27.2 C
Yangon
- Advertisement -spot_img

TAG

news

သာစည်မြို့အနီးကို ဗဟိုပြု၍ ပြင်းအား ၅ ဒသမ ၅ အဆင့်ရှိ ငလျင်လှုပ်ခတ်၊ မိတ္တီလာ၊ ဝမ်းတွင်းနှင့်မြစ်သား အပါအဝင် နေရာအများစုမှ ပြည်သူများ ထိတ်လန့်

တောင်ငူနှင့်ဝမ်းတွင်းတွင် ယနေ့ နံနက်ပိုင်း ငလျင်ငယ်များ လှုပ်နေပြီး နောက်ဆက်တွဲငလျင် လာနိုင်၍ သတိပြုကြရန် သတိပေး ရန်ကုန်၊ ဧပြီ ၁၁ မန္တလေးတိုင်း၊ သာစည်မြို့အနီးကို ဗဟိုပြု၍ ပြင်းအား ၅ ဒသမ ၅ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး ငလျင်ဒဏ်ကို မိတ္တီလာ၊ ဝမ်းတွင်းနှင့်မြစ်သား အပါအဝင်...

မကွေးတွင် စစ်အရာရှိကြီးတစ်ဦး၏ သားဖြစ်သူကို စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီးခဲ့သဖြင့် နတ်ရေကန်ရွာနှင့် ရွာသစ်ကလေးရွာ အုပ်ချုပ်ရေးမှူး ၂ ဦး ထွက်ပြေးရ

ရန်ကုန်၊ ဧပြီ ၁၁ မကွေးတိုင်း၊ မကွေးမြို့နယ်တွင် စစ်အရာရှိကြီးတစ်ဦး၏ ဆယ်ကျော်သက်အရွယ် သားဖြစ်သူကို စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီးခဲ့သဖြင့် နတ်ရေကန်ကျေးရွာနှင့် ရွာသစ်ကလေးကျေးရွာ အုပ်ချုပ်ရေးမှူး ၂ ဦး ထွက်ပြေးနေရကြောင်း အဆိုပါကျေးရွာနေထိုင်သော ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မတ်လ နှောင်းပိုင်းတွင် စစ်မှုထမ်းအပတ်စဉ် ၁၂ အတွက်...

ပြည်သူ့ကာကွယ်ရေးတပ်က ဖမ်းဆီးထားသည့် တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ်အောင်သက်ဦး ၂၀၂၁ ခုနှစ်တွင် အမှတ် ၁ စစ်ဗျူဟာမှူး အဖြစ် ရန်ကုန်မှ ပြည်သူများကို ပစ်ခတ်သတ်ဖြတ်မှုတွင် အဓိက ဦးဆောင်ပါဝင်ခဲ့

ရန်ကုန်၊ ဧပြီ ၁၁ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့သိမ်းတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်များက ဖမ်းဆီးထားသည့် တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ်​ အောင်သက်ဦးသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ အမှတ် ၁ စစ်ဗျူဟာအဖွဲ့မှ စစ်ဗျူဟာမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ရန်ကုန်မှ စစ်အာဏာရှင် ဆန္ဒပြ ပြည်သူများကို...

မြင်းခြံမြို့နယ်၊ ကျောက်ပြုတ်ရွာ၌ တပ်စွဲထားသော စစ်တပ်စခန်းကို ဝင်ရောက်သိမ်းပိုက်မှု စစ်သား ၁ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရ

ရန်ကုန်၊ ဧပြီ ၁၁ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကျောက်ပြုတ်ကျေးရွာ၌ တပ်စွဲထားသော စစ်တပ်စခန်းကို ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကြယ်တစ်ပွင့် တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ဧပြီလ ၉ ရက်နေ့...

တောင်ငူ၊ ဖယ်ခုံနှင့်တီးတိန်မြို့နယ်တို့တွင် စစ်တပ်က လေကြောင်းတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် ပြည်သူ ၂ ဦးထက်မနည်းသေဆုံးပြီး နေအိမ်များ ပျက်စီးမီးလောင်

ရန်ကုန်၊ ဧပြီ ၁၁ အကြမ်းဖက် စစ်ကောင်စီက တောင်ငူမြို့နယ်၊ ဖယ်ခုံနှင့်တီးတိန်မြို့နယ်တို့တွင် စစ်တပ်က လေကြောင်းတိုက် ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် ပြည်သူ ၂ ဦးထက်မနည်းသေဆုံးပြီး နေအိမ်များ ပျက်စီးမီးလောင်ကြောင်း ဒေသပြည်သူများနှင့် တော်လှန်ရေးသတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောဆိုသည်။ ဧပြီလ ၉ ရက်နေ့ နှင့်...

တောင်ကိုရီးယားက ငလျင်ဒဏ်ကြောင့် ပေးအပ်မည့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို စစ်ကောင်စီထံသို့ မပေးဘဲ နိုင်ငံတကာအဖွဲ့အစည်းများမှတဆင့်သာ မြန်မာပြည်သူများထံ ပေးအပ်မည်

ရန်ကုန်၊ ဧပြီ ၁၁ တောင်ကိုရီးယားနိုင်ငံက မြန်မာနိုင်ငံမှ ငလျင်ဒဏ်ကြောင့် ပေးအပ်မည့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို စစ်အုပ်စုထံသို့ မပေးဘဲ နိုင်ငံတကာအဖွဲ့အစည်းများမှတဆင့်သာ မြန်မာပြည်သူများထံ ပေးအပ်မည်ဖြစ်ကြောင်း တောင်ကိုရီးယားလွှတ်တော်အမတ် အီယုန်ဆွန်းက ပြောဆိုသည်။ ယမန်နေ့ ဧပြီလ ၁၀ ရက်နေ့ ကိုရီးယားလွှတ်တော်၌ ပြုလုပ်သော မြန်မာ့အရေးကြားနာပွဲတွင် ၎င်းက အထက်ပါအတိုင်း...

နေပြည်တော်မှ ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့သော ဝန်ကြီးဌာနရုံးများ အပါ အဝင် အဆောက်အအုံများ ပြန်လည် တည်ဆောက်ခွင့်အတွက် မင်းအောင်လှိုင်၏သား အောင်ပြည့်စုံပိုင်သောကုမ္ပဏီက လုပ်ပိုင်ခွင့် ရရှိမည်

ရန်ကုန်၊ ဧပြီ ၁၁ နေပြည်တော်မှ ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့သော ဝန်ကြီးဌာနရုံးများ အပါ အဝင် အဆောက်အအုံများ ပြန်လည် တည်ဆောက်ခွင့်အတွက် မင်းအောင် လှိုင်၏သား အောင်ပြည့်စုံပိုင်သော ဆောက်လုပ်ရေးကုမ္ပဏီများက လုပ်ပိုင်ခွင့် ရရှိမည်ဖြစ်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော စစ်ကိုင်းငလျင်ကြီးကြောင့် နေပြည်တော်၊...

တီးတိန်မြို့နယ်ကို ချင်းညီနောင်အဖွဲ့က ဆက်လက် တိုက်ခိုက်သိမ်းပိုက်မည်၊ ချင်းပြည်နယ်တစ်ခုလုံး၏ ၈၅ ရာခိုင်နှုန်းကျော် လွတ်မြောက်ခဲ့ပြီး သိမ်းပိုက်ရန် မြို့နယ် ၃ ခုသာကျန်တော့

ရန်ကုန်၊ ဧပြီ ၁၁ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ကို ချင်းညီနောင်အဖွဲ့က မကြာမီ ဆက်လက် တိုက်ခိုက်သိမ်းပိုက်မည်ဖြစ်ကြောင်း ချင်းညီနောင်အဖွဲ့က တရားဝင် ထုတ်ဖော်ပြောဆိုထားသည်။ ဧပြီလ ၉ ရက်နေ့ ဖလမ်းမြို့ကို ချင်းညီနောင်တပ်ဖွဲ့က သိမ်းပိုက်ရရှိပြီးနောက် တီးတိန်မြို့နယ်ကို ဆက်လက် တိုက် ခိုက်သွားမည်ဖြစ်ကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ် (CNO/CNDF) အထွေထွေအတွင်းရေးမှူး ဆလိုင်းဝီလီယံချင်းက...

တောင်သာမြို့နယ်၊ ဘီးနွယ်ကုန်း ကျေးရွာအနီး ပြည်သူများထံမှ ခြိမ်းခြောက်ငွေကြေး တောင်းရမ်းနေသော လက်နက်ကိုင် ဓားပြအဖွဲ့ကို အရှင်ဖမ်းမိ

တောင်သာမြို့နယ်၊ ဘီးနွယ်ကုန်း ကျေးရွာအနီး ပြည်သူများထံမှ ခြိမ်းခြောက်ငွေကြေး တောင်းရမ်းနေသော လက်နက်ကိုင် ဓားပြအဖွဲ့ကို အရှင်ဖမ်းမိ ရန်ကုန်၊ ဧ​ပြီ ၁၀ မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဘီးနွယ်ကုန်း ကျေးရွာအနီး ပြည်သူများထံမှ ခြိမ်းခြောက်ငွေကြေး တောင်းရမ်းနေသော လက်နက်ကိုင် ဓားပြအဖွဲ့ကို အရှင်ဖမ်းမိခဲ့ကြောင်း Taung Tha People Defense...

လူသောမြို့နယ်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၄ လုံးပျက်စီး

ရန်ကုန်၊ ဧပြီ ၁၀ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ လူသောမြို့နယ်ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦး ထိခိုက် ဒဏ်ရာရပြီး နေအိမ် ၄ လုံးပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။ ဧပြီလ ၈ ရက်နေ့ ညနေ...

Latest news

- Advertisement -spot_img