ရန်ကုန်၊ ဇန်နဝါရီ ၂၁
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေ မူတြော် (ဖာပွန်) ခရိုင်အတွင်း ဇန်နဝါရီလ ၁၈ ရက်မှ ၂၀ ရက်ထိ တိုက်ပွဲများဆက်တိုက်ဖြစ်ပွားပြီး စစ်သား ၂ ဦး သေဆုံးကာ၊ စစ်ကား ၂ စီးပျက်စီးခဲ့ကာ စစ်ကောင်စီ...
ရန်ကုန်၊ ဇန်နဝါရီ ၂၀
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ အထူးသံကိုယ်စားလှယ်ရုံးမှ အဆိုပြုသော မြန်မာနိုင်ငံအပေါ်လူသားချင်းစာနာထောက်ထားမှုအကူအညီများ အရေးတကြီးပေးပို့ရေး အပေါ် ထောက်ခံကြိုဆိုလိုက်ပြီး မြန်မာနိုင်ငံတွင် စစ်ရေးအရ လေယာဉ်မပျံသန်းရဇုန်ကြေညာပြီး လိုက်နာမှုရှိစေရန် နိုင်ငံတကာမှ တာဝန်ယူစောင့်ကြပ်ပေးရေးအပါအဝင် အချက် ၃ ချက်ကို ချင်းအမျိုးသားတပ်ဦး၊ ကရင်အမျိုးသားအစည်းအရုံး၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီတို့က ယနေ့ ထုတ်ပြန်တောင်းဆိုလိုက်သည်။
မြန်မာနိုင်ငံ၏ အိမ်နီးချင်းများ၊...
ဒီပဲယင်းတွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ဇန်နဝါရီ ၂၀
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် ပြည်သူများ ဦးဆောင်ကာ ယနေ့ ဇန်နဝါရီလ ၂၀ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၀
မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ဖက်တန်းတောင်ကျေးရွာမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနိုင်ဝင်းသည် ယနေ့ မွန်းလွဲပိုင်းတွင် ပစ်သတ်ခံရလိုက်ကြောင်း ဒေသကာကွယ်ရေးတပ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
"အုပ်ချုပ်ရေးအမှူး အစည်းအဝေးက ပြန်လာတာသူက ။သေနတ်နဲ့ ပစ်သတ်လိုက်တာ ပွဲချင်းပြီးဆုံးတယ်။ အုပ်ချုပ်ရေးမှူး၊ ဒလန် ပျူစောထီး အဲဒါကြောင့် ကျနော်တို့ရှင်းလင်းတာပါ။ သတိပေးချက်လည်း...
ရန်ကုန်၊ ဇန်နဝါရီ ၂၀
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ရှိ အကြမ်းဖက်စစ်ကောင်စီ၏ အကြီးစားဒေါက်တိုင်ဟု သတ်မှတ်ခံထားရသော ရွှေဒေါင်းမင်းဆီဆိုင်ကို တန့်ဆည်ပြည်သူ့ရဲဘော်အဖွဲ့က ယနေ့ ဇန်နဝါရီလ ၂၀ ရက် နေ့လယ် ၁ နာရီတွင် ဝင်ရောက်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီက လုံခြုံရေးအနေဖြင့် ပေးထားသော လက်လုပ်သေနတ် ၁ လက်ကို ရရှိခဲ့ကြောင်း...
ရန်ကုန်၊ ဇန်နဝါရီ ၂၀
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၎င်းနှင့်စစ်ခေါင်းဆောင်များကို ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုနှင့် ICJ အပြည်ပြည်ဆိုင်ရာတရားရုံး၊ ICC နိုင်ငံတကာရာဇဝတ်တရားရုံးအပါအဝင် နိုင်ငံတကာတွင် တရားစွဲဆိုခံထားရမှုများနှင့်ပတ်သက်ပြီး ဖိအားလျော့ချ ဖြေရှင်းရန် OIC နိုင်ငံများသို့ ပြည်တွင်းမှ ဌေးအောင်နှင့်အဖွဲ့ကို ကိုယ်စားလှယ်အဖြစ် စေလွှတ်လိုက်ကြောင်း ပြည်တွင်း မွတ်စလင် အသိုင်းအ၀ိုင်းက...
ရန်ကုန်၊ ဇန်နဝါရီ ၂၀
စစ်ကိုင်းမြို့နယ် ရွာသစ်ကြီးကျေးရွာ မတောင့်တရပ်ကွက်တွင် ခေတ္တရောက်ရှိ တိမ်းရှောင်နေသည့် ငါန်းဇွန်မြို့နယ် အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးနိုင်နှင့် လက်ခံထားသူ အိမ်ရှင် ဦးဌေးလွင်တို့ကို စစ်ကောင်စီအဖွဲ့က ဖမ်းဆီးလိုက်ကြောင်း ဒေသသတင်းရင်းမြစ်ထံမှ သိရှိရသည်။
ယမန်နေ့ ဇန်နဝါရီလ ၁၉ရက် ည ၁၀နာရီ ဝန်းကျင်အချိန် စစ်ကိုင်းမြို့နယ်၊ ရွာသစ်ကြီးကျေးရွာ၊...
ဖက်ဆစ်စစ်တပ် ချေမှုန်းရေး ကလေးမြို့တွင် ၃၄၇ ရက် သပိတ်စစ်ကြောင်းဖြင့် ချီတက်ဆန္ဒပြ
ရန်ကုန်၊ ဇန်နဝါရီ ၂၀
အကြမ်းဖက် ဖက်ဆစ် စစ်တပ် ချေမှုန်းရေး စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ တော်လှန်ကျောင်းသားပြည်သူများသည် ဇန်နဝါရီလ ၂၀ ရက်တွင် ၃၄၇ ရက်မြောက် သပိတ်စစ်ကြောင်းဖြင့် လှည့်လည်ဆန္ဒပြကြသည်။
ဖားကန့်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ၊ KIA PDF နှင့် NUG ထောက်ခံရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဇန်နဝါရီ ၂၀
ကချင်ပြည်နယ်၊ ဖားကန့်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး၊ KIA ၊ PDF နှင့် NUG ထောက်ခံရေး ယနေ့ ချီတက် ဆန္ဒပြကြသည်။
ဇန်နဝါရီလ ၂၀ ရက်နေ့တွင် အင်တာနက်ဖြတ်တောက်ခံထားရတာ ၅ လ ရှိပြီဖြစ်သည့် ကချင်ပြည်နယ် ဖားကန့်မြို့တွင် အင်တာနက်ဖြတ်တောက်ထားသည့် စစ်ကောင်စီ...
ရန်ကုန်၊ ဇန်နဝါရီ ၂၀
ပြင်ဦးလွင်မြို့နယ်အတွင်း မူးယစ်ဆေးဝါးများ ဖြန့်ဖြူးရောင်းချနေသူ ၂ ဦးကို မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော် လုံခြုံရေးအဖွဲ့က ဖမ်းဆီးရမိပြီး WY စာတန်းပါ စိတ်ကြွမူးယစ်ဆေးပြား ၂,၅၀၀ ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။
နယ်မြေအတွင်း မူးယစ်ဆေးဝါးရောင်းဝယ်သူ ၊ မှောင်ခိုလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်သူများကိုလည်း ဖမ်းဆီးအရေးယူပြီး ထိုက်သင့်သည့် ပြစ်ဒဏ်များကို...