29 C
Yangon
- Advertisement -spot_img

TAG

Khit Thit Media

မတ္တရာ၊ ပြည်သာအေးကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေစဉ် PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်မှု စစ်သားများ ထွက်ပြေး၊ ခဲယမ်း တချို့ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဇွန် ၂၀ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ပြည်သာအေးကျေးရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေစဉ် PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ရာ စစ်သားများ ထွက်ပြေးသွားပြီး ခဲယမ်း တချို့ သိမ်းဆည်းရရှိခဲ့ကြောင်း မိုးကြိုးပြောက်ကျား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ ဇွန်လ...

မြန်မာ့ တော်လှန်ရေးအင်အားစုများကို အမေရိကန်၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက ချက်ချင်း တိုက် ရိုက် ကူညီထောက်ပံ့ပေးရန် မြန်မာ့အရေး အထူးအကြံပေး ကောင်စီ SAC-M က တိုက်တွန်း

ရန်ကုန် | ဇွန် ၂၀ အမေရိကန်အစိုးရ အပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာ့ တော်လှန်ရေးအင်အားစုတွေကို ချက်ချင်းတိုက်ရိုက်ကူညီထောက်ပံ့ပေးဖို့ကို မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)က တောင်းလိုက်ပါတယ်။ အမေရိကန်အစိုးရနဲ့ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေက မြန်မာနိုင်ငံက မြေပြင်အခြေအနေတွေလျင်မြန်စွာ ရုတ်ခြည်းပြောင်းလဲဖြစ်ပေါ်နေမှုတွေအပေါ် တုံ့ပြန်ဖို့ လိုအပ်ပြီး ခုခံတော်လှန်ရေးအင်အားစုတွေကို ပစ္စည်းပိုင်းဆိုင်ရာနဲ့ နိုင်ငံရေးဆိုင်ရာထောက်ပံ့မှုတွေ ပံ့ပိုးပေးဖို့...

အမေရိကန်တစ်ဒေါ်လာလျှင် ၄၄၅၀ ကျပ်၊ အခေါက်ရွှေတစ်ကျပ်သားလျှင် ၅၄ သိန်း ဝန်းကျင် စျေးတန်းဖြင့် အရောင်းအဝယ် လိုက်လာ

ရန်ကုန်၊ ဇွန် ၂၀ ပြည်တွင်းစီးပွားရေးစျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ၄၄၅၀ ကျပ်နှင့် အခေါက်ရွှေတစ်ကျပ်သားလျှင် ၅၄ သိန်းဝန်းကျင်ဖြင့် အရောင်းအဝယ်များရှိလာကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ဇွန်လ ၂၀ ရက်နေ့ ပြည်တွင်းပြင်ပ စျေးကွက်တွင် ဒေါ်လာနှင့် ရွှေ အရောင်းအဝယ်များ ပြန်လည် လည်ပတ်လာကြောင်း၊ အဓိကအားဖြင့် ရွှေအရောင်းနှင့် အဝယ်မျှတစွာဖြင့်...

ပခုက္ကူ၊ တင်းဂါတ်စစ်ဆေးရေးဂိတ်မှ ပျူစောထီး ၂ ဦးကို ဖမ်းဆီးရရှိခဲ့ပြီး စစ်ဆေးနေစဉ် ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံး

ရန်ကုန်၊ ဇွန် ၂၀ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ တင်းဂါတ်စစ်ဆေးရေးဂိတ်မှ အကြမ်းဖက်စစ် တပ် လက်ကိုင်တုတ် ပျူ စောထီး ၂ ဦးကို ဖမ်းဆီးရရှိခဲ့ကာ စစ်ဆေးမေးမြန်းနေစဉ် ခုခံ ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာ သေဆုံးသွားကြောင်း Young Force – UG တပ်ဖွဲ့က ပြောဆိုသည်။ ယမန်နေ့...

မင်းကင်းမြို့နယ်၊ ကံရွာရှိ စစ်တပ် စခန်းကို တိုက်ခိုက် သိမ်းပိုက်မှု စစ်ကောင်စီ တပ်သား ၄ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဇွန် ၂၀ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ကံရွာရှိ အကြမ်းဖက် စစ်တပ် စခန်းကို တိုက်ခိုက် သိမ်းပိုက်မှု စစ်ကောင်စီ တပ်သား ၄ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ပြည်သူ့တော်လှန်ရေးတပ်ဦး - PRF မှ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်လွန်းညီ က...

ဆီဆိုင်မြို့နယ်တွင် စစ်တပ်နှင့် PNO အဖွဲ့က စစ်အသုံးစရိတ်ဟုဆိုကာ တစ်အိမ်လျှင် ၅ သိန်းကျပ်မှ ၈ သိန်းကျပ် အထိ လိုက်လံကောက်ခံ

ရန်ကုန်၊ ဇွန် ၂၀ ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် PNO အဖွဲ့က စစ်အသုံးစရိတ်ဟုဆိုကာ တစ်အိမ်လျှင် ၅ သိန်းကျပ်မှ ၈ သိန်းကျပ် အထိ လိုက်လံကောက်ခံနေကြောင်း PNLA က ပြောဆိုသည်။ ဇွန်လ ၁၇ ရက်နေ့တွင် အကကြမ်းဖက် စစ်တပ် နှင့်...

Khit Thit သတင်းဌာန၏ ဇွန် ၂၀ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဇွန် ၂၀ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ ပဲခူးမြို့က နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ကို အကြမ်းဖက် စစ်ကောင်စီတပ်က ပစ်သတ်လိုက်မှုကြောင့် သံဃာ လောကအတွင်းမှာ ရိုက်ခတ်မှုတွေ ပြင်းထန် နေတယ်လို့ နာမည်ကျော် ဓမ္မကတိက ဆရာတော်တချို့က...

မြန်မာနိုင်ငံတွင် VPN နှင့် Facebook ပိတ်ဆို့သည့် စီမံချက်တွင် တရုတ် အင်တာနက် ဖြတ်တောက်ရေး Great Firewall ကို ဖော်ဆောင်ခဲ့သူ Fang Binxing ၏ ကုမ္ပဏီက ထဲထဲဝင်ဝင် ပါဝင်နေ

■ ပြည်တွင်း အင်တာနက်အသုံးပြုမှုများကို ကြားဖြတ် ဖမ်းယူနိုင်သည့်အပြင် VPN အသုံးပြုမှုများ အပါအဝင် လူပုဂ္ဂိုလ် တစ်ဦးချင်းစီ၏ အင်တာနက် အသုံး ပြုမှုများကို စစ်ကောင်စီက ထောက်လှမ်းနိုင် ရန်ကုန်၊ ဇွန် ၂၀ မြန်မာနိုင်ငံတွင် VPN နှင့် Facebook ပိတ်ဆို့သည့် လုပ်ငန်းတွင် တရုတ် အင်တာနက်ပိတ်ဆို့ဖြတ်တောက်ရေး...

ငါန်းဇွန်း၊ မြို့သာရဲစခန်းအနီး ဆက်ကြေးကောက်နေသော ရဲတစ်ဦးနှင့် ပျူစောထီးတစ်ဦးကို ကားဖြင့် ဝင်ရောက်ပစ်ခတ်မှု ၂ ဦး စလုံးသေဆုံး

ရန်ကုန်၊ ဇွန် ၂၀ မန္တလေးတိုင်း၊ ငါးဇွန်မြို့နယ်၊ မြို့သာနယ်မြေအထိုင်စခန်းမှ လမ်းမပေါ် ထွက်ပြီး ဆက်ကြေးကောက် နေသော ရဲ ၁ ဦးပျူစောထီး ၁ ဦးကို ကားဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ ဦးစလုံးသေဆုံး သွားကြောင်း နဂါးနီပြောက် ကျားတပ်ဖွဲ့ - မြင်းခြံမှ တာဝန်ရှိသူတစ်ဦးက...

မြန်မာ့အကျပ်အတည်းအတွက် အာဆီယံ ဘုံသဘောတူညီချက် ၅ ချက် အလုပ် မဖြစ်ဘဲ လမ်းပြ မြေပုံသစ် တစ်ရပ် ဖော်ဆောင်ရန် ကုလသမဂ္ဂလူ့အခွင့်အရေး မဟာမင်းကြီး တိုက်တွန်း

ရန်ကုန်၊ ဇွန် ၂၀ အကြမ်းဖက်စစ်ကောင်စီက မတရား စစ်အာဏာသိမ်းထားသော မြန်မာနိုင်ငံ၏ အကျပ်အတည်းကို ဖြေရှင်းရေးအတွက် အာဆီယံဘုံသဘောတူညီချက် ၅ ချက် သည် အလုပ်မဖြစ်တော့ဘဲ ယင်းကို ကျော်လွန်၍ လမ်းမြေပုံသစ်တစ်ရပ် ဖော်ဆောင်ရန် လိုအပ်နေပြီဖြစ်ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး Volker Turk က...

Latest news

- Advertisement -spot_img