30 C
Yangon

နွားထိုးကြီးနှင့်ငါန်းဇွန်တို့တွင် စစ်တပ်က လေကြောင့်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦးသေဆုံးပြီး ကလေးငယ် ၃ ဦး အပါအဝင် ပြည်သူ ၅ ဦးဒဏ်ရာရ၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် နေအိမ်များ ပျက်စီး

Must read

ရန်ကုန်၊ ဩဂုတ် ၂၈

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်နှင့် ငါန်းဇွန်မြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွား ခြင်းမရှိဘဲ အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး ကလေးငယ် ၃ ဦး အပါအဝင် ပြည်သူ ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဩဂုတ်လ ၂၇ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် နွားထိုးကြီးမြို့နယ်၊ လက်ဝဲ+မြင်း နီကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အသက် ၅ နှစ်နှင့် ၇ နှစ်အရွယ် ကလေး ၂ ဦးနှင့် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် ဘုန်းကြီးလည်း ပြိုကျ ပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦးသေဆုံးပြီး အသက် ၁၁ နှစ်အရွယ် ကလေး ၁ ဦးအပါအဝင် ၂ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဩဂုတ်လ ၂၇ ရက် မွန်းလွဲ ၁ နာရီ ၁၀ မိနစ်ခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ငါန်းဇွန် မြို့နယ်၊ ငါန်းမြာကြီးကျေး ရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အသက် ၇၀ အရွယ် အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး သေဆုံးပြီး အသက် ၁၁ နှစ်နှင့် အသက် ၂၅ နှစ်အရွယ် အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် စာသင်ကျောင်းဆောင် ၁ ဆောင် နှင့် လူနေအိမ် ၃ လုံးထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

“လက်ဝဲမြင်းနီမှာ ကျဲတာက ဘုန်းကြီးကျောင်းပြိုကျပျက်စီးတယ်။ ကလေးနှစ်ယောက်မှာ တစ် ယောက်ကပေါင်ထိတယ်။ တစ်ယောက်ကတော့ ခြေနှစ်ဖက်လုံးဖြတ်လိုက်ရတယ်။ အမျိုးသမီးတစ် ယောက်လည်း မစိုးရိမ်ရ ဒဏ်ရာရတယ်။ ငါန်းမြာကြီးမှာက စာသင်ကျောင်းဆောင် တစ်ဆောင်ရယ် လူနေအိမ် ၃ လုံးရယ် ပျက်စီးတယ်။ သေဆုံးသူက အဘိုးတစ်ဦး၊ အဘွားတစ်ဦးသေတာ၊ ဒဏ်ရာရ တာက မိန်းကလေး ၂ ယောက်ဒဏ်ရာရတာ အသက် ၁၁ နှစ်အရွယ်ကလေးတစ်ယောက်ပါတယ်။ မစိုးရိမ်ရဘူး” ဟု ဒေသ သတင်းရင်းမြစ်က ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article