28.7 C
Yangon
- Advertisement -spot_img

TAG

news

မန္တလေးတွင် အသက် ၅ နှစ်အရွယ်ကလေး၊ ကိုယ်ဝန်ဆောင်သည်အမျိုးသမီးအပါအဝင် ၄ ဦးကို တရုတ်ကယ်ဆယ်ရေးအဖွဲ့ ညတွင်းချင်း ကယ်တင်

ရန်ကုန်၊ မတ် ၃၁ တရုတ်ကယ်ဆယ်ရေးအဖွဲ့နှင့် တရုတ် Ramunion Rescue ကယ်ဆယ်ရေး အဖွဲ့တို့ ပူးပေါင်း၍ မန္တလေးမြို့ Sky Villa ကွန်ဒိုတွင် နာရီ ၆၀ ကျော်ကြာ မြုပ်နေသည့် အသက် ၅ နှစ်အရွယ် ကလေး ၁ ဦး၊ ကိုယ်ဝန်ဆောင်...

ငလျင် လှုပ်ခတ်မှု အပေါ် စစ်တပ်က အခွင့်ကောင်းယူ နိုင်ငံရေး အမြတ် မထုတ်စေရေး အနီးကပ် စောင့်ကြည့်ရန် နိုင်ငံတကာကို KNU တိုက်တွန်း

ရန်ကုန်၊ မတ် ၃၁ မြန်မာနိုင်ငံအလယ်ပိုင်းကို အခြေပြု၍ ငလျင် လှုပ်ခတ်မှု အပေါ် စစ်တပ်က အခွင့်ကောင်းယူ နိုင်ငံရေး အမြတ် မထုတ်စေရေး အနီးကပ် စောင့်ကြည့်ရန် နိုင်ငံတကာကို KNU က တိုက်တွန်းလိုက်သည်။ ပြည်သူများ အတွက် ပေးအပ်သည့် လူသားချင်းစာနာထောက်ထားသည့် အကူအညီများအပေါ် အကြမ်းဖက်စစ် တပ်က...

“စစ်ကိုင်း ဆေးရုံနဲ့ မလှမ်းမကမ်းမှာတော့ သေနတ်တကားကားနဲ့ လုပ်နေတာ အင်အားက ၁၀ ဦးကနေ ၂၀ ဦးကြားဗျ။ ကမ်းနားလမ်းလည်း ပန်းခြံအကျော်မှာ အစောင့်ချပြီး ပိတ်ထားတယ်။ တကယ်ကြီးကြီးမားမား ထိခိုက်တဲ့ အဆောက်အအုံတွေဆို ရဲ၊ တပ်၊ ပျူစောထီးတွေနဲ့ ပိတ်ထားပြီး သာမန်အမှိုက်ရှင်းသလို လုပ်နေတယ် “

စစ်ကိုင်းမြို့သို့ ရောက်ရှိနေသူတစ်ဦး ဆက်သွယ်မေးမြန်းခြင်း By ရန်ကုန်ခေတ်သစ် စစ်ကိုင်းမြို့သည် မတ်လ ၂၈ ရက်နေ့ ငလျင်ဒဏ်ကို အပြင်းအထန် ခံစားခဲ့ရသော်လည်း ယမန်နေ့ မတ်လ ၃၀ ရက်နေ့ အထိ ကူညီကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိရန် အခက်အခဲရှိနေပြီး ပိတ်မိနေသူများကို ရှာဖွေကယ် ဆယ်ရန် အခက်အခဲများစွာ ကြုံတွေ့နေရဆဲဖြစ်သည်။ စစ်ကိုင်း၏...

စစ်ကိုင်းတွင် PDF များ ဝင်လာမည်ဆိုသော လုံခြုံရေး စိုးရိမ်ချက်ဖြင့် စစ်တပ်က ကယ်ဆယ်ရေးအဖွဲ့များကို ပိတ်ပင်ထားပြီး ကယ်ဆယ်ရေးလုပ်မည်ဆိုလျှင် စစ်တပ်နှင့်အုပ်ချုပ်ရေးအဖွဲ့ ထံမှ ခွင့်ပြုချက် ယူရမည်

ရန်ကုန်၊ မတ် ၃၁ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် PDF များ ဝင်လာမည်ဆိုသော လုံခြုံရေး စိုးရိမ်ချက်ဖြင့် စစ်တပ်က ကယ် ဆယ်ရေးအဖွဲ့များကို ပိတ်ပင်ထားကြောင်း စစ်ကိုင်းမြို့တွင် ရောက်ရှိနေသည့် ကယ်ဆယ်ရေးပရဟိတအဖွဲ့တစ်ခုက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ စစ်ကိုင်းတွင် ကယ်ဆယ်ရေး လုပ်မည်ဆိုပါက စစ်ကိုင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ စစ်ကိုင်းမြို့အခြေစိုက် တပ်မ...

မန္တလေးတွင် ယနေ့ နံနက် ၂ နာရီ ၄၆ မိနစ်အချိန် ငလျင် ထပ်မံ လှုပ်ခတ်ပြန်

ရန်ကုန်၊ မတ် ၃၁ မန္တလေးတွင် ယနေ့ နံနက် ၂ နာရီ ၄၆ မိနစ်အချိန် ငလျင် ထပ်မံ လှုပ်ခတ်ပြန်ကြောင်း မန္တလေးမှ ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ "ကျနော်တို့ မအိပ်ဘူး။ လမ်းမပေါ်မှာပဲ ဟိုတွေး၊ ဒီတွေးလုပ်နေတုန်း ၂ နာရီ ၄၆ မိနစ်မှာ...

မန္တလေး လေဆိပ်အဝင်လမ်းပေါ်ရှိ ဒုဌဝတီတံတား ငလျင်ဒဏ်ကြောင့် ပြိုကျသွားပြီး ကားတချို့ ပြုတ်ကျမှုရှိ

ရန်ကုန်၊ မတ် ၂၈ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ် အဝင်လမ်းပေါ်ရှိ ဒုဌဝတီတံတား ငလျင်ဒဏ်ကြောင့် ပြိုကျသွားပြီး ကားတချို့ ပြုတ်ကျမှုရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်း မြေငလျင်ကြောင့် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်...

နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးရုံး၊ အလုပ်သမားဝန်ကြီးရုံး အပါအဝင် ဝန်ကြီးဌာန အဆောက်အအုံများစွာ ပြိုကျပြီး အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ နိုင်ငံခြားရေးအရာရှိကြီး တချို့ အပါအဝင် ဝန်ထမ်းများ သေဆုံးမှုများပြား

ရန်ကုန်၊ မတ် ၂၈ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးရုံး၊ အလုပ်သမားဝန်ကြီးရုံး အပါအဝင် ဝန်ကြီးဌာန အဆောက်အအုံများစွာ ပြိုကျပြီး အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ နိုင်ငံခြားရေးအရာရှိတချို့ အပါအဝင် သေဆုံးမှုများရှိကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ မွန်းလွဲပိုင်း လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ဝန်ကြီးဌာနအဆောက်အအုံများ ပြိုကျမှုများဖြစ်ပွားခဲ့ကြောင်း၊ ထိုသို့ ပြိုကျစဉ်...

Breaking News – ငလျင်လှုပ်ခတ်ပြီး ၁၂ မိနစ်ခန့်အကြာ၊ စစ်ကိုင်းမြို့တောင်ဘက် ၁၈ ကီလိုမီတာခန့်အကွာကို ဗဟိုပြု၍ အင်အား ၆.၄ ငလျင် နောက်တစ်ကြိမ် ထပ်မံလှုပ်ခတ်

ရန်ကုန်၊ မတ် ၂၈ စစ်ကိုင်းမြို့၏ အနောက်မြောက်ဘက် ၁၆ ကီလိုမီတာအကွာတွင် မတ်လ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ် ဝန်းကျင်တွင် အင်အား ၇.၇ ပမဏရှိ အလွန်အားပြင်းသည့်ငလျင်လှုပ်ခတ်အပြီး ၁၂ မိနစ်ခန့်အကြာတွင် စစ်ကိုင်းမြို့တောင်ဘက်ပိုင်း ၁၈ ကီလိုမီတာခန့်အကွာကို...

Breaking News- ငလျင်ကြောင့် နေပြည်တော်လေဆိပ်၏ လေကြောင်းထိန်းသိမ်းရေး တာဝါ ကျိုးကျပြီး တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းအားလုံး သေဆုံး

ရန်ကုန်၊ မတ် ၂၈ ယနေ့ မွန်းလွဲပိုင်း လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် နေပြည်တော်လေဆိပ်၏ လေကြောင်းထိန်းသိမ်းရေး တာဝါ ကျိုးကျသွားပြီး တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းအားလုံး သေဆုံးကြောင်း နေပြည်တော် တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ "လေကြောင်းထိန်းသိမ်းရေးတာဝါတိုင်ကျိုးကျတာ။ အဲဒီမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းအားလုံး ဆုံးပါတယ်" ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က...

နေပြည်တော် ပေါင်းလောင်းဆည် ငလျင်ဒဏ်ကြောင့် တမံနှင့် နံရံများ ထိခိုက်ပျက်စီးမှုရှိ၍ ပြည်သူများ သတိပြုရန် လိုအပ်နေ၊ ရေဖောက်ချမှု ရှိ၊ မရှိ အတည်မပြုနိုင်သေး

ရန်ကုန်၊ မတ် ၂၈ နေပြည်တော် ပေါင်းလောင်းဆည် ငလျင်ဒဏ်ကြောင့် ပျက်စီးမှု ရှိခဲ့ကြောင်း သက်ဆိုင်ရာ ဆည်မြောင်းသတင်းရင်းမြစ်တချို့က ပြောဆိုသည်။ ယနေ့ မတ်လ ၂၈ ရက်နေ့တွင် စစ်ကိုင်းတိုင်းကို ဗဟိုပြု၍ လှုပ်ခဲ့သော အင်အားပြင်း မြေငလျင်ကြောင့် နေပြည်တော် ပေါင်းလောင်းဆည် ထိခိုက်မှုရှိခဲ့ကြောင်း၊ ဆည်တာတမံ နံရံများ၊ မြေသားနံရံကြီးများ...

Latest news

- Advertisement -spot_img