27.2 C
Yangon
- Advertisement -spot_img

TAG

news

နေပြည်တော်ကို ဗဟိုပြု၍ ယနေ့ နံနက်အစောပိုင်း ငလျင်လှုပ်ခတ်ခဲ့ပြီး ပြည်သူများနှင့် Non-CDM ဝန်ထမ်းများ ထိတ်လန့် တုန်လှုပ်

ရန်ကုန်၊ ဧပြီ ၁၄ နေပြည်တော်ကို ဗဟိုပြု၍ ယနေ့ နံနက်အစောပိုင်း ငလျင်လှုပ်ခတ်ခဲ့ပြီး ပြည်သူများနှင့် Non-CDM ဝန်ထမ်းများ ထိတ်လန့် တုန်လှုပ်ခဲ့ကြောင်း ဝန်ထမ်းများနှင့်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ယနေ့ ဧပြီလ ၁၄ ရက်နေ့ နံနက် ၂ နာရီ ၃၂ မိနစ်အချိန် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အနီး...

စစ်ကိုင်းငလျင်ကြောင့် ပြည်သူ ထောင်ချီသေဆုံးခဲ့သော်လည်း နေပြည်တော်တွင် မင်းအောင်လှိုင်က သင်္ကြန်ပွဲလုပ် ပျော်ပါး၊ စိုးဝင်းနှင့်စစ်ဗိုလ်ချုပ်များအားလုံး သနပ်ခါး အလိမ်းခံခဲ့ကြပြီး ဓာတ်ပုံနှင့်ဗီဒီယိုများ ပြင်ပသို့ မပြန့်စေရန် တားမြစ်

ရန်ကုန်၊ ဧပြီ ၁၄ စစ်ကိုင်းငလျင်ကြီးကြောင့် ပြည်သူ ထောင်ချီသေဆုံးခဲ့ပြီး အပျက်အစီးကြီးမားခဲ့သော်လည်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်အရာရှိကြီးများမှာ နေပြည်တော်တွင် သင်္ကြန်ပွဲ ပြုလုပ် ပျော်ပါးကြကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။ မင်းအောင်လှိုင်၊ စိုးဝင်း၊ အောင်လင်းဒွေး အပါအဝင် ထိပ်တန်း စစ်အရာရှိကြီးများမှာ ဧပြီလ ၁၃ ရက်နေ့...

ဘုတလင်မြို့နယ်၊ အောင်သာရွာကို စစ်တပ်က သင်္ကြန်အကြိုနေ့ ညနေပိုင်းတွင် ဝင်ရောက် စီးနင်း မီးရှို့ပြီး ပြည်သူများကို လူသားဒိုင်း အဖြစ် ဖမ်းဆီးသွား

ရန်ကုန်၊ ဧပြီ ၁၃ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ အောင်သာရွာကို အကြမ်းဖက် စစ်တပ်က သင်္ကြန်အကြိုနေ့ ညနေပိုင်းတွင် ဝင်ရောက် စီးနင်း မီးရှို့ပြီး ပြည်သူများကို လူသားဒိုင်း အဖြစ် ဖမ်းဆီးသွားကြောင်း Budalin Mobile Team-BMT (ဘုတလင်မြို့နယ် ရွေ့လျားစစ်ကြောင်း) မှ တာဝန်ရှိသူ တစ်ဦးက...

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ အရှိန်မြှင့်နေပြီး အမိန့်ပေးစေခိုင်းသူ နှင့်လုပ်ဆောင်သူများကို အရေးယူနိုင်ရေး ကြိုးပမ်းနေဟု IIMM ပြော

ကယန်းအမျိုးသားနေ့တွင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ကယန်းပြည်သစ်ပါတီက ကန့်ကွက်ရှုတ်ချ ရန်ကုန်၊ ဧပြီ ၁၁ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ အရှိန်မြှင့်လာကြောင်း ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးယန္တရား IIMMက သတင်းထုတ်ပြန်ပြောဆိုလိုက်သည်။ လွန်ခဲ့သော နှစ်နှစ်တွင်၊ မြန်မာစစ်တပ်သည် စစ်ကိုင်းတိုင်းဒေသကြီးရှိ ပဇီကြီးကျေးရွာကို လေကြောင်းမှတိုက် ခိုက်ခဲ့ရာ ကလေးများအပါအဝင် အနည်းဆုံး လူပေါင်း ၁၅၅ ဦး...

တောင်သာ၊ သဲတောရွာကို စစ်တပ်က စက်တပ်လေထီးဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မီးလောင်ဗုံးများဖြင့် ကျဲချ တိုက်ခိုက်မှု ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၅ လုံး မီးလောင်ပြာကျ

ရန်ကုန်၊ ဧပြီ ၁၁ မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ သဲတောရွာကို အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မီးလောင်ဗုံးများဖြင့် ကျဲချ တိုက်ခိုက်ရာ ပြည်သူ ၁ ဦး ထိခိုက် ဒဏ်ရာရပြီး နေအိမ် ၅ လုံး မီးလောင်ပြာကျခဲ့ကြောင်း တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီမှ တာဝန်ရှိသူ...

ကောလင်းမြို့နယ်၊ ကချင်ကုန်းရွာအနီး တစ်ဝိုက်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံး ၂ လုံးကျဲချ၊ ၁ လုံးပေါက်ကွဲပြီး ကျန် ၁ လုံးမပေါက်ကွဲဘဲ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဧပြီ ၁၁ စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် အရှေ့ခြမ်း ကချင်ကုန်းရွာတစ်ဝိုက်ကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်သွားကြောင်း Kawlin Info မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ ဧပြီလ ၁၁ ရက်နေ့ နံနက် ၃ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် အကြမ်းဖက်စစ်တပ်က လေကြောင်းနှင့် ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး...

ပခုက္ကူမြို့ဂေါက်ကွင်းမှ ညပိုင်း ပြန်လာသည့် ကပစ ၂၄ မှ ဗိုလ်မှူးသော်ဇင်ဦးနှင့် စစ်တပ်ဒေါက်တိုင် အိမ် ဖြူတော် KTV ပိုင်ရှင်ဖြစ်သူ မြင့်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဧပြီ ၁၁ မကွေးတိုင်း၊ ပခုက္ကူမြို့ဂေါက်ကွင်းမှ ပြန်လာသည့် ကပစ ၂၄ မှ ဗိုလ်မှူး သော်ဇင်ဦးနှင့် စစ်တပ် ဒေါက်တိုင် အိမ်ဖြူတော် KTV ပိုင်ရှင် မြင့်ဦးတို့ ပစ်ခတ်ခံရပြီးသေဆုံးသွားကြောင်း ဒေသနေပြည် သူများနှင့် Earthquake People's Defense Force မှ...

မြင်းမူမြို့နယ်၊ စံတင်ကင်းရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၁ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရ၊ မြေပြင် စစ်တပ်စစ်ကြောင်းကလည်း နေအိမ်များကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဧပြီ ၁၁ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ စံတင်ကင်းရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ကလေးငယ် ၁ ဦး သေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဧပြီလ ၈ ရက်နေ့...

မြန်မာစစ်တပ်ကို စစ်လက်နက်ထောက်ပံ့နေသော တရုတ်နိုင်ငံပိုင်ကုမ္ပဏီ AVIC ၏ မိတ်ဖက် Airbus ဥရောပလေကြောင်းကုမ္ပဏီကြီး OECD တွင် တိုင်ကြားခံရ

ရန်ကုန်၊ ဧပြီ ၁၁ မိတ်ဖက်ဖြစ်သူ တရုတ်လေကြောင်း စက်မှုကော်ပိုရေးရှင်း (AVIC) ၏ မြန်မာစစ်တပ်ကို စစ်လေယာဥ်၊ လက်နက်နှင့် နည်းပညာထောက်ပံ့ပေးနေမှုများအပေါ် ဖိအားပေးအရေးယူခြင်း တစ်စုံတစ်ရာ မရှိခြင်းကြောင့်၊ အရပ်ဘက်အဖွဲ့အစည်းတစ်ခုက ဥရောပလေကြောင်းစီးပွားရေးလုပ်ငန်းကြီး Airbus ကို အရေးယူပေးရန် OECD သို့ ဧပြီ ၉ ရက်နေ့က...

ဆားလင်းကြီးမြို့မရဲစခန်းမှ နယ်ထိန်းဒုတပ်ကြပ် ၁ ဦး မိသားစုနှင့်အတူ လက်နက်ခဲယမ်းများယူဆောင်လာပြီး အလင်းဝင်

ရန်ကုန်၊ ဧပြီ ၁၁ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့မရဲစခန်းမှ နယ်ဒုတပ်ကြပ် ရဲလင်းသည် မိသားစုပါခေါ်ဆောင်ပြီး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ခဲ့ကြောင်း ယင်းမာပင်ခရိုင် အမှတ် ၁၆ တပ်ရင်းမှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ဧပြီလ ၉ ရက်နေ့ ညနေပိုင်း ဆားလင်းကြီးမြို့မရဲစခန်းမှ နယ်ထိန်း ဒုတပ်ကြပ် ရဲသည်...

Latest news

- Advertisement -spot_img