23 C
Yangon
- Advertisement -spot_img

TAG

NUG

မြင်းခြံမြို့နယ်၊ လယ်သစ်ရွာ အကြမ်းဖက် စစ်တပ် စုပါင်းဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၅ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ လယ်သစ်ရွာ အကြမ်းဖက် စစ်တပ် စုပါင်းဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံးကြောင်း မြင်းခြံခရိုင်တပ်ရင်း ၇ Zero ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ ဗိုလ်သက်ကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောသည်။ ယမန်နေ့နိုဝင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၂...

ပုလောမြို့၊ ကျောက်စုစစ်တပ်ဂိတ်အနီး အမှတ် ၄ ရပ်ကွက်အုပ်ချုပ်ရေးမှူး စိုးဝေနှင့် သက်တော်စောင့်တို့ကို ပစ်ခတုမှု ၂ ဦးစလုံးသေဆုံးပြီး လက်နက် ၁ လက်သိမ်းဆည်းရရှိ

ရန်ကုန်၊ နိုဝင်ဘာ ၅ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကျောက်စု စစ်တပ်ဂိတ်အနီးတွင် အမှတ် ၄ ရပ်ကွက်အုပ်ချုပ်ရေးမှူး စိုးဝေနှင့် ၎င်း၏ သက်တော်စောင့်တို့ ၂ ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ရာ ၂ ဦးစလုံးသေဆုံးသွားပြီး လက် နက် ၁ လက်နှင့်ခဲယမ်းသိမ်းဆည်းရရှိခဲ့ကြောင်း မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းမှ...

ပေါက်မြို့နယ်၊ သရဖီကျေးရွာကို စစ်တပ်က စစ်ကြောင်းထိုးပြီး ပြည်သူ ၇ ဦးကို ဖမ်းဆီးကာ နေအိမ်များ မီးရှို့ ဖျက်ဆီး၊ ကျေးရွာ ၁၀ ခုမှ သောင်းနှင့် ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ နိုဝင်ဘာ ၅ မကွေးတိုင်း၊ ပေါက်မြို့နယ် သရဖီကျေးရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်လာပြီး ပြည်သူ ၇ ဦးကို ဖမ်းဆီးကာ နေအိမ်များ မီးရှို့ ဖျက်ဆီးနေကြောင်း ပေါက်မြို့နယ်ကာကွယ်ရေးအဖွဲ့မှ ကိုလရောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ နိုဝင်ဘာလ ၄ ရက်နေ့ ဆိပ်ဖြူ ကပစ ၂၂ မှ...

ရန်ကုန်ရှိ ကထိန်၊ တန်ဆောင်တိုင်မီးထွန်းပွဲနှင့် စျေးပွဲတော်များတွင် ရန်ဖြစ်မှု၊ ခိုးဆိုးလုယက်မှုနှင့် မူးယစ်သောင်းကျန်းသူ လူငယ်များကို အမှုဖွင့် အရေးမယူဘဲ စစ်မှုထမ်းအဖြစ် စုဆောင်း

ရန်ကုန်၊ နိုဝင်ဘာ ၅ ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်တွင် ကထိန်၊ တန်ဆောင်တိုင်မီးထွန်းပွဲနှင့် စျေးပွဲတော်တွင် ရန်ဖြစ်မှု၊ ခိုးဆိုးလုယက်မှုနှင့် မူး ယစ် သောင်းကျန်းသူ လူငယ်များကို အမှုဖွင့် အရေးမယူဘဲ စစ်မှုထမ်းအဖြစ် စုဆောင်းလျက်ရှိကြောင်း အင်းစိန်မြို့နယ်အတွင်း ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တချို့နှင့် ရန်ဖြစ်မှုကြောင့် ဖမ်းဆီးခံရပြီး စစ်မှုထမ်းအဖြစ် စုဆောင်းခံလိုက်ရသော လူငယ်တချို့၏...

ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏တည်နေရာနှင့် AA ရုံးဌာနချုပ်ကို စုံစမ်းဖော်ထုတ်ရန် နေပြည်တော်စစ်ရုံးက ညွှန်ကြား

ရန်ကုန်၊ နိုဝင်ဘာ ၅ ရခိုင်ပြည်နှင့်ပလက်၀မြို့နယ်အတွင်း တည်ရှိနေနိုင်သည့် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏တည်နေရာနှင့် AA ရုံးဌာနချုပ်ကို စုံစမ်းဖော်ထုတ်ရန် နေပြည်တော်စစ်ရုံးက ညွှန်ကြားထားကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ရခိုင်ဒေသသို့ ပြန်လည် ရောက်ရှိပြီဖြစ်ကြောင်း တရားဝင် ထုတ်ဖော်ပြောဆိုပြီးနောက် အောက်တိုဘာလနှောင်းပိုင်း အတွင်းပြုလုပ်သော နေပြည်တော်စစ်ရုံး၏ ရခိုင်ဒေသဆိုင်ရာ...

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၅ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ နိုဝင်ဘာ ၅ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ မြန်မာစစ်တပ်လက်အောက်ခံ ကိုးကန့်ခေါင်းဆောင်ဟောင်း ပယ်စောက်ချိန်အပါအဝင် ၇ ဦးကို သေဒဏ်နဲ့ ဆိုင်းငံ့သေဒဏ်တွေ တရုတ်တရားရုံးက မနေ့က ချမှတ်လိုက်တယ်လို့ တရုတ်နိုင်ငံကနေလာတဲ့ သတင်းတွေအရ သိရပါတယ်။ ကိုယ်ပိုင်ကျောင်းနဲ့ ပုဂ္ဂလိကကျောင်းတွေမှာ CDM ကျောင်းဆရာ၊ ဆရာမတွေကို...

ကိုကိုးကျွန်းမြို့တွင် ညိုစောကို မဲပေးရန်ဟုဆိုကာ သားသမီးပိုင်ကုမ္ပဏီများမှ ဝန်ထမ်းများကို လစာအပြည့်၊ နေစားစရိတ်ငြိမ်းဖြင့် ကိုကိုးကျွန်းသို့ ယာယီပြောင်းရွှေ့ခိုင်း

ရန်ကုန်၊ နိုဝင်ဘာ ၅ ရန်ကုန်တိုင်း၊ ကိုကိုးကျွန်းမြို့တွင် လက်ရှိ ဝန်ကြီးချုပ်ရာထူး ရယူထားသူ ကြံ့ဖွတ်ပါတီ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ညိုစောကို မဲပေးရန်ဟုဆိုကာ ညိုစော၏ သားသမီးပိုင်ကုမ္ပဏီများမှ ဝန်ထမ်းများကို လစာအပြည့်၊ နေစားစရိတ်ငြိမ်းဖြင့် ကိုကိုးကျွန်းသို့ ယာယီပြောင်းရွှေ့ခိုင်းနေကြောင်း ပြောင်းရွှေ့ရာတွင် ပါဝင်သော ကုမ္ပဏီဝန်ထမ်းများ၏ မိသားစုအသိုင်းအဝိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ကိုကိုးကျွန်းမြို့နယ်...

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၃ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ နိုဝင်ဘာ ၃ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ မြန်မာနိုင်ငံမှာ နိုင်ငံတကာကလို လျှပ်စစ်ကားနဲ့ လျှပ်စစ်ရထားတွေ ပြေးဆွဲမယ်ဆိုပြီး တတွင်တွင် ပြောဆိုခဲ့တဲ့ အကြမ်းဖက် မင်းအောင်လှိုင်က အခုတခါမှာလည်း ရန်ကုန်မြို့မှာ မိုးပျံအမြန်လမ်း နဲ့ မြို့တော်အပြင်ပတ်လမ်း စီမံကိန်းကို အကောင်အထည်ဖော်မယ်ဆိုပြီး ကော်မတီဖွဲ့နေပြန်ပါတယ်။ ကရင်ပြည်နယ်...

သက်သက်ခိုင် ရွေးကောက်ပွဲဝင်ခွင့်ပြုရန် အသနားခံစာ တင်ပြမှု UEC က ဥပဒေနှင့်စည်းမျဉ်းစည်းကမ်းနှင့်အညီ လုပ်ဆောင်ဟု သုံးသပ်ထားပြီး မင်းအောင်လှိုင်၏အဆုံးအဖြတ်သာ အဓိကဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၃ ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ သက်သက်ခိုင်က ၎င်းကို လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှ ပယ်ဖျက်ထားမှုအပေါ် သက်ညှာ စဉ်းစားပေးရန် နှင့် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ခွင့်ပြုရန် တင်ပြထားမှုအပေါ် ရွေးကောက်ပွဲကော်မရှင်(UEC) က ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းနှင့်အညီ လုပ်ဆောင်ခြင်းဖြစ်သည်ဟု သုံးသပ်တင်ပြထားကြောင်း သိရှိရသည်။ အောက်တိုဘာလနှောင်းပိုင်းတွင် ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ သက်သက်ခိုင်တွင် အကြွေးပေးရန်...

မြ၀တီမြို့နယ်၊ KK Park အတွင်းမှ ကျားဖြန့် အဆောက်အအုံများကို မိုင်းဖောက်ခွဲဖြိုပြပြီး ဖျက်ဆီးခံအဆောက်အအုံများအတွက် BGF က တရုတ်သူဌေးများသို့ အစားထိုးပြန်ပေးမည်ဟုဆို၊ ကျားဖြန့် စင်တာများတွင် Mytel အင်တာနက်နှင့် စက်သုံးဆီများ စစ်တပ်လမ်းကြောင်းမှတစ်ဆင့် ရရှိနေ

ရန်ကုန်၊ နိုဝင်ဘာ ၃ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ KK Park အတွင်းမှ ကျားဖြန့် အဆောက်အအုံများကို မိုင်းဖောက်ခွဲဖြိုပြပြီး ဖျက်ဆီးခံအဆောက်အအုံများအတွက် BGF က တရုတ်သူဌေးများသို့ အစားထိုးပြန်ပေးမည်ဟု ညှိနှိုင်းပြောဆိုထားကြောင်း ကရင်စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ အောက်တိုဘာလနှောင်းပိုင်းမှစတင်၍ BGF နှင့် စစ်တပ်က KK...

Latest news

- Advertisement -spot_img