29.6 C
Yangon
- Advertisement -spot_img

TAG

news

စစ်အာဏာသိမ်းပြီးနောက် ပဋိပက္ခများနှင့် စီးပွားရေးပြိုလဲမှုကြောင့် မြန်မာပြည်သူ ၁၅ သန်း ဆာလောင်မွတ်သိပ်နေပြီး စားနပ်ရိက္ခာ မလုံလောက်မှု အဆိုးရွားဆုံး ဖြစ်နေဟု WFP က သတိပေး

"ကုန်စျေးနှုန်းများ တက်နေသဖြင့် ပြည်သူများ ထမင်းအနပ်ရေလျှော့စားပြီး မ၀မလင်ဖြစ်နေရ" ရန်ကုန်၊ ဇန်နဝါရီ ၃၀ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် ပဋိပက္ခများအကြား မြန်မာပြည်သူ ၁၅ သန်းမှာ ဆာလောင်မွတ်သိပ်မှုဒဏ်ကို ရင်ဆိုင်ရမည်ဖြစ်ပြီး စားနပ်ရိက္ခာမလုံလောက်မှု အဆိုးရွားဖြစ်နေကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က သတိပေးသည်။ မြန်မာနိုင်ငံအတွင်း ဆာလောင်မွတ်သိပ်မှု အခြေအနေမှာ အလွန်ပြင်းထန်သည့်အဆင့်သို့...

ပုသိမ်တွင် လောင်းကစားဒိုင်တချို့ကို ရဲကဝင်ဖမ်းပြီး ငွေကျပ် သိန်းရာချီတောင်းယူ၍ ပြန်လွှတ်ပေး၊ ဧရာ၀တီတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးတင်ဇော်ထွန်းနှင့်လက်အောက်ခံရဲများက အဓိက လုပ်ဆောင်ခဲ့

ရန်ကုန်၊ ဇန်နဝါရီ ၃၀ ဧရာ၀တီတိုင်း၊ ပုသိမ်မြို့တွင် လောင်းကစားဒိုင်တချို့ကို ရဲကဝင်ဖမ်းပြီးနောက် ငွေကျပ် သိန်းရာချီတောင်းယူ၍ ပြန်လွှတ်ပေးလိုက်ပြီး အဆိုပါ လွှတ်ပေးမှုနောက်ကွယ်တွင် ဧရာ၀တီတိုင်းရဲတပ်ဖွဲ့ ရဲမှူးကြီး တင်ဇော်ထွန်းနှင့်လက်အောက်ခံရဲများက အဓိ က ပါဝင်ပတ်သက်လျက်ရှိကြောင်း ရဲသတင်းရင်းမြစ်က ပြောဆိုသည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်မှစတင်၍ ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်အတွင်းတွင် လောင်းကစား၀ိုင်များ...

ရန်ကုန်မြို့တွင် လာရောက် တိမ်းရှောင်နေသည့် စစ်ဘေးရှောင်ပြည်သူ အရေ အတွက် စစ်ကောင်စီက စတင်ကောက်ယူနေပြီး တော်လှန် ရေးတပ်ဖွဲ့နှင့် ဆက် နွယ်သူများကိုပါ စိစစ် ဖမ်းဆီးရန်ရှိနေ

ရန်ကုန်၊ ဇန်နဝါရီ ၃၀ မြန်မာနိုင်ငံတစ်ဝန်းမှ ရန်ကုန်မြို့သို့ လာရောက် တိမ်းရှောင်နေသည့် စစ်ဘေးရှောင်အရေအတွက်ကို အကြမ်းဖက် စစ်ကောင်စီက စတင်ကောက်ယူနေကြောင်း လှိုင်သာယာမြို့နယ်အနောက်ပိုင်း အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သော သတင်းရင်းမြစ်က ပြော ဆိုသည်။ ရန်ကုန်မြို့ပေါ်တွင် အကြမ်းဖက် စစ်တပ်က စစ်ဘေးတိမ်းရှောင်လာသူများကို ထောက်ပံ့မည်ဟုဆိုကာ အိမ်ထောင်စု လူဦး ရေ စာရင်းများ...

မြန်မာနိုင်ငံမှ ကျောင်းသားများအတွက် ပေးအပ်နေသည့် အမေရိကန်ဒေါ်လာ ၄၅ သန်းတန်ဖိုးရှိ ပညာသင်ဆုများကို သမ္မတထရမ့် အမိန့်ဖြင့် ရပ်ဆိုင်း ၊ အီလွန်မက်ဦးဆောင်သော Department of Government Efficiency က ပညာသင်ဆုရပ်ဆိုင်းရေး အဓိက အခန်းကဏ္ဍမှ ဦးဆောင်ပါဝင်ခဲ့

ရန်ကုန်၊ ဇန်နဝါရီ ၃၀ မြန်မာနိုင်ငံမှ ကျောင်းသားများအတွက် ပေးအပ်နေသည့် အမေရိကန်ဒေါ်လာ ၄၅ သန်းတန်ဖိုးရှိ ပညာသင်ဆုများကို သမ္မတ ထရမ့်အမိန့်ဖြင့် အမေရိကန်အစိုးရက ရပ်ဆိုင်းကြောင်း တရားဝင် သတင်းထုတ်ပြန်ကြေညာသည်။ ယခင် သမ္မတ ဘိုင်ဒင်အစိုးရလက်ထက် မတူကွဲပြားမှု၊ သာတူညီမျှပါဝင်ခွင့်နှင့် လက်လှမ်းမီပိုင်ခွင့်မူဝါဒများအရ (Diversity, Inclusion, Equity and...

ဧရာ၀တီတိုင်းနှင့်ရခိုင်ပြည်အစပ်တိုက်ပွဲများမှ ဒဏ်ရာရရှိသော စစ်သားများကို ဖောကားများဖြင့် ပြန်သယ်လာပြီး စစ်အရာရှိ ၂ ဦး ဆေးကုသမှု ခံယူစဉ် သေဆုံးခဲ့

ရန်ကုန်၊ ဇန်နဝါရီ ၂၉ ဧရာ၀တီတိုင်းနှင့်ရခိုင်ပြည်အစပ်တိုက်ပွဲများမှ ဒဏ်ရာရရှိသော စစ်သားများကို ဖောကားများဖြင့်သယ်ဆောင်လာခဲ့ပြီး စစ်အရာရှိ ၂ ဦးမှာမူ ဆေးကုသမှု ခံယူစဉ် သေဆုံးခဲ့ကြောင်း​ ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ရွှေသောင်ယံ၊ ဘောမိကျေးရွာတိုက်ပွဲမှ အရာရှိများနှင့်စစ်သားများ ဒဏ်ရာရရှိခဲ့ပြီးနောက် ယမန်နေ့ ဇန်နဝါရီလ ၂၈ ရက်နေ့ မွန်းလွဲ ၁...

သာပေါင်းမြို့နယ်၊ သစ်ဖြူ စစ်တပ်စခန်းသို့ ရိက္ခာသွားပို့သည့် စခန်းမှူး ဒုရဲမှူးဝင်းနိုင်ဦး စနိုက်ပါဖြင့် ပစ်ခတ်ခံရ၍ ပွဲချင်းပြီး သေဆုံး၊ AA က သာပေါင်းမြို့ နယ်အတွင်းအထိ ရောက်ရှိလာ

ရန်ကုန်၊ ဇန်နဝါရီ ၂၉ ဧရာ၀တီတိုင်း၊ သာပေါင်းမြို့နယ်၊ သစ်ဖြူ စစ်တပ်စခန်းသို့ ရိက္ခာသွားပို့သည့် သာပေါင်းမြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းနိုင်ဦးသည် စနိုက်ပါဖြင့် ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံးကြောင်း သာပေါင်းမြို့နယ်ရဲစခန်းမှ ရဲအသိုင်းအ၀ိုင်းက ပြော ဆိုသည်။ ဇန်နဝါရီလ ၂၈ ရက်နေ့ သာပေါင်းမြို့နယ်၊ မြို့မရဲစခန်းမှူးသည် သစ်ဖြူကျေး ရွာအုပ်စုရှိ စစ်တပ်စခန်းအတွက်...

ဖရူဆိုမြို့အခြေစိုက် စစ်ကောင်စီ၏ ခမရ ၅၃၁ တပ်မှ အရာခံဗိုလ် လက်နက်နှင့်အတူ အလင်းဝင်

ရန်ကုန်၊ ဇန်နဝါရီ ၂၉ ကရင်နီပြည်နယ်၊ ဖရူဆိုမြို့အခြေစိုက် အကြမ်းဖက် စစ်ကောင်စီ၏ ခမရ ၅၃၁ တပ်မှ အရာခံဗိုလ် ၁ ဦး လက်နက်နှင့်အတူ အလင်းဝင်ခဲ့ကြောင်း KNDF - Karenni Nationalities Defense Force က သတင်းထုတ်ပြန်သည်။ ဇန်နဝါရီလ ၂၇ရက်နေ့ ဖရူဆိုမြို့အခြေစိုက်...

ရခိုင်တွင် AA က မြို့ပြအုပ်ချုပ်ရေး စနစ် အကောင်အထည်ဖော်ပြီး ယာဉ်အန္တရာယ်ကင်းရှင်းရေး တပ်ဖွဲ့ဝင်များဖြင့် ဆောင်ရွက်

ရန်ကုန်| ဇန်နဝါရီ ၂၉ ရခိုင်တွင် AA က မြို့ပြအုပ်ချုပ်ရေး စနစ် အကောင်အထည်ဖော်ပြီး ယာဉ်အန္တရာယ်ကင်းရှင်းရေး တပ်ဖွဲ့ဝင်များဖြင့် စနစ်တကျ ဆောင်ရွက်နေကြောင်း ဒေသသတင်းရင်းမြစ် APM ကသတင်းထုတ်ပြန်သည်။ ရခိုင်ပြည်နယ်အတွင်း ယာဉ်အသွားအလာများသော နေရာများ၊ လမ်းဆုံးလမ်းခွများတွင် အထူးသဖြင့် အလေးထားဆောင် ရွက်နေပြီး မြို့ထဲသို့ ပြည်သူများ ပြန်လည်ဝင်ရောက်...

မြ၀တီရှိ BGF ထိန်းချုပ်ထားသော ရွှေက္ကိုလ် ကျားဖြန့် လောင်းကစား မြို့ကို တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဌာန လက် ထောက် ဝန်ကြီးက ထိုင်းနိုင်ငံ၊ မဲဆောက်ဘက်အခြမ်းမှ ကြည့်ရှုစစ်ဆေး

ရန်ကုန်၊ ဇန်နဝါရီ ၂၉ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်ရှိ စစ်တပ်လက်အောက်ခံ BGF နယ်ခြားစောင့်တပ်က ထိန်းချုပ်ထားသော ရွှေက္ကိုလ် ကျားဖြန့် လောင်းကစား မြို့ကို တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဌာန လက်ထောက်ဝန်ကြီး Liu Zhongyi က ထိုင်းနိုင်ငံ၊ မဲဆောက်ဘက်အခြမ်းမှ ကြည့်ရှုစစ်ဆေးကြောင်း ထိုင်း The Reporter...

ရေဦးတွင် ယခု ဇန်နဝါရီလအတွင်း ခရီးသည်တင်ကားများပေါ်မှ လူငယ် ၁၀၀ နီးပါးကို စစ်မှုထမ်းရန် စစ်တပ်က ဖမ်းဆီး

ရန်ကုန်၊ ဇန်နဝါရီ ၂၉ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင် ယခု ဇန်နဝါရီလအတွင်း ဖြတ်သန်းသွားလာနေသော ခရီးသည်တင်ကားများပေါ်မှ လူငယ် ၁၀၀ နီးပါး စစ်မှုထမ်းရန် စစ်တပ်၏ ဖမ်းဆီးမှု ခံရကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့...

Latest news

- Advertisement -spot_img