31 C
Yangon

ပုလောမြို့၊ ကျောက်စုစစ်တပ်ဂိတ်အနီး အမှတ် ၄ ရပ်ကွက်အုပ်ချုပ်ရေးမှူး စိုးဝေနှင့် သက်တော်စောင့်တို့ကို ပစ်ခတုမှု ၂ ဦးစလုံးသေဆုံးပြီး လက်နက် ၁ လက်သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၅

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကျောက်စု စစ်တပ်ဂိတ်အနီးတွင် အမှတ် ၄ ရပ်ကွက်အုပ်ချုပ်ရေးမှူး စိုးဝေနှင့် ၎င်း၏ သက်တော်စောင့်တို့ ၂ ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ရာ ၂ ဦးစလုံးသေဆုံးသွားပြီး လက် နက် ၁ လက်နှင့်ခဲယမ်းသိမ်းဆည်းရရှိခဲ့ကြောင်း မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသိ ပြောကြားသည်။

အောက်တိုဘာလ ၂၃ ရက် နံနက် ၈ နာရီခန့်က ပုလောမြို့၊ အမှတ် ၄ ရပ်ကွက်ရှိ ကျောက်စု စစ်တပ် ဂိတ်အနီးတွင် အမှတ် ၄ ရပ်ကွက်အုပ်ချုပ်ရေးမှူး စိုးဝေနှင့် ၎င်း၏ သက်တော်စောင့် စစ်သား ၁ ဦးကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ပစ်ခတ်ရှင်းလင်းခဲ့ရာ ၂ ဦးစလုံး သေဆုံးသွားပြီး AK47 ရိုင်ဖယ် သေ နတ် ၁ လက် ၊ ကျည်ဘောက် ၁ ခု ၊ ၇.၆၂ ကျည် ၇ တောင့် ၊ ကလေးကစားစရာ ပစ္စတို ၁ လက် ၊ က လေးကစားစရာ လက်ပစ်ဗုံး ၂ လုံး နှင့် Vivo ဖုန်းအစုတ် ၁ လုံး တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရ သည်။

“ဆိုင်ကယ်နဲ့ထွက်လာတဲ့အချိန် ပစ်ခတ်ရှင်းလင်းခဲ့တာပါ။ ပစ်ခတ်ရှင်းလင်းခဲ့တဲ့နေရာက အမှတ် ၄ ရပ်ကွက်ထဲမှာပဲ၊ ကျောက် စုဂိတ်ဆိုတာက အမှတ် ၄ ရပ်ကွက်ထဲမှာပဲရှိတာပါ။ ပစ်ခတ်ရှင်းလင်းချိန် စစ်တပ် ဂိတ်ကနေ လှမ်းပစ်တာမျိုး မရှိပါဘူး။” ဟု မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

သေဆုံးသွားသော စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး စိုးဝေက ပြည်သူလူထုအပေါ် လက်နက် အတုများဖြင့် ခြိမ်းခြောက်ကာ ငွေညှစ်ခြင်း၊ စစ်မှုထမ်းအတင်းအကြပ် စုဆောင်းခြင်း၊ အနိုင်ထက် ပြုမူခြင်းများ လုပ်ဆောင်နေပါသဖြင့် မပြုလုပ်ရန် အကြိမ် ကြိမ် သတိပေးပါသော်လည်း လိုက်နာခြင်း မရှိသောကြောင့် ရှင်းလင်းခဲ့ရခြင်းဖြစ်ကြောင်း အသိပေးထားသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းနှင့် ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) ပူးပေါင်း မဟာမိတ်အဖွဲ့မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန် လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article