27 C
Yangon
- Advertisement -spot_img

TAG

NUG

Khit Thit သတင်းဌာန၏ ဇူလိုင် ၁၂ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဇူလိုင် ၁၂ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းဒေသမှာ ပဋိပက္ခတွေ ကူးမလာစေရေးအတွက် ၀ပြည် သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSP/UWSA) တပ်ဖွဲ့ဝင်တွေ ဝင်ရောက်နေရာယူထားတယ်လို့ "၀" တပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးညီရမ်းက ရန်ကုန်ခေတ်သစ်သတင်းဌာနကို အတည်ပြုပြောပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊...

လားရှိုးတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ခရစ်ယန် တရားဟောဆရာတစ်ဦး သေဆုံး၊ သိန္နီမြို့ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု အထက် တန်း ကျောင်းပျက်စီး

ရန်ကုန်၊ ဇူလိုင် ၁၂ ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်တွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ၍ ခရစ်ယန်တရားဟောဆရာတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇူလိုင်လ ၁၁ ရက်နေ့ မွန်းလွဲပိုင်း လားရှိုးမြို့၊ ရပ်ကွက် ၁ ၊ နယ်မြေ ၄ မြောင်းမြလမ်းတွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ကရင်တိုင်း ရင်းသား ခရစ်ယန်တရားဟောဆရာတစ်ဦး...

မြန်မာနိုင်ငံကို မထိန်းချုပ်နိုင်တော့သဖြင့် စစ်ကောင်စီက ဖျက်ဆီးရန် ကြိုးပမ်းနေဟု ကုလသမဂ္ဂအထူးကိုယ် စားလှယ် သတိပေး

ရန်ကုန်၊ ဇူလိုင် ၁၂ အကြမ်းဖက် စစ်ကောင်စီက နိုင်ငံကို မထိန်းချုပ်နိုင်တော့သဖြင့် ဖျက်ဆီးရန် ကြိုးပမ်းနေပုံရကြောင်း ကုလသ မဂ္ဂ အထူးကိုယ်စားလှယ် တွမ်အင်ဒရူးက ယမန်နေ့တွင် သတိပေး ပြောဆိုလိုက်သည်။ တရုတ်နိုင်ငံ၏ စေ့စပ်မှုဖြင့် ဇန်နဝါရီလအတွင်း မြောက်ပိုင်းမဟာမိတ်တပ်များနှင့်ရပ်စဲထားခဲ့သော အပစ်အခတ်ရပ်စဲရေးကို စစ်ကောင်စီက ဖျက်ဆီးလိုက်ကြောင်း ၎င်းက ပြောဆိုသည်။ "စစ်ကောင်စီက ဆက်တိုက်ဆုံးရှုံးနေတယ်။...

တိုက်ကြီး၊ အမှတ် ၁ စစ်တပ် တန်းမြင့်လေ့ကျင့်ရေးကျောင်းမှ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၁ ဆင်း တပ်သားသစ်များ သံတွဲရှေ့တန်းစစ်မျက်နှာပြင်သို့ အပို့ခံခဲ့ရပြီး တပ်သားသစ် ၁၀၀ ကျော် အဆက်အသွယ်ပြတ်နေ

ရန်ကုန်၊ ဇူလိုင် ၁၂ ရန်ကုန်တိုင်း၊ တိုက်ကြီး၊ အမှတ် ၁ စစ်တပ် တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းမှ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၁ ဆင်း တပ်သားသစ်များ သံတွဲရှေ့တန်းစစ်မျက်နှာပြင်သို့ အပို့ခံခဲ့ရပြီး တပ်သားသစ် ၁၀၀ ကျော် အဆက် အသွယ်ပြတ်တောက်နေကြောင်း တပ်သတင်းရင်းမြစ်နှင့် တပ်သားသစ်တချို့၏ မိဘဆွေမျိုးများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့...

ပုဂ္ဂလိကဘဏ် ဂယက်ကြောင့် အမေရိကန် တစ်ဒေါ်လာလျှင် ၄၉၆၀ ကျပ်အထိရောက်ရှိပြီး အမှန်တကယ် ဝယ်ယူချိန် တစ်ဒေါ်လာ ၅၀၀၀ ကျပ်ကျော်ပေးရ၊ ကျပ်ငွေတန်ဖိုး တဟုန်ထိုး ဆက်တိုက်ဆင်းနေ

■ အခေါက်ရွှေစျေးမှာ ၅၉ သိန်းဝန်းကျင်အထိ မြင့်တက်ခဲ့ပြီး ယနေ့ သိန်း ၆၀ အထိ စံချိန်ချိုး မြင့်တက်မည်ဟုဆို ရန်ကုန်၊ ဇူလိုင် ၁၂ ပြည်တွင်းပုဂ္ဂလိကဘဏ်များကို စစ်ကောင်စီက အရေးယူမှု၏ နောက်ဆက်တွဲ ဘဏ်များတွင် ငွေသားထုတ်ယူမှု အကန့်အသတ်များ ဖြစ်ပေါ်လာချိန် မြန်မာကျပ်ငွေတန်ဖိုးမှာ တဟုန်ထိုး ကျဆင်းလျက်ရှိပြီး အမေရိကန်တစ်ဒေါ်လာ...

Khit Thit သတင်းဌာန၏ ဇူလိုင် ၁၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဇူလိုင် ၁၁ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ မန္တလေးတိုင်း မတ္တရာမြို့နယ်က အကြမ်းဖက် စစ်ကောင်စီရဲ့ အင်ကြင်းမြိုင်လေကြောင်းရန် ကာကွယ်ရေး တပ်စခန်းကို မန္တလေး PDF နဲ့ပူးပေါင်းတပ်တွေက သိမ်းပိုက်တဲ့အချိန် လေယာဉ်ပစ် စက်သေနတ်ကြီးတွေကိုပါ ရရှိထားပြီး မန္တလေး PDFက...

ကံမမြို့နယ်၊ ကျီးမီးကျေးရွာ လက်နက်ကိုင် အုပ်ချုပ်ရေးမှူး မိုးကျော် ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဇူလိုင် ၁၁ မကွေးတိုင်း၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ ကျီးမီးကျေးရွာ အကြမ်းဖက် စစ်ကောင်စီခန့် လက်နက်ကိုင် အုပ်ချုပ်ရေးမှူး မိုးကျော်ကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သရက်ခရိုင် အမှတ် ၄ တပ် ရင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။ ဇူလိုင်လ...

ယနေ့ ပုဂ္ဂလိကဘဏ်များအားလုံးတွင် ငွေထုတ်ယူသူများကို ၂ သိန်းမှ ၅ သိန်းအထိသာ ထုတ်ပေးပြီး ရာခိုင်နှုန်းဖြင့် ငွေလဲသည့် စနစ် အသုံးပြုနေရ

ရန်ကုန်၊ ဇူလိုင် ၁၁ ယနေ့ ပုဂ္ဂလိကဘဏ်များအားလုံးတွင် ငွေထုတ်ယူသူများကို ၂ သိန်းမှ ၅ သိန်းအထိသာ ထုတ်ပေးပြီး ရာခိုင်နှုန်းဖြင့် ငွေလဲသည့် စနစ်ကို စတင်အသုံးပြုနေရကြောင်း သိရှိရသည်။ စစ်ကောင်စီက ဘဏ်များတွင် ငွေကြေးလိုအပ်ချက်အတိုင်း ဖြည့်ဆည်းပေးနေပါသည်ဟု သတင်းထုတ်ပြန်ထားသော်လည်း ယနေ့ ပုဂ္ဂလိကဘဏ်များအားလုံးတွင် ငွေထုတ်ယူသူများ များပြားခဲ့ကြောင်း၊ သိုရာတွင်...

နိုင်ငံတစ်ဝန်း ရိုးမဘဏ်ခွဲများတွင် ငွေထုတ်ယူသူများကို နံနက်ပိုင်း ငွေကျပ် ၂ သိန်းမှ ၅ သိန်းအထိသာ ထုတ်ပေးနိုင်ပြီး မွန်းလွဲပိုင်းတွင် ငွေကုန်ပြီဟုဆိုကာ ငွေထုတ်သူအများအပြားကို လှည့်ပြန်ခိုင်း

■ ရိုးမဘဏ်ဘက်က အပ်နှံငွေများ ပြန်မထုတ်ပေးနိုင်သည့် အကြောင်းအရင်းကို ဖြေကြားခြင်းမရှိ ရန်ကုန်၊ ဇူလိုင် ၁၁ မြန်မာနိုင်ငံတစ်ဝန်း ရိုးမဘဏ်ခွဲများတွင် ယနေ့ ငွေထုတ်ယူသူများ အလွန်များပြားခဲ့ပြီး ငွေထုတ်သူများကိုလည်း ငွေကျပ် ၂ သိန်းမှ ၅ သိန်းအထိသာ ထုတ်ပေးကြောင်း၊ တချို့ဘဏ်ခွဲများတွင် ငွေလုံး၀ ထုတ်မပေးနိုင်ဘဲ နောက်နေ့မှ ပြန်လာရန်...

လားရှိုးတွင် MNDAA တပ်ဖွဲ့ဝင်များ လိုက်နာရမည့် ကျင့်ဝတ်နှင့် တားမြစ်မိန့် ၁၈ ချက် ထုတ်ပြန်ပြီး ပြည်သူများ တိုင်ကြားနိုင်သော ဖုန်းနံပါတ်များကိုပါကြေညာ

■ လားရှိုးမြို့တွင်းမှ ပြည်သူ့ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ဆရာဝန်များနှင့်သူနာပြုဝန်ထမ်းများအားလုံး မိမိတာဝန်ကို လက်ရှိရာထူးနှင့်လစာအတိုင်း တာဝန်ဆက်ထမ်းနိုင် ရန်ကုန်၊ ဇူလိုင် ၁၁ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အနီးတစ်၀ိုက်တွင် စစ်ရေးလှုပ်ရှားနေသော MNDAA တပ်ဖွဲ့ဝင်များ လိုက်နာရမည့် ကျင့်ဝတ်နှင့် တားမြစ်မိန့် ၁၈ ချက်ကို ထုတ်ပြန်လိုက်ပြီး ပြည်သူများ တိုင်ကြားနိုင်သော ဖုန်းနံပါတ်များကိုပါ...

Latest news

- Advertisement -spot_img