30 C
Yangon
- Advertisement -spot_img

TAG

Crime

ကလေးမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်က ထောက်ကြန့်ရွာကို ဝင်ရောက်စီးနင်းပြီး ပြည်သူ ၄၀ ခန့်ကို ဖမ်းဆီးကာ နေအိမ်များကိုလည်း မီးရှို့နေ

ရန်ကုန်၊ အောက်တိုဘာ ၂၈ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ကလေး-ဂန့်ဂေါ လမ်းပိုင်းကို စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ထောက်ကြန့်ရွာကို ဝင်ရောက်စီးနင်းပြီး စစ်ဘေးရှောင် ပြည်သူ ၄၀ ခန့်ကို ဖမ်းဆီးထားကာ နေအိမ်များကိုလည်း မီးရှို့နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ အောက်တိုဘာလ ၂၇...

နေပြည်တော် ကင်းသာ ၂ ရဲဘက်စခန်းတွင် စခန်းတာဝန်ခံနှင့် လက်ထောက်ကြီးကြပ်ရေးမှူး ထင်လင်းဦးက အကျဉ်းသားများကို ငွေကြေးခြိမ်းခြောက်တောင်းခံသည့် အပြင် ရိုက်နှက်ဖိနှိပ်ခြင်းများ အကြီးအကျယ်လုပ်နေ

ရန်ကုန်၊ အောက်တိုဘာ ၂၆ နေပြည်တော် ကင်းသာ ၂ ရဲဘက်စခန်းတွင် စခန်းတာဝန်ခံနှင့် လက်ထောက်ကြီးကြပ်ရေးမှူး ထင်လင်းဦးက အကျဉ်းသားများကို ငွေကြေးခြိမ်းခြောက်တောင်းခံသည့် အပြင် ရိုက်နှက်ဖိနှိပ်ခြင်းများ အကြီးအကျယ်လုပ်နေကြောင်း အကျဉ်းဦးစီးဌာနသတင်းရင်းမြစ်က ပြောဆိုသည်။ ကင်းသာ ၂ ရဲဘက်အကျဉ်းစခန်းအတွင်းတွင် အကျဉ်းသားများအနေဖြင့် လွတ်လပ်စွာ နေထိုင်ခွင့် ရှိသည့် ကြက်ခြံတွင် နေမည်ဆိုလျှင်...

မြဝတီမြို့နယ်၊ မင်းလက်ပံရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၂ နှစ်အရွယ် ကလေးငယ်နှင့် မိခင်ဖြစ်သူတို့ ပွဲချင်းပြီးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၂၂ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မင်းလက်ပံရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် အသက် ၂ နှစ်အရွယ် ကလေးငယ်နှင့် မိခင်ဖြစ်သူတို့ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ အောက်တိုဘာလ ၂၂ ရက်နေ့ မွန်းလွဲ...

ဝက်လက်၊ ရွာသာကြီးရွာအနီးကို စစ်တပ်က ဂျက်ဖိုက်တာ ၃ စီး၊ Gyrocopter ၄ စီးတို့ဖြင့် ယနေ့ ညနေပိုင်းထိ ဗုံးကျဲ တိုက်ခိုက်နေ၊ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရ

ရန်ကုန်၊ အောက်တိုဘာ ၂၁ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွာသာကြီးရွာအနီးကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၃ စီး၊ Gyrocopter ၄ စီးတို့ဖြင့် ယနေ့ ညနေပိုင်းထိ ဗုံးကျဲ တိုက်ခိုက်နေ၍ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း Wetlet Informational Network...

မိုးကုတ်မြို့ ဘုရားငါးဆူအနီးဝန်းကျင်နှင့် ဖူဆယ်ဘောလုံးကွင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ကလေးငယ် ၃ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၂၁ အကြမ်းဖက်စစ်တပ်က မိုးကုတ်မြို့ ဘုရားငါးဆူအနီးဝန်းကျင်နှင့် ဖူဆယ်ဘောလုံးကွင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ကလေးငယ် ၃ ဦးသေဆုံးသွားကြောင်း မိုးကုတ်ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ အောက်တိုဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က မိုးကုတ်မြို့...

လောင်းလုံးမြို့နယ် မောင်းမကန်ကမ်းခြေအနီးရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်နေ၍ ပင်လယ်ကမ်းစပ်ရှိ ကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများဘေးလွတ်ရာ ထွက်ပြေးနေရ

ရန်ကုန်၊ အောက်တိုဘာ ၂၁ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် မောင်းမကန်ကမ်းခြေအနီးရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်နေ၍ ပင်လယ်ကမ်းစပ်ရှိ ကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း ဒေသပြည်သူများနှင့် စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ အောက်တိုဘာလ ၁၉ ရက်နေ့ နံနက်အစောပိုင်းမှ...

ဝက်လက်မြို့နယ်၊ ရွာသာကြီးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ပြီး မြေပြင်စစ်ကြောင်းကလည်း ပြည်သူ ၅၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီး စစ်ကြောင်းထိုး

ရန်ကုန်၊ အောက်တိုဘာ ၂၁ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွာသာကြီးရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ နံနက်ပိုင်းမှ စတင်ပြီး လေယာဉ်၊ Gyrocopter များဖြင့် ဗုံးပတ်ကျဲနေပြီး မြေပြင်တွင်လည်း အကြမ်းဖက် စစ်တပ်က ပြည်သူ ၅၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး စစ်ကြောင်းထိုးနေကြောင်း ဒေသပြည်သူများနှင့်...

သထုံတွင် ဗိုလ်မှူး ဆန်းဝင်းအောင်နှင့် ခရိုင်ရဲမှူး ဒုရဲမှူးကြီး မြင့်နိုင်တို့ ပူးပေါင်း၍ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးပြီး လူငယ် ၁ ဦးလျှင် သိန်း ၅၀ ဖြင့် ငွေညှစ် ပြန်ရွေးခိုင်း၊ ငွေကြေးမတတ်နိုင်သူများကို စစ်မှုထမ်းသင်တန်းကျောင်းပို့ဆောင်

ရန်ကုန်၊ အောက်တိုဘာ ၂၁ မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မြို့နယ်စီမံကောင်စီဝင် ဗိုလ်မှူး ဆန်းဝင်းအောင်နှင့် ခရိုင်ရဲမှူး ဒုရဲမှူးကြီး မြင့်နိုင်တို့ ပူးပေါင်း၍ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးပြီး လူငယ် ၁ ဦးလျှင် သိန်း ၅၀ ဖြင့် ပြန်ရွေးခိုင်းနေကြောင်း ဖမ်းဆီးခံရသော လူငယ်တချို့၏ မိဘဆွေမျိုးများက...

ထိုင်းနိုင်ငံသို့ အလုပ်ဖြင့် ပို့ဆောင်ပေးမည်ဟုဆိုကာ လူ ၁၀၀ ဦးထံမှ ဝန်ဆောင်ခ သိန်းထောင်ချီ ရယူထားသော ပွင့်ဖူးအောင်နှင့် နှင်းဦးဝေ အေဂျင်စီတို့က ထိုင်းသို့ ပို့ဆောင်ပေးခြင်းမရှိသည့်အပြင် ငွေလည်း ပြန်မပေး

ရန်ကုန်၊ အောက်တိုဘာ ၁၈ ထိုင်းနိုင်ငံသို့ အလုပ်ဖြင့် ပို့ဆောင်ပေးမည်ဟုဆိုကာ လူ ၁၀၀ ဦးထံမှ ဝန်ဆောင်ခ သိန်းထောင်ချီ ရယူထားသော ပွင့်ဖူးအောင်နှင့် နှင်းဦးဝေ အေဂျင်စီတို့က ထိုင်းသို့ ပို့ဆောင်ပေးခြင်းမရှိသည့်အပြင် ငွေလည်း ပြန်မပေးကြောင်း အဆိုပါအေဂျင်စီများနှင့် ပြည်ပထွက်ရန် ကြိုးပမ်းနေသည့် လူငယ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ထိုင်းနိုင်ငံသို့...

အရာတော်မြို့နယ်၊ သစ်ချိုကုန်းရွာ စာသင်ကျောင်းအနီးကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အသက် ၇ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၄ ဦး သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၁၇ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ သစ်ချိုကုန်းရွာ စာသင်ကျောင်းအနီးကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၇ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၄ ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက...

Latest news

- Advertisement -spot_img