27 C
Yangon
- Advertisement -spot_img

TAG

Crime

ကိုးတောင်ဘို့၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို PDF တပ်ဖွဲ့မှ ဝင်တိုက်၊ PDF တစ်ဦးကျဆုံးကာ (၃)ဦးဒဏ်ရာ၊ ချင်းမြစ်ကြောင်းအတွင်း အကြမ်းဖက်စစ်သင်္ဘောတစ်စီးကို တစ်ဖက် ပွင့်ပြောင်းဖြင့် တိုက်ခိုက်

ရန်ကုန်၊ ဒီဇင်ဘာ ၁၂ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ဒေသ၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ် စခန်းကို PDF တပ်ဖွဲ့မှ ယနေ့ ဒီဇင်ဘာလ ၁၂ ရက် နံနက်အစောပိုင်း ၁ နာရီခန့်က ဝင်ရောက်တိုက်ခိုက် ခဲ့ရာ PDF တပ်ဖွဲ့ဝင်(၃)ဦးကျဆုံးပြီး (၃)ဦးဒဏ်ရာရရှိကာ အကြမ်းဖက်စစ်ကောင်စီတပ်မှ ရဟတ်ယာဉ်...

မြောင်မြို့နယ်၊ ဖွားစောကျေးရွာ၊ ဒီပဲယင်းနှင့်ရေဦးရှိ ကျေးရွာများကို စစ်တပ်က ဆက်တိုက် မီးတင်ရှို့ ၊ ပြည်သူများ ထွက်ပြေးနေရပြီး အကူအညီလိုနေ

ရန်ကုန်၊ ဒီဇင်ဘာ ၁၂ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ဖွားစောကျေးရွာကို စစ်တပ်က ဒီဇင်ဘာလ ၁၁ ရက်နေ့ တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး အကြောင်းမဲ့ မီးဝင်ရှို့သွား သဖြင့် ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ပြောသည်။ ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် မြောင်မြို့နယ်၊...

ကောလင်းတွင် စစ်တပ်က ကျေးရွာ ၂ ရွာကို မီးရှို့ဖျက်ဆီးမှု နေအိမ် ၆၉ လုံးပြာကျ၊ ကျေးရွာ ၂၃ ခုမှ ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရ

ရန်ကုန်၊ ဒီဇင်ဘာ ၁၂ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက်စစ်တပ် ၃ ရက်ဆက်တိုက် စီးနင်းနေပြီး ကျေးရွာ ၂ ခုမှ နေအိမ် ၆၉ လုံး မီးလောင်ပြာပျခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန် ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ ဒီဇင်ဘာ ၉ ရက်နေ့မှ စတင်ကာ...

ဒီပဲယင်းမြို့နယ်၊ နများရွာကို စစ်တပ် ၂ ကြိမ် မီးရှို့ဖျက်ဆီးမှု နေအိမ် ၄၀၀ ကျော်ပြာကျ

ရန်ကုန်၊ ဒီဇင်ဘာ ၁၁ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် နများရွာကို အကြမ်းဖက် စစ်တပ်က ၂ ကြိမ် မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၄၀၀ ကျော်ပြာကျခဲ့ကြောင်း စစ်ဘေးရှောင်များအရေး ကူညီစောင့်ရှောက်နေသည့် S&C အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ ဒီဇင်ဘာလ ၄ ရက်နှင့်...

ဒီပဲယင်းရှိ ကျေးရွာ ၈ ရွာကို စစ်တပ်က တစ်ရက်တည်း မီးတင်ရှို့၊ ပိဋကပ်ကျရွာကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီးနေ

ရန်ကုန်၊ ဒီဇင်ဘာ ၁၀ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာ ၈ ရွာကို အကြမ်းဖက် စစ်တပ်က တစ်ရက်တည်း မီးတင်ရှို့နေကြောင်း ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ထံမှ သိရသည်။ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ဒီပဲယင်းမြို့နယ် အတွင်းရှိ ဝဲကြီး၊ ညောင်လှ၊ သရက်တော၊ ချောင်းပေါက်၊...

ထောင်ပိုင်ကို ညီလေးဟု ခေါ်မိသဖြင့် နိုင်ငံရေးအကျဥ်းသားတစ်ဦး ပြင်းပြင်းထန်ထန် နှိပ်စက်ခံရ၊ လက်ကျိုးကာ ဦးခေါင်း သွေးခဲဒဏ်ရာများဖြင့် သတိလစ်မေ့မြော

ရန်ကုန်၊ ဒီဇင်ဘာ ၁၀ အင်းစိန်ထောင်အတွင်း ဒီဇင်ဘာလ ၆ ရက်နေ့တွင် ထောင်ပိုင်ကို "ညီလေး" ဟု လှမ်းခေါ်မိ၍ နိုင်ငံရေးအကျဉ်းသား ကိုသတိုး (ခေါ်) ကိုဝင်းထွဋ်ဦး ပြင်းပြင်းထန်ထန်နှိပ်စက်ခံရပြီး လက်ကျိုးသွားကာ ဦးခေါင်းတွင်လည်း သွေးခဲ၍ သတိလစ်မေ့မြောသွားကြောင်း အင်းစိန်အကျဉ်းထောင်အတွင်းမှ စုံစမ်းသိရှိရသည်။ အင်းစိန်ထောင်တွင်းရှိ ဘုန်းကြီးကျောင်း၌ ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူသဖြင့်...

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စစ်ကောင်စီ သေဒဏ်ချမှတ်ခဲ့သော နိုင်ငံရေးအကျဉ်းသား ၁၃၈ ဦးရှိပြီး အကျဉ်းထောင်အတွင်း နှိပ်စက်မှုကြောင့် နိုင်ငံရေး အကျဉ်းသား ၁၈ ဦးကျဆုံးခဲ့

ရန်ကုန်၊ ဒီဇင်ဘာ ၁၀ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အကြမ်းဖက် စစ်ကောင်စီက နိုင်ငံရေး အကျဥ်းသား ၁၃၈ ဦးကို သေဒဏ်ချမှတ်ခဲ့ကြောင်း နိုင်ငံရေး အကျဥ်းသားများ ထုတ်ပြန်ချက်အရ သိရသည်။ အကြမ်းဖက် စစ်တပ် သေဒဏ်ချမှတ်ခဲ့သော နိုင်ငံရေး အကျဉ်းသား ၁၃၈ ဦးထဲမှ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့်...

ဘုတလင်မြို့နယ် ၊မြို့ပေါ်ရွာ နှင့် ထီးချိုင့်မြို့နယ်၊ ပေါက်ပင်ကွေ့ကျေးရွာကို စစ်တပ်က မီးတင်ရှို့နေ

ရန်ကုန်၊ ဒီဇင်ဘာ ၁၀ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ မြို့ပေါ်ရွာနှင့် ထီးချိုင့်မြို့နယ်၊ ပေါက်ပင် ကွေ့ ကျေးရွာကို စစ်ကောင်စီတပ်များက ယနေ့နံနက်ပိုင်း မီးတင်ရှို့နေကြောင်း ဒေသခံများက ပြောသည်။ ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက် ၈ နာရီအချိန် စစ်ကိုင်းတိုင်း၊ဘုတလင်မြို့နယ်၊မြို့ပေါ်ရွာကို စစ်တပ်က မီးတင်ရှို့နေကြောင်း၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်း...

ဘုတ်ပြင်း၊ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ ရတနာပုံ(မိုင်း)ရွာကို စစ်တပ်က ရွာလုံးကျွတ် ခြိမ်းခြောက် ရွှေ့ပြောင်းခိုင်း

ရန်ကုန်၊ ဒီဇင်ဘာ ၁၀ တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ ရတနာပုံ(မိုင်း)ရွာကို အကြမ်းဖက် စစ်တပ်က ရွာလုံးကျွတ် ခြိမ်းခြောက် ရွှေ့ပြောင်းခိုင်းကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ နိုဝင်ဘာလအတွင်း ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ ရတနာပုံ(မိုင်း)ရွာ အနီးအနား၌ အကြမ်းဖက် စစ်တပ်နှင့် ဒေသခံ ကာကွယ်ရေး...

ဒီပဲယင်းရှိ ကျေးရွာ ၄ ရွာကို စစ်တပ်က တစ်ရက်တည်း မီးတင်ရှို့ပြီး ကျေးရွာအတွင်းမှ ထွက်ပြေးတိမ်းရှောင်သော ပြည်သူများကို စစ်သားများက လိုက်လံပစ်ခတ်

ရန်ကုန်၊ ဒီဇင်ဘာ ၉ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်းရှိ ကျေးရွာ ၄ ရွာကို အကြမ်းဖက် စစ်တပ်က တစ်ရက်တည်း မီးတင်ရှို့ပြီး ရွာအတွင်းမှ တိမ်းရှောင်သည့် ပြည်သူများကို စစ်သားများက လိုက်လံ ပစ်ခတ်ခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ ဒီဇင်ဘာလ ၉ ရက်နေ့တွင် အကြမ်းဖက်...

Latest news

- Advertisement -spot_img