Khit Thit Media

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၉ ဦးသေဆုံး
ရန်ကုန်၊ မေ ၈

မြန်မာနိုင်ငံတစ်ဝန်း မေလ ၈ ရက်နေ့ ရရှိထားသော အချက်အလက်များအရ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၉ ဦး သေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆို ချက်များအရ သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာ ကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။

The post မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၉ ဦးသေဆုံး appeared first on Khit Thit Media.

လောင်းလုံးမြို့နယ်တွင် စစ်တပ် စစ်ကြောင်းနှင့် ရဲစခန်းကို တိုက်ခိုက်မှု စစ်သားများ ထိခိုက်မှုရှိ၊ ရေးမြို့နယ်ရှိ အောင်သပြေရွာတွင်လည်း တိုက်ပွဲဖြစ်ပွား
ရန်ကုန်၊ မေ ၈

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် စစ်တပ် စစ်ကြောင်းနှင့် ရဲစခန်းကို တိုက်ခိုက်ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း လောင်းလုံး သံမဏိလိပ်ပြာတပ်ဖွဲ့ ထုတ်ပြန်ချက်နှင့် ဒေသစစ်ရေးသတင်းရင်းမြစ် ပြောဆိုချက်အရ သိရသည်။

မေလ ၇ ရက်နေ့တွင် လောင်းလုံးမြို့မှ ထွက်လာသော အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းသည် ဝေဒီရွာကို စစ်ကြောင်းထိုးနေချိန် တော်လှန်ရေးတပ်ဖွဲ့များက လောင်းလုံးမြို့မရဲစခန်းကို ဒရုန်းဖြင့် ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် ယင်းနေ ညနေ ၄၅ မိနစ်ခန့်တွင်လည်း ဝေဒီရွာကို စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်သားများကိုလည်း ဒရုန်းဖြင့် ဗုံး ၄ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုပြုလုပ်ပြီးနောက် အကြမ်းဖက် စစ်ဘက်မှလည်း လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

“အဲတိုက်ခိုက်မှုမှာ စစ်ခွေးတွေဘက်က ထိခိုက်သေဆုံးမှုရှိနိုင်ပါတယ်။ တော်လှန်ရေးရဲဘော်တွေတော့ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်။ အဲ့စစ်ခွေးစစ်ကြောင်းက တိုက်ခိုက်ခံရပြီး ချက်ခြင်းပဲ ဝေဒီရွာကနေ လောင်းလုံးမြို့ပေါ်ကို ပြန်လည်‌ဆုတ်ခွာသွားတယ်” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို လောင်းလုံးသံမဏိ လိပ်ပြာတပ်ဖွဲ့ (L.L.S.B.F) နှင့် ကျောင်းသားတော်လှန်ရေးတပ် (SRF) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုစစ်ကြောင်းသည် ဝေဒီရွာရှိ ပြည်သူပိုင် ကား ၂ စီးနှင့် တောတဲများလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ပြည်သူများ အနေဖြင့်လည်း အကြမ်းဖက် စစ်တပ်က အချိန်မရွေး စစ်ကြောင်းထိုး လာနိုင်သောကြောင့် ပွဲလမ်းသဘင်များ သွားလာခြင်းကို ပိုမိုသတိထား ရှောင်ကြည်ကြရန် တော်လှန်ရေးတပ်ဖွဲ့များက တိုက်တွန်းနှိုးဆော်ထားသည်။

အလားတူ မွန်ပြည်နယ်၊ ရေးမြို့နယ် အောင်သပြေရွာကျေးရွာတွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယနေ့ မေလ ၈ ရက်နေ့တွင် ရေးမြို့နယ်၊ အောင်သပြေရွာ၌ အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိသောကြောင့် လက်နက်ကြီးများဖြင့် ကျေးရွာများကို ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

“အောင်သပြေရွာနားမှာ ဒီနေ့ မွန်းလွဲပိုင်းက စစ်ခွေးတွေနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့ တိုက်ပွဲဖြစ်ပွားတယ်။ စစ်ခွေးတွေက တိုက်ပွဲမှာ အထိနာလို့ ထင်တယ်။ လက်နက်ကြီးတွေနဲ့ ရမ်းပစ်တာတွေလည်း လုပ်ဆောင်သွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး မွန်ပြည်နယ် အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များက ထုတ်ပြန်ထားခြင်းမရှိသေးဘဲ ဖြစ်စဉ် အသေးစိတ် သိရှိနိုင်ရန် ရန်ကုန်ခေတ်သစ် သတင်းဌာနက ဆက်သွယ် မေးမြန်းလျက်ရှိသည်။

The post လောင်းလုံးမြို့နယ်တွင် စစ်တပ် စစ်ကြောင်းနှင့် ရဲစခန်းကို တိုက်ခိုက်မှု စစ်သားများ ထိခိုက်မှုရှိ၊ ရေးမြို့နယ်ရှိ အောင်သပြေရွာတွင်လည်း တိုက်ပွဲဖြစ်ပွား appeared first on Khit Thit Media.

ပေါက်နှင့် ကနီမြို့နယ်တို့တွင် စစ်တပ်က ကျေးရွာများကို စစ်ကြောင်းထိုးနေသောကြောင့် ထောင်နှင့်ချီသောပြည်သူများ ဘေးလွတ်ရာ ဆက်လက်တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာများ လိုအပ်နေ
ရန်ကုန်၊ မေ ၈

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း စစ်တပ်က စစ်ကြောင်းထိုးနေသောကြောင့် ကျေးရွာ ၈ ခုမှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဆိပ်ဖြူ ပြောက်ကျား တကိုယ်တော်ကျားဇိုး (LDF) မှ ကိုကျားဇိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

မေလ ၁ ရက်နေ့တွင် ဆိပ်ဖြူမြို့နယ် ကပစ ၂၂ မှ အင်အား ၅၀၀ ခန့်ပါသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပေါက်မြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသောကြောင့် ကျေးရွာ ၈ ခုမှ ထောင်နှင့် ချီသော ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း၊ ထိုစစ်ကြောင်းသည် ချက်ကန်ကျေးရွာမှ MPT ဆက်သွယ်ရေးတာဝါတိုင်ကိုလည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ယင်း စစ်တပ် စစ်ကြောင်းကြောင့် ပေါက်မြို့နယ်ရှိ သပြေရေရွာ၊ ချက်ကန်ရွာ၊ ရန်ကင်းရွာ၊မှတ်ထောင်ကွင်း၊ ဝက်လယ်ရိုး အထက်စု ၊ ဝက်လယ်ရိုးအလယ်စု ၊ တယ်ပင်ကန်ကျေးရွာနှင့် ပေခုနှစ်ပင်ကျေးရွာမှ ထောင်နှင့် ချီသော ပြည်သူများသည် ဘေးလွတ်ရာထွက်ပြေး တိမ်းရှောင်နေရပြီး လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပေါက်မြို့ပေါ်ရှိ ကပစ ၂၄ တပ်ရင်းကို ဝင်ရောက်သွားကြောင်းသိရှိရသည်။

“စစ်ခွေး စစ်ကြောင်းကတော့ ပေါက်မြို့ပေါ်ရှိ ကပစ ၂၄တပ်ရင်းထဲကိုရောက်သွားပြီ၊ စစ်ခွေး စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် ပြည်သူများ ထွက်ပြေးတိမ်ရှောင်ရတယ်။ စစ်ခွေး စစ်ကြောင်းကတော့ ထွက်လာတာ တော်တော်များတယ်။ မိတ္ထီလာကပါတယ်။ မန္တလေး ၊ ပြင်ဦးလွင်ဘက်ကပါတယ်။ စစ်ခွေး စစ်ကြောင်း ထွက်လာတာက မေလ ၁ ရက်နေ့ စပြီး ထွက်လာတာပါ။ မေလ ၈ ရက်နေ့မှာတော့ ပေါက်မြို့ပေါ်ရှိ ကပစ ၂၄ တပ်ရင်းထဲကို ပြန်ဝင်သွားတာပါ” ဟု ဆိပ်ဖြူ ပြောက်ကျား တကိုယ်တော်ကျားဇိုး (LDF) မှ ကိုကျားဇိုးကပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ယာ​ကြီး-ကလေးဝ လမ်းပိုင်းကို ထိန်းချုပ်နိုင်ရန် စစ်ကြောင်းထိုးနေခြင်းကြောင့် ပြည်သူများဆက်လက် တိမ်းရှောင်နေရဆဲဖြစ်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောဆိုသည်။

ဧပြီလ ၂၈ ရက်နေ့မှ စတင်ပြီး အကြမ်းဖက် စစ်တပ်က ချောင်းမ-ကနီ လမ်းပိုင်းနှင့် မုံရွာ-ယာ​ကြီး-ကလေးဝ လမ်းပိုင်းကို ထိန်းချုပ်နိုင်ရန် စစ်ကြောင်းထိုးနေသောကြောင့် ကျေးရွာပေါင်း ၂၆ ခုမှ ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

ထိုအကြမ်းဖက် စစ်တပ် စစ်ကြောင်းများထဲမှ ချောင်းမ-ကနီလမ်းပိုင်းတွင် ရောက်ရှိနေသော စစ်ကြောင်းသည် မေလ ၆ ရက်နေ့တွင် ယင်းမာပင်မြို့နယ် ဘန့်ဘွေးရွာရှိ ပျူစောထီးစခန်းကို ပြန်လည်ဝင်ရောက်သွားသော်လည်း မုံရွာ-ယာ​ကြီး-ကလေးဝ လမ်းပိုင်းရှိ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကနီမြို့နယ် ယာကြီးကျေးရွာအုပ်စုအတွင်း ဆက်လက် စစ်ကြောင်းထိုးနေဆဲဖြစ်ကြောင်း သိရှိရသည်။

“စစ်ခွေးစစ်ကြောင်းက ကျန်နေသေးတော့ ပြည်သူတွေ တိမ်းရှောင်နေရတုန်းပဲ အခုက တိမ်းရှောင်ရတဲ့ ရက်လည်း ကြာလာတော့ ပြည်သူတွေ စားနပ်ရိက္ခာလိုအပ်နေပါတယ်။ စစ်ခွေးတွေက မုံရွာ-ယာ​ကြီး-ကလေးဝ လမ်းပိုင်းကို ထိန်းချုပ်ပြီး ကုန်စည်စီးဆင်းမှုတွေကို ဖြတ်တောက်ချင်နေတာ” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။

ဓာတ်ပုံ – စစ်ကိုင်းတိုင်း အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ် စစ်ကြောင်း ညအချိန်ဝင်ရောက်လာသောကြောင့် ထွက်ပြေးတိမ်းရှောင်နေသော ပြည်သူများ (ပုံအဟောင်းဖြစ်သည်)

The post ပေါက်နှင့် ကနီမြို့နယ်တို့တွင် စစ်တပ်က ကျေးရွာများကို စစ်ကြောင်းထိုးနေသောကြောင့် ထောင်နှင့်ချီသောပြည်သူများ ဘေးလွတ်ရာ ဆက်လက်တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာများ လိုအပ်နေ appeared first on Khit Thit Media.

မင်းတပ်နှင့် ဘုရားဆူ မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူများ ထိခိုက်မှုရှိပြီး စာသင်ကျောင်းနှင့် နေအိမ်များ ပျက်စီး
ရန်ကုန်၊ မေ ၈

ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်နှင့် ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မေလ ၈ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် မင်းတပ်မြို့ အရှေ့ခြမ်းကို အကြမ်းဖက် စစ်တပ်၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးက ဗုံး ၄ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ ယနေ့ မွန်းလွဲ ၁၂ နာရီ ၄၄ မိနစ်ခန့်တွင်လည်း တံတားဦး လေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးသည် မင်းတပ်မြို့ပေါ်ကို မီးလောင်ဗုံးများ၊ ဗုံးများ ကျဲချ တိုက်ခိုက်ခဲ့ သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ထိခိုက်ပျက်စီးမှုများရှိသော်လည်း အခြေအနေ အသေးစိတ်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

“မနက်ပိုင်းနဲ့ မွန်းလွဲပိုင်းမှာ စစ်ခွေးတွေက လေကြောင်း တိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်သွားတာပေါ့။ ထိခိုက်ပျက်စီးမှုကတော့ ရှိပါတယ်။ အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က ကျေးရွာစာသင်ကျောင်းကို စာသင်ကျောင်းကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မေလ ၈ ရက်နေ့ နံနက် ၈ နာရီကျော်ခန့်တွင် ရော့ကတောကျေးရွာအုပ်စု၊ လေးတောင်ချရွာ စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က ဗုံး ၆ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုလေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စာသင်ကျောင်း အဆောက်အဦးများလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

“ကျေးရွာ စာသင်ကျောင်းကို စစ်ခွေးတွေက ဗုံးကျဲ တိုက်ခိုက်သွားတာ ဗုံးကျဲ တိုက်ခိုက်ပြီးတာနဲ့ လေယာဉ်တွေက ဆက်တိုက်ပျံဝဲသွားတာ ပြည်သူ ၃ ဦးတော့ ထိခိုက်ဒဏ်ရာရတယ်။ စာသင်ကျောင်းဆောင်လည်း ပျက်စီးသွားတယ်” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။

ဓာတ်ပုံ – စစ်ကိုင်းတိုင်း အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က ညအချိန် မီးရှို့ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်)

The post မင်းတပ်နှင့် ဘုရားဆူ မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူများ ထိခိုက်မှုရှိပြီး စာသင်ကျောင်းနှင့် နေအိမ်များ ပျက်စီး appeared first on Khit Thit Media.

ဖားကန့်၊ မှော်စီဆာရွာ တိုက်ပွဲအတွင်း စစ်သား ၄ ဦးသေဆုံးကာ သေနတ် ၃ လက် သိမ်းဆည်းရရှိ၊ စစ်တပ် တပ်စွဲထားသော ဘုန်းကြီးကျောင်းအနီးတွင်လည်း စစ်သားအလောင်းများ ပြန့်ကျဲနေ
ရန်ကုန်၊ မေ ၈

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်စီဆာရွာ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်သား ၄ ဦးသေဆုံးကာ သေနတ် ၃ လက် သိမ်းဆည်းရရှိပြီး စစ်တပ် တပ်စွဲထားသော ဘုန်းကြီးကျောင်းအနီးတွင်လည်း စစ်သားအလောင်းများ ပြန့်ကျဲနေကြောင်း ဒေသစစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မေလ ၈ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် ဖားကန့်မြို့နယ်၊ မှော်စီဆာရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ပြီးနောက် ကျေးရွာဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားသော စစ်သားများက နယ်မြေရှင်းလင်းရေး ပြုလုပ်ရန် ထွက်လာစဉ် KIA ပူးပေါင်း တပ်နှင့် ထိပ်တိုက်တွေ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၃ ဦးသည် ပွဲချင်းပြီးသေဆုံးခဲ့ပြီး ၁ ဦးကိုအရှင်ဖမ်းမိခဲ့သော်လည်း ဒဏ်ရာပြင်းထန်သောကြောင့် ညနေ ၄ နာရီကျော်ခန့်တွင် ထပ်မံ သေဆုံးခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်သားများထံမှ သေနတ် ၃ လက် သိမ်းဆည်းရရှိခဲ့ကြောင်းသိရသည်။

“စစ်ခွေးတွေ တပ်စွဲထားတဲ့ မှော်စီဆာရွာ ဘုန်ကြီးကျောင်းနားက ကမ်းပါးမှာတွေလည်း ဒီကောင်တွေရဲ့ စစ်ခွေးအလောင်းတွေ အများကြီးပဲ ပြန့်ကျဲနေတယ်။ မကောက်ကြသေးဘူး ဒီတိုင်းပဲ ကြည့်နေကြတာ ဒီကောင်တွေ အခုဒုတိယအကြိမ် ဗုံးလာကျဲပြီးသွားပြီ။ ဒီကောင်တွေ စစ်ရှုံးနေတဲ့အခါကြတော့ လေကြောင်းက လာပစ်ကူပြီးမှ ဒုတိယအကြိမ် ဗုံးလာကျဲတဲ့ အချိန်မှာ ဒီအဖွဲ့ကလည်း ဒီကောင်တွေ ထွက်လာပြီး နယ်မြေရှင်းတဲ့သဘော နယ်မြေလာပြီး ကြည့်တဲ့သဘောမှာရှိတယ်။ တော်လှန်ရေးအဖွဲ့တွေနဲ့လည်း ထိပ်တိုက်တွေ့ပြီးမှ တော်လှန်ရေးအဖွဲ့တွေကလည်း လိုက်ရှင်းတာပေါ့” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

အလားတူ ယနေ့ နံနက် ၁၀ နာရီခန့်နှင့် မွန်းလွဲ ၁၂ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုရှိ မလောင်မှော်အတွင်းရှိ “မြဥယျာဉ်” ကျောက်စိမ်းကုမ္ပဏီ လုပ်ကွက်၊ မှော်စီစာဘုရားကုန်း၊ သာယာကုန်းနှင့် မလောင်မှော် အနီးတစ်ဝိုက်၊ လုံးခင်း-မှော်စီစာ ကားကြီးပတ်လမ်းနှင့် ကုဋေအုပ်စု ဆက်သွယ်ထားသည့် လမ်းဆုံနေရာများကို ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် နေအိမ်များမီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

The post ဖားကန့်၊ မှော်စီဆာရွာ တိုက်ပွဲအတွင်း စစ်သား ၄ ဦးသေဆုံးကာ သေနတ် ၃ လက် သိမ်းဆည်းရရှိ၊ စစ်တပ် တပ်စွဲထားသော ဘုန်းကြီးကျောင်းအနီးတွင်လည်း စစ်သားအလောင်းများ ပြန့်ကျဲနေ appeared first on Khit Thit Media.

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီး ခေါင်းဆောင်တစ်ဦးအဖြစ် အသိအမှတ် ပြုကာ ခေါင်းဆောင်တာဝန်များ ထမ်းဆောင်နိုင်ရမည်ဟု အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်သမ္မတ ပြော
ရန်ကုန်၊ မေ ၈

အကြမ်းဖက်စစ်တပ်က ဖမ်းဆီးထားသော ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည်လွှတ်ပေးပြီး ခေါင်းဆောင်တစ်ဦး အဖြစ် အသိအမှတ်ပြုကာ ခေါင်းဆောင်တာဝန်များ ထမ်းဆောင်နိုင်ရမည်ဖြစ်ကြောင်း ဖိလစ်ပိုင် သမ္မတ Ferdinand Romualdez Marcos Jr. က ထုတ်ဖော်ပြောဆိုလိုက်သည်။

ယနေ့ မေလ ၈ ရက်နေ့ ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပပြုလုပ်သော အာဆီယံထိပ်သီးအစည်းအဝေးအပြီး ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဖိလစ်ပိုင်သမ္မတက အထက်ပါအတိုင်း ပြောဆိုသွားခြင်းဖြစ်သည်။

ယနေ့ မွန်းလွဲပိုင်း ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက အာဆီယံကိုယ်စားလှယ်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရှိရန် တောင်းဆိုထားသည့်အပေါ် မြန်မာနိုင်ငံ၏ တုံ့ပြန်ချက်နှင့်ပတ်သက်၍ မေးမြန်းစဉ် ဖိလစ်ပိုင်သမ္မတက ဒေါ်အောင်ဆန်းစုကြည်၏ အရေးကိစ္စမှာ ညှိနှိုင်းဆွေးနွေးမှုများတွင် အဓိ က အရေးကြီးသော အကြောင်းအရာ တစ်ခုဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသည်။

“ဒါဟာ မြန်မာအာဏာပိုင်တွေနဲ့ ကျနော် လုပ်ဆောင်နေတဲ့ (ညှိနှိုင်းမှုလို့ ခေါ်ချင်ရင်လည်း ရနိုင်တဲ့) ဆွေးနွေးမှုတွေရဲ့ အဓိက အကျဆုံး ကဏ္ဍတစ်ခုပဲ ဖြစ်ပါတယ်။ သူမ (ဒေါ်အောင်ဆန်းစုကြည်) ကို ပြန်လွှတ်ပေးဖို့၊ သူမရဲ့ အခွင့် အရေးတွေကို ကျင့်သုံးခွင့်ပေးဖို့နဲ့ သူမကို ခေါင်းဆောင်တစ်ဦးအဖြစ် အသိ အမှတ်ပြုထားတယ်ဆိုရင် ခေါင်းဆောင်တစ်ဦးအနေနဲ့ လုပ်ငန်းဆောင်တာတွေကို ဆောင်ရွက်နိုင်ခွင့်ရှိရမယ် ဆိုတဲ့အချက်တွေပဲ ဖြစ်ပါတယ်။ ဒီရပ်တည်ချက်ကတော့ ဘယ်တုန်းကမှ အပြောင်းအလဲမရှိခဲ့သလို အခုလည်း အနည်းငယ်မျှတောင် ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။” ဟု ဖိလစ်ပိုင်သမ္မတက ပြောဆိုသည်။

မြန်မာ့နိုင်ငံရေးအကျပ်အတည်းနှင့်ပတ်သက်ပြီး ပြည်တွင်းစစ်ဆက်လက်ဖြစ်ပွားနေပြီး လူသားချင်းစာနာထောက် ထားမှု အခြေအနေများ ဆိုးရွားနေကြောင်း၊ မြန်မာနိုင်ငံက သဘောတူညီထားသော အာဆီယံဘုံသ ဘောတူညီချက်ကို အကောင် အထည်ဖော်ရန် ပျက်ကွက်နေဆဲဖြစ်ပြီး ယင်းသို့ ပျက်ကွက်မှုအတွက် အဖွဲ့ဝင် အာဆီယံနိုင်ငံများအကြား မြန်မာနိုင်ငံအပေါ် စိတ်ပျက်မှုများရှိနေကြောင်း ၎င်းကရှင်းပြသည်။

ယင်းအပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် အာဆီယံဘုံသဘောတူညီချက်ကို ဆက်လက်ကိုင်စွဲပြီး မြန်မာ့အရေး တိုး တက်မှုများ ရရှိရေး နည်းလမ်းရှာမည်ဖြစ်ကြောင်း၊ အဖွဲ့ဝင်နိုင်ငံများက တင်ပြသည့် နည်းလမ်းများကို စဉ်းစားကာ ချည်းကပ်ပုံများ ဆွေးနွေးပြီး နည်းလမ်းရှာမည်ဖြစ်ကြောင်း၊ မြန်မာ့အရေးမှာ တိုးတက်မှု အနည်း ငယ်သာရှိပြီး အာဆီယံနိုင်ငံများက စစ်မှန်သော ပြောင်းလဲမှုများ မြင်တွေ့လိုကြကြောင်း ၎င်းက ပြောဆိုသည်။

The post ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီး ခေါင်းဆောင်တစ်ဦးအဖြစ် အသိအမှတ် ပြုကာ ခေါင်းဆောင်တာဝန်များ ထမ်းဆောင်နိုင်ရမည်ဟု အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်သမ္မတ ပြော appeared first on Khit Thit Media.

ဖားကန့်မြို့ မှော်စီစာရွာတွင် စစ်တပ် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး ကျည်ထိမှန်သေဆုံး၊ တောင်သာမြို့အနီး ကျေးရွာများကိုလည်း စစ်တပ်က အသေခံဒရုန်းများဖြင့် တိုက်ခိုက်နေ
ရန်ကုန်၊ မေ ၈

ကချင်ပြည်နယ်၊ ဖားကန့်မြို့ မှော်စီစာရွာတွင် အကြမ်းဖက် စစ်တပ် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး ကျည်ထိမှန်သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မေလ ၈ ရက်နေ့ မွန်းလွဲပိုင်းတွင် ဖားကန့်မြို့ မှော်စီစာရွာ ဘုရားကုန်းပေါ်တွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ ပစ်ခတ်မှု အတွင်း မှော်စီစာရွာ ဘုန်းကြီးကျောင်းနားတွင်ရှိနေသော ပြည်သူ ၁ ဦးကို ကျည်ထိမှန်ပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

“မှော်စီစာရွာ ဘုရားကုန်းပေါ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ခွေးတွေက သေနတ်နဲ့ လှမ်းပစ်လို့ ဘုန်းကြီးကျောင်းနားမှာရှိနေတဲ့ ပြည်သူ ၁ ဦးကို ကျည်ထိမှန်ပြီး သေဆုံးခဲ့တယ်လို့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ယနေ့ နံနက် ၁၀ နာရီခန့်နှင့် မွန်းလွဲ ၁၂ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုရှိ မလောင်မှော်အတွင်းရှိ “မြဥယျာဉ်” ကျောက်စိမ်းကုမ္ပဏီ လုပ်ကွက်၊ မှော်စီစာဘုရားကုန်း၊ သာယာကုန်းနှင့် မလောင်မှော် အနီးတစ်ဝိုက်၊ လုံးခင်း-မှော်စီစာ ကားကြီးပတ်လမ်းနှင့် ကုဋေအုပ်စု ဆက်သွယ်ထားသည့် လမ်းဆုံနေရာများကို ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် နေအိမ်များမီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

ထို့ပြင် မန္တလေးတိုင်း၊ တောင်သာမြို့ပေါ် အနီးတစ်ဝိုက်ရှိ ကျေးရွာများကိုလည်း အကြမ်းဖက် စစ်တပ်က အသေခံဒရုန်းများဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မေလ ၈ ရက်နေ့ နံနက် ၁ဝ နာရီ ၄၀ မိနစ်ခန့်တွင် တောင်သာမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ်က မြို့ အရှေ့ခြမ်းရှိ ကျေးရွာများကို အသေခံဒရုန်းများဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း ထိခိုက်မှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ ကျေးရွာနေပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“ပြည်သူတွေ ထိခိုက်မှုရှိ၊မရှိကိုတော့ အတည်မပြုနိုင်သေးဘူး။ စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အသေခံဒရုန်းတွေနဲ့ လိုက်လံ ဗုံးကျဲ တိုက်ခိုက်နေတာ ပြည်သူတွေလည်းထွက်ပြေးတိမ်းရှောင်နေရတယ်” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။

The post ဖားကန့်မြို့ မှော်စီစာရွာတွင် စစ်တပ် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး ကျည်ထိမှန်သေဆုံး၊ တောင်သာမြို့အနီး ကျေးရွာများကိုလည်း စစ်တပ်က အသေခံဒရုန်းများဖြင့် တိုက်ခိုက်နေ appeared first on Khit Thit Media.

ထိုင်းနိုင်ငံ၊ လယောင်မြို့ရှိ ဇွန်းခက်ရင်းစက်ရုံမှ မြန်မာလုပ်သား ၇၀ ကျော် နစ်နာကြေးမပေးဘဲ အကြောင်းမဲ့ အလုပ်ထုတ်ခံရ
ရန်ကုန်၊ မေ ၈

ထိုင်းနိုင်ငံ၊ လယောင်မြို့ရှိ တစ်ခါသုံး ဇွန်းခက်ရင်း ထုတ်လုပ်သည့် စက်ရုံတစ်ခုတွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၇၀ ကျော်ကို အလုပ်ရှင်က နစ်နာကြေးတစ်စုံတစ်ရာ ပေးအပ်ခြင်းမရှိဘဲ အကြောင်းမဲ့ အလုပ်ထုတ်ပစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အလုပ်သမားများ နစ်နာကြေးရရှိရန်အတွက် MHAC မဟာမိတ်အဖွဲ့က ကူညီဆောင်ရွက်ပေးနေကြောင်း အဖွဲ့၏ ဦးဆောင်စီစဉ်သူ အေအေစီ ရဲမင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ဧပြီလ ၂၃ ရက်နေ့တွင် စက်ရုံဘက်က ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ လူမှုကွန်ရက် များမှတစ်ဆင့် “အလုပ်လာစရာမလိုတော့ကြောင်း” ပြောဆိုကာ အလုပ်သမား ၇၀ ကျော်ကို ရုတ်တရက် အလုပ်ဖြုတ်လိုက်ခြင်းဖြစ်သည်။ အလုပ်ထုတ်ခံရသူများတွင် MOU အလုပ် သမားများ၊ ဘတ်သစ်ရိုက်ထားသူများနှင့် လုပ်သက်ရင့် အလုပ်သမားဟောင်းများ ပါဝင်သည်။

အဆိုပါ အလုပ်သမားများသည် လုပ်သက် ၈ လမှ ၁ နှစ်ခန့်အထိ ရှိကြသဖြင့် ဥပဒေအရ ရသင့်ရထိုက်သော နစ်နာကြေးများကို တောင်းဆိုခဲ့သော်လည်း စက်ရုံဘက်က တာဝန်ယူရန် ငြင်းဆန်ခဲ့သည်။ စက်ရုံတာဝန်ရှိသူများက အလုပ်သမားများကို အေဂျင်စီ ၃ ခုမှတစ်ဆင့် ခေါ်ယူထားခြင်းဖြစ်၍ အေဂျင်စီများနှင့်သာ ဖြေရှင်းရန် တုံ့ပြန်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အလုပ်သမားများအတွက် နစ်နာကြေးရရှိရန် MHAC က ရှေ့ထွက်ဆောင်ရွက်ပေးနေပြီး အလုပ်ရှင်ဘက်က ညှိနှိုင်းရန် ပျက်ကွက်နေကြောင်း သိရသည်။

MHAC ဦးဆောင်စီစဉ်သူ ကိုရဲမင်းက “မနေ့က ကနဦး ရုံးကိုသွားပြီးတော့ သတင်းပို့တယ် အကြောင်းကြားတယ်။ ဒါပေမယ့် သူတို့ဘက်က မလာဘူး။ အလုပ်သမားတွေကတော့ လုပ်သက်ပြည့်နှစ်ကြီးသမားတွေ ဖြစ်တဲ့အတွက် အလုပ်ကဖြုတ်ပြီဆိုတော့ ထိုက်သင့်တဲ့နစ်နာကြေးကိုယူပဲမယ်။ သူတို့အစီစဉ်နဲ့ အလုပ်သမားတွေကို လုပ်ငန်းတွေ ဟိုပြောင်းဒီပြောင်းဆိုတာကို လက်မခံဘူး။ အဲ့ဒီအတွက် ဒီလာမယ့်ရက်မှာ ထပ်ချိန်းထားတယ်။ အဲ့နေ့မှာမှ ညှိလို့အဆင်မပြေရင် သက်ဆိုင်ရာ သူတို့အလုပ်သွင်းပေးထားတဲ့ အေဂျင်စီတွေကို တရားစွဲသွားမယ်၊ တိုင်ချက်ဖွင့်သွားမှာဖြစ်တယ်”ဟု ပြောဆိုသည်။

အလုပ်ထုတ်ခံရသော မြန်မာလုပ်သား ၇၀ ကျော်အတွက် နစ်နာကြေးရရှိရေးအတွက် လာမည့် တနင်္လာနေ့တွင် သက်ဆိုင်ရာ အေဂျင်စီများနှင့် ထပ်မံညှိနှိုင်းရန် ရက်ချိန်းယူထားသည်။ ယင်းနေ့တွင် ညှိနှိုင်းမှု အဆင်မပြေပါက ဥပဒေကြောင်းအရ တရားစွဲဆိုသည့်အပိုင်းကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

The post ထိုင်းနိုင်ငံ၊ လယောင်မြို့ရှိ ဇွန်းခက်ရင်းစက်ရုံမှ မြန်မာလုပ်သား ၇၀ ကျော် နစ်နာကြေးမပေးဘဲ အကြောင်းမဲ့ အလုပ်ထုတ်ခံရ appeared first on Khit Thit Media.

ဖားကန့်မြို့နယ်၊ လုံးခင်းဈေးသို့ ဈေးဝယ်လာသည့် ပြည်သူ့ဆိုင်ကယ် အစီး ၃၀ ကျော်ကို စစ်တပ်က သိမ်းဆည်းပြီး ကားသမားများနှင့် ပြည်သူများထံမှလည်း အတင်းအဓမ္မ ငွေညှစ်နေ
ရန်ကုန်၊ မေ ၈

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းဈေးအတွင်းသို့ ဈေးဝယ်လာသည့် ပြည်သူများထံမှ ဆိုင်ကယ်အစီး ၃၀ ကျော်ကို စစ်တပ်က သိမ်းဆည်းသွားသည့်အပြင် ကားသမားများနှင့် ပြည်သူများထံမှလည်း ငွေများ အတင်းအဓမ္မ လုယက်သွားကြောင်း ဖားကန့်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ မေလ ၈ ရက် နံနက် ၇ နာရီဝန်းကျင်က ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ အောက်ဈေး (ခ) ရွာလယ်ဈေးအတွင်း၌ စစ်သားများက ဈေးဝယ်လာသည့် ပြည်သူများ၏ ဆိုင်ကယ်များကို အတင်းအဓမ္မ သိမ်းဆည်းသည့်အပြင် ကားသမားများ၊ ဈေးဝယ်လာသူများထံမှ ငွေကြေးများကိုလည်း အတင်းအဓမ္မ ဓားပြတိုက်ယူသွားကြောင်း သိရသည်။

“ဒီနေ့မနက် ၇ နာရီဝန်းကျင်လောက်က ဈေးလမ်းလမ်းကြားထဲကနေ လာသမျှ ကားတွေ၊ ဆိုင်ကယ်တွေ ပိုက်ဆံတောင်းနေတာ။ ကားတွေက ပိုက်ဆံတောင်းပြီး ပြန်လွှတ်ပေမဲ့ ဆိုင်ကယ်တွေကတော့ အကုန်လုံး သိမ်းထားလိုက်တယ်။ လူတွေကတော့ ခြေလျင်ပြန်ကြရတာ။ ဆိုင်ကယ်အစီး ၃၀ လောက် မသွားတယ်။ ဆိုင်ကယ်များကို ဓားပြတိုက်သွားတာ။ လုံးခင်းက ဈေး ၂ ခု ရှိတာ၊ အပေါ်ဈေး၊ အောက်ဈေးပေါ့၊ အောက်ဈေးက အစည်ဆုံးပဲ။ အဲဒီအောက်ဈေး ရွာလယ်ခေါင် လမ်းကြားထဲမှာ ဓားပြတိုက်နေတာ။ သူတို့ ဒီဆိုင်ကယ်တွေနဲ့ ကာမိုင်းလမ်းကြောပေါ် လာဖို့လား၊ လုံးခင်းထဲရှိနေတဲ့ စစ်ကြောင်းတွေ ဒီဆိုင်ကယ်တွေနဲ့ တခြားတစ်နေရာကို သွားဖို့လား။ ရည်ရွယ်ချက်ကတော့ ဘယ်လိုလာမလဲ မသိဘူး။ ပြည်သူတွေရဲ့ ဆိုင်ကယ်တွေ အတင်းလိုက်စုနေတာ” ဟု ဖားကန့်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုအတွင်း စစ်တပ်က တပ်ဖြန့်တပ်စွဲထားပြီး ပြည်သူလူထုအပေါ် ဓားပြတိုက်ခြင်း၊ ခြိမ်းခြောက်ငွေတောင်းခြင်း၊ လမ်းသွားလမ်းလာ ပြည်သူများကို ကင်းပုန်းဝပ်ကာ ပစ်သတ်ခြင်းတို့ လုပ်ဆောင်လျက်ရှိကြောင်း၊ ပြီးခဲ့သည့် ဧပြီလ ၂၅ ရက် ည ၁၁ နာရီခန့်ကလည်း အဆိုပါ လုံးခင်းကျေးရွာအုပ်စု ရပ်ကွက် ၃ ရှိ နေအိမ်တစ်လုံးအတွင်းသို့ Mask တပ်ထားသည့် စစ်သား ၅ ဦးက G3 အမျိုးအစား သေနတ်များကိုင်ဆောင်ပြီး ဓားပြဝင်တိုက်ခိုက်ခဲ့ရာ ငွေသား၊ ရွှေထည်ပစ္စည်းများအပါအဝင် ကာလတန်ဖိုး ကျပ်သိန်း ၄၀၀ ခန့် ယူသွားကြောင်း သိရသည်။

ယင်းအကြမ်းဖက်စစ်သားများကို KIA ပူးပေါင်းတပ်ဖွဲ့ကလည်း တိုက်ခိုက်ချေမှုန်းလျက်ရှိရာ ပစ်ခတ်သံများ မကြာခဏ ကြားနေရကြောင်း၊ ထို့အပြင် စစ်ကောင်စီတပ်ကလည်း ယနေ့ မေလ ၈ ရက် နံနက် ၁၀ နာရီခန့်က ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုရှိ မလောင်မှော်အတွင်းရှိ “မြဥယျဉ်” ကျောက်စိမ်းကုမ္ပဏီ လုပ်ကွက်ဆိုက်ထဲသို့ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲချခဲ့ကြောင်း၊ ထို့အပြင် မှော်စီစာဘုရားကုန်း၊ သာယာကုန်းနှင့် မလောင်မှော် အနီးတစ်ဝိုက်တွင်လည်း လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ပြည်သူများ၏ ဆိုင်ကယ်များကို ဖမ်းဆီး သိမ်းဆည်းနေသော အကြမ်းဖက်စစ်တပ်နှင့်ရဲများ။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

The post ဖားကန့်မြို့နယ်၊ လုံးခင်းဈေးသို့ ဈေးဝယ်လာသည့် ပြည်သူ့ဆိုင်ကယ် အစီး ၃၀ ကျော်ကို စစ်တပ်က သိမ်းဆည်းပြီး ကားသမားများနှင့် ပြည်သူများထံမှလည်း အတင်းအဓမ္မ ငွေညှစ်နေ appeared first on Khit Thit Media.

ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၁၁၀ ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီး
ရန်ကုန်၊ မေ ၈

ထိုင်းနိုင်ငံ၊ ဖိစနုလုခ်ခရိုင်၊ ဖရုံဖိရမ်းမြို့နယ်အတွင်း တရားမဝင် ဝင်ရောက်လာသည့် မြန်မာလုပ်သား ၁၁၀ ဦးကို ထိုင်းရဲတပ်ဖွဲ့ က ဖမ်းဆီးလိုက်ကြောင်း ထိုင်းသတင်းများအရ သိရှိရသည်။

ယနေ့ မေလ ၈ ရက်နေ့ နံနက်အစောပိုင်းတွင် ဖရုံဖိရမ်းမြို့နယ်အတွင်းရှိ လမ်းမကြီးအမှတ် ၁၁ ပေါ်တွင် မြန်မာလုပ်သားများ ပြည့်နှက်နေအောင် တင်ဆောင်လာသည့် ပစ်ကပ်ကား ၁၀ စီးခန့်ကို ထိုင်းအဝေးပြေးရဲတပ်ဖွဲ့က တွေ့ရှိသဖြင့် စစ်ဆေးရန် ကြိုးပမ်းခဲ့ကြောင်း၊ ရှေ့ဆုံးမှ ကားက ထိုင်း ရဲတပ်ဖွဲ့ကို မြင်တွေ့သွား၍ လမ်းကြောင်းပြောင်းကာ ထွက်ပြေးခဲ့ပြီး ကျန်ရှိသည့် ကားများမှာလည်း အနီးနားရှိ တောအုပ်များအတွင်းသို့ လူစုခွဲကာ ထွက်ပြေးခဲ့ကြကြောင်း သိရှိရသည်။

ယင်းနောက် ထွက်ပြေးသွားသော ကားများနှင့် မြန်မာများကို ထိုင်းရဲတပ်ဖွဲ့နှင့် ထိုင်းအာဏာပိုင်များက ပူးပေါင်း ပိတ်ဆို့ရှာဖွေခဲ့ရာ မြန်မာလုပ်သား ၁၁၀ ဦးနှင့် ပို့ဆောင်ပေးသူ တချို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူများကို စစ်ဆေးမေးမြန်းချက်အရ မြန်မာလုပ်သားများကို ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့မှတစ်ဆင့် ထိုင်းနိုင်ငံ အလယ်ပိုင်းဒေသများသို့ ပို့ဆောင်ပေးရန် ဖြစ်ပြီး တစ်ဦးလျှင် ပွဲစားခ ထိုင်းဘတ်ဘတ် ၂၀,၀၀၀ ပေးဆောင်ခဲ့ရကြောင်း သိရသည်။

လက်ရှိချိန်တွင် ဖမ်းဆီးရမိသည့် မြန်မာလုပ်သား ၁၁၀ ဦးလုံးကို “ခွင့်ပြုချက်မရှိဘဲ နိုင်ငံအတွင်း ဝင်ရောက်နေထိုင်မှု” ဖြင့် သက်ဆိုင်ရာ ရဲစခန်းများသို့ လွှဲပြောင်းကာ ဥပဒေအရ အရေးယူနိုင်ရန် ဖရုံဖိရမ်းမြို့နယ်ရဲစခန်းသို့ ပို့ဆောင်ကာ ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။

The post ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၁၁၀ ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီး appeared first on Khit Thit Media.