35 C
Yangon

ရန်ကုန်တွင် တပ်ပျက်နေပြီ ဟေ့ ကြွေးကြော်သံဖြင့် မင်းအောင်လှိုင် ပုံကို ချနင်း၍ ချီတက် ဆန္ဒပြ

Must read

ရန်ကုန်၊ မေ ၁

ရန်ကုန်တွင်ယနေ့ မေလ ၁ ရက်နေ့ တပ်ပျက်နေပြီ ဟေ့ ကြွေးကြော်သံဖြင့် မင်းအောင်လှိုင် ပုံကို ချနင်း၍ ချီတက် ဆန္ဒပြကြသည်။

“တပ်ပျက်နေပြီ ဟေ့” ကြွေးကြော်သံဖြင့် တာမွေမြို့နယ် လမ်းမပေါ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်
ယနေ့ မေလ ၁ ရက်နေ့တွင် ချီတက်ကြပြီး မင်းအောင်လှိုင် ရုပ်ပုံပါဝင်သော ဗီနိုင်းကို သပိတ်ချီတက်လာရာ လမ်းကြောင်းတွင် ကော်ဇော်နီတစ်ခုသဖွယ် ဖြန့်ခင်း နင်းချကာ ချီတက်ဆန္ဒပြခဲ့ကြသည်။

ထို့ပြင် “ Biden , The More You Delay
The More We Suffer , Sanction Gas Revenues Now ! “ နှင့် စစ်အုပ်စုတွေ အမြစ်ပြတ်ဖို့ _ ရန်ပုံငွေတွေ ဖြတ်တောက်စို့ “ ဟူသော ဘန်နာနှစ်ခုကို ကိုင်စွဲလျက် အမေရိကန်အစိုးရအနေနှင့် MOGE ကို ပိတ်ဆို့အရေးယူဖို့အတွက် နှင့် ပြည်သူများမှလည်း ထိုသို့ပိတ်ဆို့အရေးယူနိုင်ရန် ဝိုင်းဝန်းတောင်းဆို လှုံ့ဆော်ကြရန်အတွက် ဆန္ဒပြနှိုးဆော်ကြသည်။

အဆိုပါပြောက်ကျားသပိတ်စစ်ကြောင်းအား Yangon Revolution Force – YRF (Soft Strike Community ) ၊ အခြေခံကျောင်းသားများရေးရာအဖွဲ့ ( အ•က•ရ) နှင့် Revolution Force – RF အဖွဲ့ဝင် တော်လှန်လူငယ်များမှ ပူပေါင်း ချီတက်ခဲ့ကြခြင်းပင်ဖြစ်သည် ။

Photo-AAMIJ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article