27 C
Yangon

မြင်းခြံမြို့နယ်၊ လယ်သစ်ရွာ အကြမ်းဖက် စစ်တပ် စုပါင်းဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၅

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ လယ်သစ်ရွာ အကြမ်းဖက် စစ်တပ် စုပါင်းဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံးကြောင်း မြင်းခြံခရိုင်တပ်ရင်း ၇ Zero ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ ဗိုလ်သက်ကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောသည်။

ယမန်နေ့နိုဝင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် မြင်းခြံမြို့နယ်၊ လယ်သစ်ရွာ အကြမ်းဖက် စစ်တပ် စုပါင်းဂိတ်ကို တော်လှန် ရေးတပ်များက ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ယင်းပစ်ခတ်မှုကြောင့် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားကြောင်း ဒေသပြည်သူများက အတည်ပြု ပြောဆိုသည်။

” စခ၊ ရခ၊ ပခ တွေ စုပေါင်း ဖွင့်ထားတဲ့ စစ်ဆေး ရေးဂိတ်ကို ဝင်ပစ်ခံရတာပါ။ စခဂိတ်က မြင်းခြံ-မြို့သာ-တံတားဦး-မန္တလေး လမ်းမကြီးပေါ်မှာ ဖွင့်ထားတာပါ။အဲဂိတ်ကိုအပစ်ခံရတာမှန်တယ်”ဟု လယ်သစ်ရွာသားတစ်ဦးက အတည်ပြုသည်။

မြင်းခြံခရိုင်တပ်ရင်း ၇ Zero ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ ဗိုလ်သက်ကြီးကမူ စစ်တပ်ဂိတ်ကို RPG ပခုံးထမ်းဖြင့် ပစ်ခတ်ခဲ့ပြီး တိုက်ပွဲ ဖြစ်ပွားချိန် မိနစ် ၂၀ ကျော်ကြာမြင်ခဲ့ကြောင်း၊ အထိနာသွားသော စစ်ဆေးရေးဂိတ်မှ လက်နက်များကို ယူရန် ကြိုးစားချိန် စစ်ကူများ ရောက်ရှိလာ၍ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း ရှင်းပြသည်။

“ထိတွေ့တိုက်ပွဲ မိနစ် ၂၀ ကျော်ကြာမြင့်ခဲ့ပါတယ်။ စခ၊ ပခ တွေက ဂိတ်ဘန်ကာအတွင်းပြေးဝင်ပုန်းနေတုန်း ရဲဘော်ပေါ့ဘာက ရဲရင့်စွာ RPG နဲ့ ပစ်ခတ်ခဲ့လို့ ဘန်ကာကို တိကျစွာထိမှန်ခဲ့ပါတယ်။ စခတွေ လွှင့်စင်ပြီးအထိနာခဲ့သွားတယ်။ ကျ‌နော်တို့ရန်သူရဲ့ လက်နက်တွေ ဝင်ရောက် ယူဖို့ ကြိုးစားနေချိန်မှာ ခမရ ၁၅ တပ်ကနေ စစ်ကူကားကြီး ၃ စီးနဲ့လမ်းတလျှောက်ပစ် ခတ်မောင်းနှင် လာနေတယ်လို့သတင်းရ တာနဲ့ ကျနော်တို့ တပ်ပြန်ဆုတ်ခဲ့ရတယ်။ ရန်သူလက်နက် မရခဲ့ဘူး။ အခုလို စစ်ကူလာနိုင် အောင် သတင်းပို့ တဲ့ သတင်းပေးဒလန် ၂ ဦးကိုလည်းဖမ်းဆီးနိုင်ခဲ့တယ်။ အဲဒီဒလန် ၂ ဦးကို သက်ဆိုင်ရာနယ်မြေခံအဖွဲ့များဆီကို လွှဲပြောင်းပေးခဲ့ပါတယ်။ နယ် မြေခံများရဲ့ ပြောပြချင်အရ ဂိတ်ကို ဝင်တိုက်မှုကြောင့် စခ၊ ပခ နဲ့ရခ ၈ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရရှိခဲ့တယ်။ လယ်သစ်ရွာက အုပ်ကြီး ငမင်း ကတော့ နေရာတင်ဘဝကူးသွားပြီး ၊ ပျူ ပေါက်ကြီး လည်းဒဏ်ရာရသွားတယ်။ ” ဟု မြင်းခြံခရိုင် တပ်ရင်း ၇ Zero ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူ ဗိုလ်သက်ကြီးက ရှင်းပြသည်။

အဆိုပါ စစ်ဆင်ရေးကို မြင်းခြံခရိုင် တပ်ရင်း ၇ Zeroပြောက်ကျားတပ်ဖွဲ့ ? ရွှေကံသားစစ်ကြောင်း (မြင်းခြံမြို့နယ်၊ပကဖ) တို့ပူးပေါင်း၍ စစ်သူကြီး(ဒေါင်းစစ်သည် -Zero Column 5 )က စစ်ကြောင်းမှူးအဖြစ်ဆောင်ရွက်ကြောင်း၊ ရန်ကုန်အကြီးကောင် စစ်ကြောင်း ၁ – ရွှေကံသားစစ်ကြောင်း ၂ တို့ဖြင့် အချိန်တိုအတွင်း စီးနင်းတိုက်ခိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article