28.7 C
Yangon
- Advertisement -spot_img

TAG

news

ပေါင်းတည်တွင် နေအိမ်များကို မီးရှို့ဖျက်ဆီးနေသည့် စစ်ကြောင်းနှင့် တပ်စခန်းမှ ထွက်လာသော စစ်တပ်တို့ကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး

ရန်ကုန်၊ မတ် ၃၁ ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တွင် ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးနေသည့် စစ်ကြောင်းနှင့် အထိုင်တပ်စခန်းမှ ထွက်လာသော စစ်တပ်တို့ကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးခဲ့ကြောင်း 3601 PPDF တပ်ရင်း၏ စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံ Shadow က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မတ်လ...

ပခုက္ကူ နှင့် လွိုင်ကော်-ဆီဆိုင်လမ်းတွင် စစ်တပ်နှင့်တော်လှန်ရေးတပ်များတိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးကာ လက်နက် ၁ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ မတ် ၃၁ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်းရှိ ပျူစောထီးရွာ ၄ ရွာကို လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၁ ဦး သေဆုံးခဲ့ကြောင်း Cobra One Pakokku တပ်ဖွဲ့မှ တာဝန်ခံ ဗိုလ်မြွေဟောက်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ မတ်လ ၂၈ ရက် နံနက်...

ငလျင်ဒဏ်ခံစားရသော မြို့ ရွာ ပြန်လည်ထူထောင်ရေးလုပ်ငန်းနှင့် လူသားချင်းစာနာထောက်ထားသော အကူ အညီများကို KIO နှင့် ကချင်လူထုက ပံ့ပိုးကူညီမည်ဟု ကြေညာ

ရန်ကုန်၊ မတ် ၃၁ မြေငလျင်ဘေးဒဏ်ခံစားရသော ဒေသများမှ မြို့ ရွာ ပြန်လည်ထူထောင်ရေးလုပ်ငန်းနှင့် လူသားချင်းစာနာထောက်ထားသော အကူအညီများကို KIO နှင့် ကချင်လူထုတစ်ရပ်လုံးက တတ်နိုင်သမျှ ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့- KIO က ကြေညာချက်ထုတ်ပြန်သည်။ KIO တပ်ဖွဲ့ဝင်များအနေဖြင့် မြေငလျင်ဘေးဒဏ်သင့်ဒေသများသို့ သွားရောက် အကူအညီပေးရန် အခက်အခဲရှိနေသော်လည်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို...

နေပြည်တော် သမ္မတအိမ်တော်၊ စစ်ရုံးနှင့် ဝန်ကြီးဌာနရုံးများ ပြိုကျပျက်စီးသဖြင့် မင်းအောင်လှိုင်၊ စိုးဝင်းနှင့် ဝန်ကြီးများ ဖြစ်သလို အစည်းအဝေးလုပ်နေရပြီး စိုးဝင်းက အစိမ်းရောင်တာလပတ်ကာ အစည်းအဝေးလုပ်ရ

ရန်ကုန်၊ မတ် ၃၁ နေပြည်တော် သမ္မတအိမ်တော်၊ စစ်ရုံးနှင့် ဝန်ကြီးဌာနရုံးများ ပြိုကျပျက်စီးသဖြင့် မင်းအောင်လှိုင်၊ စိုးဝင်းနှင့် ဝန်ကြီးများ ဖြစ်သလို အစည်းအဝေးလုပ်နေရပြီး စိုးဝင်းက အစိမ်းရောင်တာလပတ်ကာ အစည်းအဝေးလုပ်နေရသည်။ မတ်လ ၂၉ ရက်နေ့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးကို အကြမ်း ဖက်ဒုစစ်ခေါင်းဆောင် စိုးဝင်းက လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးရုံး...

အကြမ်းဖက်စစ်ကောင်စီက ငလျင်ဘေးကူညီရေးဟုဆိုကာ စက်မှုဇုန်တစ်ဇုန်လျှင် ငွေကျပ်သိန်း ၂၀၀ အဓမ္မတောင်းခံ

ရန်ကုန်၊ မတ် ၃၁ အကြမ်းဖက်စစ်ကောင်စီက ငလျင်ဘေးကူညီရေးဟုဆိုကာ စက်မှုဇုန်တစ်ဇုန်လျှင် ငွေကျပ်သိန်း ၂၀၀ အဓမ္မတောင်းခံလာကြောင်း စစ်ကောင်စီက လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်း စက်မှုဇုန်ထံသို့ ပေးပို့သော စာအရ သိရှိရသည်။ မတ်လ ၂၈ ရက်နေ့ ဖြစ်ပွားခဲ့သော ငလျင်ဒဏ်ကြောင့် နေပြည်တော်၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းတို့တွင် ပျက်စီး ဆုံးရှုံးမှုများနှင့်...

Sky Villa ကွန်ဒို တောင်ဘက်ခြမ်းရှာဖွေမှု ရပ်နားသော်လည်း မြောက်ဘက်ခြမ်းတွင် ပိတ်မိနေသူများကယ်ဆယ်ရေး ဆက်လက်လုပ်ဆောင်

ရန်ကုန်၊ မတ် ၃၁ မန္တလေး Sky Villa ကွန်ဒို တောင်ဘက်ခြမ်း ပြိုကျမှုမှ ပိတ်မိသူများကို ရှာဖွေခြင်း ရပ်နားလိုက်သော်လည်း အဆိုပါကွန်ဒို၏ မြောက်ဘက်ခြမ်းအတွင်း ပိတ်မိနေသူများကို ရှာဖွေကယ်ဆယ်နိုင်ရေး ဆက်လက်လုပ်ဆောင်နေကြောင်း မြေပြင်တွင် ကယ်ဆယ်ရေးလုပ်ဆောင်နေသူများက ပြောကြားသည်။ Sky Villa ကွန်ဒိုတွင် အပျက်အစီးများအောက် ပိတ်မိနေသူများအားလုံး အသက်ရှင်လျက်...

ကျောက်ဖြူနှင့် ပေါင်းတည်မြို့နယ်တွင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ပြည်သူ ၁ ဦးနှင့် တော်လှန်ရေးရဲဘော် ၁ ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရရှိ

ရန်ကုန်၊ မတ် ၃၁ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်နှင့် ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တို့တွင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်နှင့် ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။ ယမန်နေ့ မတ်လ ၃၀ ရက်နေ့ ည ၇ နာရီ ၂၀ မိနစ်အချိန် အကြမ်းဖက် စစ်တပ်က ကျောက်ဖြူမြို့နယ်၊ ကုလဘာရွာကို...

ငလျင်ကြောင့် သေဆုံးသူ ၁၇၀၀ ကျော်ရှိဟု စစ်ကောင်စီက ထုတ်ပြန်နေသော်လည်း မြေပြင်တွင် သေဆုံးသူအရေ အတွက် အလွန်များနိုင်ဟု ကယ်ဆယ်ရေးအဖွဲ့တချို့ပြော

ရန်ကုန်၊ မတ် ၃၁ အကြမ်းဖက်စစ်ကောင်စီက မတ်လ ၃၁ ရက်နေ့အထိ ငလျင်ကြောင့် သေဆုံးသူ ၁၇၀၀ ကျော်ရှိကြောင်း ထုတ်ပြန် ပြောဆိုထားသော်လည်း အဆိုပါပမာဏမှာ မြေပြင်တွင်ဖြစ်ပေါ်နေသော အရေအတွက်က ပိုမိုများပြားနိုင်ကြောင်း ကယ်ဆယ်ရေးအဖွဲ့တချို့က ပြောဆိုသည်။ အကြမ်းဖက်စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ငလျင်ကြောင့် သေဆုံးသူ ၁၇၀၀ ကျော်ရှိလာပြီး...

စစ်ကိုင်းငလျင် ကယ်ဆယ်ရေး မလေးရှား SMART အဖွဲ့ စတင်

ရန်ကုန်၊ မတ် ၃၁ ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၇ ငလျင်ကြီး၏ ဗဟိုချက်နားတွင်ရှိပြီး ပျက်စီးမှုကြီးမားခဲ့သော စစ်ကိုင်းမြို့ ငလျင်ဘေးအတွင်း ပိတ်မိသူများကို ကယ်ဆယ်နိုင်ရေး မလေးရှား SMART အဖွဲ့ ယနေ့ (မတ်လ ၃၁ ရက်နေ့)တွင် စတင် လုပ်ဆောင်နေပြီဖြစ်ကြောင်း မလေးရှား...

ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကို အကြမ်းဖက်ဖြိုခွင်းရာတွင် ဦးဆောင်ပါဝင်ခဲ့သော စစ်ထောက် လှမ်းရေး ဗိုလ်မှူးကြီး ဟောင်း စန်းပွင့်၏ သမီးဖြစ်သူ ဒေါက်တာမေစန်းပွင့် စစ်ကိုင်းမြို့ငလျင်တွင် သေဆုံး

ရန်ကုန်၊ မတ် ၃၁ ရှစ်လေးလုံး အရေးတော်ပုံကာလ နိုင်ငံရေးလှုပ်ရှားသူများနှင့် ကျောင်းသားများကို ဖိနှိပ်သတ်ဖြတ်မှုများတွင် ဦး ဆောင် ပါဝင်ခဲ့သော စစ်ထောက်လှမ်းရေး ဗိုလ်မှူးကြီးဟောင်း စန်းပွင့်၏ တစ်ဦးတည်းသော သမီးဖြစ်သူ ဒေါက်တာမေစန်းပွင့်မှာ စစ်ကိုင်းမြို့ငလျင်တွင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။ စစ်ကိုင်းမြို့တွင် နေထိုင်သော ဒေါက်တာမေစန်းပွင့်သည် မတ်လ ၂၈ ရက်နေ့...

Latest news

- Advertisement -spot_img