးကြော်ချီတက်ဆန္ဒပြကြသည်။ Photo BEGSC

အင်းတော်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ကို KIA၊ PDF ပူးပေါင်းတိုက်ခိုက်လို့ စစ်သား ၃ ဦး ထက်မနည်းသေဆုံးနိုင်၊ မြင်းခြံတွင်လည်း စစ်ကောင်စီတပ်ဖွဲ့များ မိုင်းဆွဲခံရပြီး ၂ ဦးထက်မနည်းသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၂၁ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နဘားရွာမှတဆင့် ပင်ဝယ်ရွာဘက်သို့ မန္တလေး-မြစ်ကြီးနား ရထားလမ်းအတိုင်း စစ်ကြောင်းထွက်လာသော အင်အား ၃၀ ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ကို ယနေ့ ဇန်နဝါရီလ ၂၁ ရက် နေ့လယ်ပိုင်းတွင် ကချင်လွတ်လပ်ရေးတပ်မတော်နှင့် အင်းတော် PDF ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ...

အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ကျရေး စုန်းချောင်း ပြည်သူများ ဆန္ဒပြချီတက်

ရန်ကုန်၊ ဇန်နဝါရီ ၂၁ စစ်ကိုင်း‌တိုင်းဒေသကြီး ၊ ယင်းမာပင်မြို့နယ် ၊ စုန်းချောင်းရွာ ပြည်သူများက စစ်အာဏာရှင် ဆန့်ကျင်သည့် ဆန္ဒပြချီတက်ခြင်း ညနေခင်း သပိတ်စစ်ကြောင်းကို ဇန်နဝါရီ ၂၁ ရက် တွင် ပြုလုပ်ခဲ့သည်။

ယင်းမာပင်အရှေ့ခြမ်းတွင် အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်ချီတက်

ရန်ကုန်၊ ဇန်နဝါရီ ၂၁ ယင်းမာပင်အရှေ့ခြမ်း ရွာငယ်လေးနှစ်ရွာရှိ ပြည်သူများ စုစည်း၍ အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ညနေဆည်းဆာသပိတ်ချီတက်ခြင်းကို ယနေ့ ဇန်နဝါရီ ၂၁ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

Latest news

- Advertisement -spot_img