PDF Archives - Khit Thit Media

ကော့ကရိတ်နှင့် လောင်းလုံးတွင် စစ်တပ် တပ်စွဲထားသော နေရာနှင့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံး၊ အုတ်တွင်းတွင် အုပ်ချုပ်ရေးမှူး ၁ ဦး တိုက်ခိုက်ခံရပြီး သေဆုံး
ရန်ကုန်၊ ဇွန် ၁၃

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာ တိုက်ခိုက်ခံရပြီး စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် ကော့ဘိန်းကျေးရွာ အမှတ် ၄ လမ်း ဇရပ်အတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှု အတွင်း စစ်သား ၄ ဦး ကျည် ထိမှန်ကာ ၂ ဦးသေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဘယ်အဖွဲ့က ဝင်ပစ်တယ်ဆိုတာကတော့ မသိသေးဘူး။ ဇရပ်မှာ စစ်ခွေးတွေရှိနေတဲ့ အချိန် ဝင်ပစ်တာ ခွေး ၄ ကောင်ထိတယ်။ ၂ ကောင်ကတော့ ပွဲချင်းပြီးသေပြီး ၂ ကောင် ဒဏ်ရာရတယ်” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

အလားတူ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင်လည်း စစ်တပ် စစ်ကြောင်းများကို တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၁၂ ရက်နေ့ နံနက်အစောပိုင်း ၁ နာရီခန့်တွင် ထားဝယ်မြို့မှ ကမြောကင်းတံတားကို ဖြတ်၍ အင်အား ၁ဝဝ ဝန်းကျင်ပါ စစ်ကြောင်းသည် လောင်းလုံးမြို့ကို စစ်ကြောင်းထိုးလာစဉ် လမ်းပိုင်း၌ တော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိုမိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။

မေလ ၂၃ ရက်နေ့ နံနက်အစောပိုင်း ၆ နာရီခန့်တွင် ဂေါ့အင်းရွာရှိနေအိမ်များအတွင်း တပ်စွဲထားသည့် စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း၊ မေလ ၃၀ ရက်နေ့တွင် ကဒက်ကြီးရွာအနီး စစ်တပ်နှင့် တော်လှန်ရေးတပ်များ ၁ နာရီခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားကြောင်း သိရှိရသည်။

ဇွန်လ ၃ ရက်နေ့တွင် စစ်ပြဲရွာအတွင်း တပ်စွဲထားသော စစ်တပ်နှင့် မွန်းလွဲ ၂ နာရီမှစ၍ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထိုထိတွေ့တိုက်ပွဲသည် ညနေ ၆ နာရီ ၃၀ မိနစ်အထိဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကာ တော်လှန်ရေးရဲဘော် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဇွန်လ ၄ ရက်နေ့တွင် ကမြောကင်းတံတားဘက်မှ ဆင်းလာသည့် စစ်တပ် စစ်ကြောင်းကို လမ်းပိုင်းတနေရာ၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိုမိုင်းဆွဲ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အများအပြားရှိခဲ့ပြီး အထိနာကာပြန်ဆုတ်သွားကြောင်း၊ တိုက်ခိုက်မှုကို လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Longlone People Defence Force) နှင့် လောင်းလုံးမြို့နယ်အတွင်းရှိတော်လှန်ရေးတပ်ဖွဲ့များပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်တွင်လည်း အုတ်ဖိုကျေးရွာအုပ်ချုပ်ရေးမှူး ဦးတူး တိုက်ခိုက်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန် ၁၀ ရက်နေ့ ည ၁၁ နာရီခန့်တွင် အုတ်ဖိုကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတူး သည် ၎င်းနေအိမ်၌ ရှိနေစဉ် အမည်မသိ လူ ၃ ဦးက ရောက်ရှိလာပြီး အုပ်ချုပ်ရေးမှူးကို သေနတ်ထောက်ခေါ်ဆောင်သွားကာ လမ်းမပေါ်တွင် ဓားဖြင့် ထိုးသတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အုတ်ဖိုရွာ အုပ်ကြီးက နေအိမ်အပြင် ခေါ်ထုတ်ပြီး သတ်ခံရတာ တော်လှန်ရေးအဖွဲ့က လုပ်တာလား။ မကျေနပ်လို့ ဝင်လုပ်တာလားဆိုတာတော့ မသိသေးဘူး။ ကျနော်တို့လည်း စုံစမ်းနေတုန်းပါပဲ။ သေဆုံးတဲ့ ဖြစ်စဉ်ကတော့ အတည်ပြုလို့ရပါတယ်” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

The post ကော့ကရိတ်နှင့် လောင်းလုံးတွင် စစ်တပ် တပ်စွဲထားသော နေရာနှင့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံး၊ အုတ်တွင်းတွင် အုပ်ချုပ်ရေးမှူး ၁ ဦး တိုက်ခိုက်ခံရပြီး သေဆုံး appeared first on Khit Thit Media.

နွားထိုးကြီးနှင့် ဆားလင်းကြီးတွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရပြီး စစ်တပ်ဘက်မှ သေဆုံးမှုများပြား၊ အောင်လံတွင်လည်း ဝါဂိုထောင်ကင်းပုန်းကို ၄၀ မမ ဖြင့် ပစ်ခတ်တိုက်ခိုက်
ရန်ကုန်၊ ဇွန် ၁၃

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်၊ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်နှင့် မကွေးတိုင်း အောင်လံ မြို့နယ်တို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် စစ်ဆေးရေးဂိတ်များ၊ ကင်းပုန်းများကို တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ သေဆုံး ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိကြောင်း သက်ဆိုင်ရာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်း ကျေးရွာများကို စစ်ကြောင်းထိုးလာသော စစ်ကောင်စီစစ်ကြောင်းနှင့် ကံနောင်ရွာစစ်ဆေးရေးဂိတ်တို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် (၁) တပ်ရင်းမှ ကိုဝမ်းတူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇွန်လ ၇ ရက်နေ့က နွားထိုးကြီးမြို့မှ စစ်ကြောင်းထိုးလာသည့် အင်အား ၁၅၀ ဝန်းကျင်ရှိသော စစ်ကောင်စီစစ်ကြောင်းအား နွားထိုးကြီးမြို့နယ် အရှေ့တောင်ခြမ်းတွင် တော်လှန်ရေးတပ်ဖွဲ့များက လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နေရာတွင်တင် စစ်သား ၃ ဦး သေဆုံးခဲ့ပြီး၊ ဒဏ်ရာရရှိသူများကို နွားထိုးကြီးမြို့ဘက်သို့ ပြန်လည်သယ်ဆောင်သွားခဲ့သည်။

ထို့ပြင် ဇွန်လ ၁၂ ရက်နေ့တွင်လည်း မြင်းခြံ-နွားထိုးကြီး ကားလမ်းပေါ်ရှိ အင်အား ၃၀ ဝန်းကျင်ရှိသော ကံနောင်ကျေးရွာ စစ်တပ်စစ်ဆေးရေးဂိတ်ကို မြင်းခြံခရိုင်အမှတ် (၁) တပ်ရင်းနှင့် ပူးပေါင်းအဖွဲ့က လက်နက်ကြီး၊ ဒရုန်းများဖြင့် ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး ထပ်မံသေဆုံးခဲ့သည်။

ထိုတိုက်ခိုက်မှုအတွင်း မြင်းခြံနှင့် နွားထိုးကြီးမြို့များမှ စစ်ကူတပ်များ အင်အားသုံးရောက်ရှိလာသဖြင့် တော်လှန်ရေးရဲဘော်များ ပြန်လည်ဆုတ်ခွာခဲ့ရပြီး၊ သေဆုံးဒဏ်ရာရသူများကို မြင်းခြံမြို့မှ နာရေးကူညီမှုယာဉ် ၂ စီးဖြင့် လာရောက်သယ်ဆောင်သွားကြောင်း သိရသည်။

မြင်းခြံခရိုင်အမှတ် (၁) တပ်ရင်းမှ ကိုဝမ်းတူးက “စစ်ခွေး သေဆုံးတာ နေရာမှာတင် စစ်ခွေး ၃ ဦးသေဆုံးတယ်လို့သိရတယ်။ စစ်ခွေး နောက်ထပ်သေဆုံးတာက စစ်ခွေး ၁ကောင်သေဆုံးတယ်လို့သိရတယ်။ စစ်ခွေးဘက်က လက်နက်ခဲယမ်းများ သိမ်းဆည်းရမိတာမျိုး မရှိပါဘူး။ စစ်ခွေး သေဆုံးတာ စုစုပေါင်း ၄ ဦးသေဆုံးတယ်လို့ သိရတယ်။ ကံနောင်ဂိတ်က စစ်ခွေးတွေနဲ့ နှစ်ဘက် ထိတွေ့တိုက်ပွဲက ၁နာရီဘဲဖြစ်လိုက်တယ်။ ကျွန်တော် ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု ပြောဆိုသည်။

ယင်းတိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် (၁၊ ၂၊ ၃၊ ၄၊ ၇၊ ၈၊ ၁၀) တပ်ရင်းများ၊ နွားထိုးကြီးမြို့နယ် ပကဖနှင့် မြင်းခြံခရိုင် ပကဖတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ထို့အတူ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ယမ်စီဝမ်ပေါင်ကုမ္ပဏီဝင်းအတွင်းမှ ထွက်လာသော စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက မိုင်းအလုံးရေအမြောက်အမြားဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ သေဆုံးမှုများပြားကြောင်း Black Shadow – PDF အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဇွန်လ ၄ ရက်နေ့တွင် ယမ်စီဝမ်ပေါင်မှ ယင်းမာပင်မြို့နယ်ထဲသို့ ထွက်ခွာလာသော အင်အား ၅၀၀ ခန့်ရှိ စစ်ကြောင်းနှင့် ယင်းမာပင်မြို့နယ်ထဲမှ ပြန်ထွက်လာသော အင်အား ၃၀၀ ခန့်ရှိ စစ်ကြောင်းနှစ်ကြောင်းလုံးကို တယ်ပင်ကန်ကျေးရွာ အနောက်ဘက်နှင့် ယင်းမာပင်မြို့ပေါ်မရောက်ခင်ကြားတွင် တော်လှန်ရေးတပ်ဖွဲ့များက မိုင်းအမြောက်အမြားဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

Black Shadow – PDF အဖွဲ့မှ တာဝန်ရှိသူက “၅၈ ကောင်တော့ ပွဲချင်းပြီးလို့ ကြားတယ်။ စစ်ခွေး စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့နေရာက တယ်ပင်ကန်ကျေးရွာ အနောက်ဘက်နှင့် ယင်းမာမြို့ပေါ်မရောက်ခင်ကြားတွင် ကျွန်တော်တို့ တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ စစ်ခွေး စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်တာက မိုင်းအလုံးရေများတယ်” ဟု ရှင်းပြသည်။

အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်တပ်ရင်း ၃၀ တပ်ခွဲ ၂ (Black Shadow PDF)၊ တော်လှန်ပြောက် ကျားတပ်ဖွဲ့၊ ဇာမဏီပြောက်ကျားတပ်ဖွဲ့၊ ယင်းမာပင်ခရိုင်အမှတ် ၁၆ တပ်ရင်း တပ်ခွဲ ၁၊ Brother Defense Force၊ မဲမှောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ နယ်စည်းမခြားဇာမဏီပြောက် ကျားတပ်ဖွဲ့၊ အာဠာဝတပ်ဖွဲ့၊ ဆားလင်းကြီးမြို့နယ်လက်ရုံးတပ်နှင့် မဟာမိတ်တပ်များ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်။

ထို့အတူ မကွေးတိုင်း၊ အောင်လံမြို့ရှိ စစ်တပ်လက်အောက်ခံ သီးနှံစိုက်ပျိုးရေးဌာန၊ ဝါဂိုထောင်၌ ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်သားများကို ၄၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သရက်ခရိုင် အမှတ် ၂ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် မတ်လ ၅ ရက် ည ၁၀ နာရီ ၃၆ မိနစ်ခန့်တွင် အောင်လံမြို့ ဝါဂိုထောင်အတွင်း၌ အင်အား ၁၀ ဦးခန့်ဖြင့် ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်သားများကို ၄၀ မမ ဗုံးသီး ၂ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှလည်း ၄၀ မမ ဗုံးများ၊ လက်နက်ငယ်များဖြင့် ပြန်လည်ရမ်းသန်းပစ်ခတ်မှုများ ရှိခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေအနေကိုမူ အတည်မပြုနိုင်သေးပေ။

သရက်ခရိုင် အမှတ် ၂ တပ်ရင်းမှ တာဝန်ရှိသူက “ပစ်မှတ်တော့ ထိမထိကတော့ သေချာပြောလို့မရဘူး။ ၄၀ မမ ဗုံး ၂ လုံး ပစ်ခဲ့တာပါ။ မြို့ထဲဆိုတော့ နီးရာလုပ်ရတာပါ။ ကင်းပုန်းပါ။ ခန့်မှန်း ၁၀ ဦးလောက်တော့ရှိမယ်။ လက်နက်ငယ်တွေနဲ့ ပြန်ပစ်တာရှိတယ်၊ ၄၀ မမ ဗုံးတွေနဲ့ ပြန်ပစ်တယ်” ဟု ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို သရက်ခရိုင် အမှတ် ၂ တပ်ရင်း၏ မြို့ပြလူကြီးလူကောင်းအဖွဲ့သားများက “Wild Dog Mission 2” အဖြစ် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး လုံခြုံရေးအရ ယခုမှ ထုတ်ပြန်ရခြင်းဖြစ် ကြောင်း၊ ရှေ့တွင် မြို့ပြမစ်ရှင်များကို ခပ်စိပ်စိပ်လုပ်ဆောင်တော့မည်ဖြစ်၍ ပြည်သူများအနေဖြင့် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးများနှင့် ဝေးဝေးနေထိုင်ပေးကြပါရန် တောင်းဆိုထားသည်။

ဓာတ်ပုံ- အညာဒေသတွင် စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့စဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

The post နွားထိုးကြီးနှင့် ဆားလင်းကြီးတွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရပြီး စစ်တပ်ဘက်မှ သေဆုံးမှုများပြား၊ အောင်လံတွင်လည်း ဝါဂိုထောင်ကင်းပုန်းကို ၄၀ မမ ဖြင့် ပစ်ခတ်တိုက်ခိုက် appeared first on Khit Thit Media.

စစ်တပ်က “လူငယ်” များ၏ အနာဂတ်နှင့် အိပ်မက်အားလုံးကို ဖျက်ဆီးရုံသာမက တိုင်းရင်းသားအချင်း ချင်း သွေးထိုး လှုံ့ဆော် ကျွန်ပြုရန်ကြိုးပမ်းနေဟု ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ် PNDF သတိပေး
ရန်ကုန်၊ ဇွန် ၁၂

မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်တပ်က “လူငယ်” များ၏ အနာဂတ်နှင့် အိပ်မက်အားလုံးကို ဖျက် ဆီးရုံသာမက တိုင်းရင်းသားအချင်းချင်း သွေးထိုး လှုံ့ဆော် ကျွန်ပြုရန်ကြိုးပမ်းနေဟု ပအိုဝ်းအမျိုး သား ကာကွယ်ရေး တပ် PNDFက သတိပေးလိုက်သည်။

ယမန်နေ့ ဇွန်လ ၁၁ ရက်နေ့ ကျရောက်သော ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ် (PNDF)၊ လက်ရှိ အမှတ် ၁၀၁၁ တပ်ရင်းကို (ကယား) ကရင်နီ၌ ပြန်လည်ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ် ပြည့်မြောက် သော အထိမ်းအမှတ် ထုတ်ပြန်ချက်တွင် အထက်ပါအတိုင်း အသိပေးထားခြင်းဖြစ် သည်။

နွေဦးတော်လှန်ရေး၏ အဓိကမောင်းနှင်အားနှင့် အနာဂါတ်၏ပဲ့ကိုင်ရှင်သည် “လူငယ်” များပင်ဖြစ်ပြီး စစ် အာဏာရှင်သည် “လူငယ်”များ၏ အနာဂါတ်နှင့် အိပ်မက်အားလုံးကိုဖျက်ဆီးရုံသာမက တိုင်း ရင်းသား အချင်းချင်းကြား သွေးထိုးလှုံ့ဆော်၍ အမျိုးသားထုတစ်ရပ်လုံးကို ကျွန်ပြုရန် ကြိုးပမ်းနေကြောင်း၊ ပအိုင်းလူငယ်များနှင့် တိုင်းရင်းသားလူငယ်များအနေဖြင့် သမိုင်းကပေးအပ်လာသော တာ ဝန်ကို ပခုံး ထမ်းပြီး စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးတိုက်ပွဲတွင် မိမိတို့တတ်စွမ်းသည့် ကဏ္ဍအသီး သီးမှ ခွန် အားစိုက်ထုတ်ကာ တွန်းလှန်ပါဝင်ပေးကြပါရန် အိုဝ်းအမျိုးသား ကာကွယ်ရေး တပ် PNDF ကတိုက်တွန်းနှိုးဆော်ထားသည်။

ထို့အပြင် စစ်အာဏာရှင် တော်လှန်ရေး ၄ နှစ်တာကာလအတွင်း ရင်ဆိုင်ကြုံတွေ့ခဲ့ရသော အခက် အခဲများနှင့် စိန်ခေါ်မှုများကိုသင် ခန်းစာယူပြီး ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ် (PNDF)၊ အမှတ် ၁၀၁၁ တပ်ရင်းအနေဖြင့် လူမျိုး တစ်မျိုးတည်း၏အရေးကို ရှေးရှုခြင်း မဟုတ်ဘဲ မြန်မာနိုင်ငံအတွင်းရှိ ပြည် သူလူထုတစ်ရပ်လုံး၏ လွတ်မြောက်ရေး။တန်းတူညီမျှရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည် ဆောက်ရေးအတွက် ရည်မှန်း ချက်ထားကာ တော်လှန်ရေးအင်အားစု မဟာမိတ်များနှင့်အတူ စစ်အာဏာ ရှင်စနစ်နှင့် ၎င်းတို့၏ ဒေါက်တိုင်များကို အပြီးသတ်ချုပ်ငြိမ်းသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အိုဝ်းအမျိုးသား ကာကွယ်ရေး တပ် PNDFက ကတိ သစ္စာပြုသည်။

၄ နှစ်တာကာလမှ ယနေ့ထိတိုင် ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ရှိ ရဲဘော်များသည် စစ်အာ ဏာရှင်စနစ်နှင့် အာဏာရှင်စနစ်မှန်သမျှ ချုပ်ငြိမ်းရေး၊ပြည်သူလူထု၏ အခြေခံအခွင့်အရေးများ ပြန် လည်ရရှိရေး၊ တရားမျှတမှုနှင့် လွတ်လပ်မှုတို့အတွက် အခက်အခဲမျိုးစုံကြားမှ ရဲရင့်စွာ ရပ် တည်တိုက်ပွဲဝင်ခဲ့ကြကြောင်း အိုဝ်းအမျိုးသား ကာကွယ်ရေး တပ် PNDFက အသိပေးကြေညာထား သည်။

The post စစ်တပ်က “လူငယ်” များ၏ အနာဂတ်နှင့် အိပ်မက်အားလုံးကို ဖျက်ဆီးရုံသာမက တိုင်းရင်းသားအချင်း ချင်း သွေးထိုး လှုံ့ဆော် ကျွန်ပြုရန်ကြိုးပမ်းနေဟု ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ် PNDF သတိပေး appeared first on Khit Thit Media.

ပေါက်မြို့နယ်ရှိ ရေပြာရဲစခန်းနှင့် ကုက္ကိုစုပျူစခန်းကို “Operation 9” အမည်ဖြင့် စခန်းသိမ်းတိုက်ပွဲဖော်ဆောင်ခဲ့ပြီး စစ်တပ်ဘက်မှ အလောင်း ၃၀ ကျော် စစ်သုံ့ပန်း ၆၅ ဦး၊ အလင်းဝင်သူ ၆ ဦး နှင့် လက်နက် ၅၉ လက်သိမ်းဆည်းရရှိ
ရန်ကုန်၊ ဇွန် ၁၀

မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ရေပြာရဲစခန်းနှင့် ကုက္ကိုစုပျူစခန်းကို “Operation 9” အမည်ဖြင့် စခန်းသိမ်းတိုက်ပွဲဖော်ဆောင်ခဲ့ပြီး စစ်တပ်ဘက်မှ အလောင်း ၃၀ ကျော် စစ်သုံ့ပန်း ၆၅ ဦး၊ အလင်းဝင်သူ ၆ ဦး နှင့် လက်နက် ၅၉ လက်သိမ်းဆည်းရရှိခဲ့ကြောင်း မကွေးတိုင်း ပကဖ က ထုတ်ပြန်ထားသည်။

ပခုက္ကူခရိုင် ပကဖ သည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (ခ) အမေစု၏ လူထုအပေါ် ဦးဆောင်နိုင်မှုနှင့် မတရားဖမ်းဆီး အကျဥ်းချခံရခြင်းမှ လွတ်မြောက်မှုတို့ကို ရည်မှန်း၍ ပခုက္ကူခရိုင်တွင်း မြို့နယ် (၅) ခုရှိ ပကဖများနှင့် ပူးပေါင်း၍ ခရိုင် ပကဖ စစ်ဆင်ရေးအနေဖြင့် အညာမြေ စစ်ဆင်ရေးအား ဖော်ဆောင်ခဲ့ဖြစ်ကြောင်း၊ ထို စစ်ဆင်ရေးသည် အညာမြေ စစ်ဆင်ရေးမှ ပထမအဆင့် Operation ငယ် တစ်ခုအနေဖြင့် Operation 9 (4+5) ကို စတင် ဖော်ဆောင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Operation 9 သည် ပခုက္ကူခရိုင်တွင်း ခရိုင် ပကဖ၊ မြို့နယ် ပကဖများ ပူးပေါင်း၍ ပြည်သူ့စစ်မဟာဗျူဟာအရ အချက်အချာမြေနှင့် မဟာဗျူဟာ လမ်းပိုင်း ထိန်းချုပ်ရေးတွင် အဓိက အရေးပါသည့် ပုသိမ် – မုံရွာလမ်းပိုင်းနှင့် ပခုက္ကူ – ပေါက် – မင်းတပ် လမ်းတို့ စိုးမိုးနိုင်ရေးတွင် လိုအပ်သည့် ရေပြာလမ်းဆုံ (4) အား ရည်မှန်း၍လည်းကောင်း၊ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ပေါက်မြို့နယ် ကပစ – ၂၄ နှင့် ၄ မိုင်ခန့်အကွာ၊ ပေါက်မြို့နှင့် ၂ မိုင်ခန့်အကွာရှိ စပါးမြောကျေးရွာတွင် လက်လုပ်သေနတ်ငယ်များဖြင့် ရန်သူ့စစ်ကြောင်းအား ကင်းယူပေးနေရင်း ရန်သူ့စစ်ကြောင်း၏ ပိတ်ဆို့ တိုက်ခိုက်ကာ သတ်ဖြတ်ခံရသည့် ပကဖ ရဲဘော် (၅) ဦး (5) တို့အား ရည်မှန်း၍လည်းကောင်း “Operation 9” အမည်ဖြင့် တိုက်ပွဲ ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုတိုက်ခိုက်မှုကို ခရိုင် ပကဖ၊ မြို့နယ် ပကဖများ၊ K G၊ Magway PDF နှင့် ပခုက္ကူခရိုင် အမှတ် (၁၂)၊ (၁၈) တပ်ရင်းတို့ စုပေါင်း၍ ရည်မှန်းချက်များ အသီးသီးသတ်မှတ်ခဲ့ကြောင်း၊ အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပကဖ ရုံးချုပ်နှင့် ပြည်ထောင်စု၏ ထောက်ပံ့ညွှန်ကြားမှုများ၊ မကွေးဖက်ဒရယ်ယူနစ်၊ ကာကွယ်ရေးဝန်ကြီး၏ လမ်းညွှန်ကူညီမှုများဖြင့် အခြား မဟာမိတ်တပ်များ စုပေါင်း၍ ရည်မှန်းချက်များကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဇွန်လ ၂ ရက်နေ့ ညနေပိုင်းတွင် ရေပြာရဲစခန်းကို လည်းကောင်း၊ ဇွန်လ ၄ ရက်နေ့ မွန်းလွဲပိုင်းတွင် ကုက္ကိုစု ပျူစောထီးကျေးရွာကို လည်းကောင်း တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်း၊ တိုက်ခိုက်မှုများတွင် ရန်သူ့ဘက်မှ တံတားဦးလေတပ်၊ မကွေးလေတပ်၊ မိတ္ထီလာလေတပ်တို့မှ Jet Fighter (၉) စီး၊ Y – 12 / L 410 UVP E 20 Military Transport Aircraft ၅ စီးဖြင့် ဗုံးသီး အလုံးရေ ၂၇၀ လုံး လေကြောင်းပစ်ကူပေး တိုက်ခိုက်ခုခံခဲ့ပြီး ကပစ – ၂၄ မှ ၁၅၅ မမ ဟောင်ဝှစ်ဇာ လက်နက်ကြီးဖြင့် (၆) ကြိမ် ပစ်ကူပေး ခုခံ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ကုက္ကိုစု ပျူစောထီးကျေးရွာ တိုက်ခိုက်သိမ်းပိုက်ရာ၌ ရန်သူ့ သတ်ကွင်းဖြစ်သည့် လယ်ကွင်းပြင် ဟင်းလင်းများကို ပကဖ ရဲဘော်များနှင့် ပူးပေါင်းတပ်များမှ ရဲဘော်များက ရဲရဲဝံ့ဝံ့ ဖြတ်ကျော် တိုက်ခိုက်နိုင်ခဲ့၍ ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်ခိုက်ခဲ့သည့် ရဲဘော်များ၊ ထိခိုက် ကျဆုံးခဲ့သည့် ရဲဘော်များကို ဦးညွှတ်အလေးပြု၍ သတင်းထုတ်ပြန်ခြင်းဖြစ်ကြောင်း ပြောဆိုထားသည်။

တိုက်ခိုက်မှု ဖြစ်စဥ်များအတွင်း စစ်သား၊ ရဲနှင့် ပျူစောထီး အလောင်း ၃၀ ကျော် စစ်သုံ့ပန်း ရဲနှင့် ပျူ ၆၅ ဦး၊ လက်နက်ချ အလင်းဝင်သူ ၆ ဦး၊ ကျေးရွာနေ ပြည်သူ ၂၄၆ ဦးကို ထိန်းသိမ်းနိုင်ခဲ့ပြီး လက်နက်ငယ် ၅၅ လက်၊ လက်နက်ကြီး ၄ လက်၊ ကျည်မျိုးစုံ ၃၄၆၅ တောင့် တို့နှင့် စစ်အသုံးအဆောင် ပစ္စည်းများအား သိမ်းပိုက် ရရှိခဲ့ကြောင်း သိရသည်။

လက်ရှိချိန်တွင် စစ်သုံ့ပန်းများနှင့် ပျူစောထီးရွာမှ ပြည်သူများကို ပေါက်မြို့နယ် ပကဖနှင့် ပအဖ၊ ပလဖတို့ သည် အမျိုးသား ညီညွတ်ရေးအစိုးရ၏ မူဝါဒ လမ်းညွှန်ချက်များနှင့်သော်လည်းကောင်း၊ လူသားချင်း စာနာထောက်ထားမှု၊ လူ့အခွင့်အရေးများနှင့် အညီ ထိန်းသိမ်း စောင့်ရှောက်ထားကြောင်း သိရှိရသည်။

ပခုက္ကူခရိုင် ပကဖနှင့် ပခုက္ကူ/ ပေါက်/ ရေစကြို/ မြိုင်/ ဆိပ်ဖြူမြို့နယ် ပကဖ တို့သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း ပြည်သူ့စစ်မဟာဗျူဟာအား စစ်ရေး ရည်မှန်းချက်၊ နိုင်ငံရေး ရည်မှန်းချက်များနှင့် အညီ ဖော်ဆောင်တိုက်ခိုက်လျက် ရှိပါသည်။ တိုက်ခိုက်မှုကို ပခုက္ကူခရိုင် ပကဖ၊ ပေါက်မြို့နယ် ပကဖ၊ မြိုင်မြို့နယ် ပကဖ ဒရုန်းလက်ရုံးတပ်၊ ပေါက်မြို့နယ် ပကဖ ဒရုန်း လက်ရုံးတပ်၊ K G၊ MGY – PDF၊ YRF ၊ ပခုက္ကူခရိုင် အမှတ် (၁၂) တပ်ရင်း၊ ပခုက္ကူခရိုင် အမှတ် (၁၈) တပ်ရင်း၊ အမှတ် (၄) မကွေးတိုင်း ပကဖ တိုက်ခိုက်ရေးစစ်ကြောင်း MGY – 30 SOU 4 တို့နှင့် ပူးပေါင်းဆောင်ရွက်၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါသည်။ ဆက်လက်၍လည်း ပြည်သူလူထုကို ဦးထိပ်ထား၍ စစ်ရေးရည်မှန်းချက်၊ နိုင်ငံရေး ရည်မှန်းချက်များနှင့်အညီ ဘုံရန်သူဖြစ်သည့် အကြမ်းဖက်စစ်တပ်ကိုသာ တိုက်ခိုက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ပခုက္ကူခရိုင် ပကဖနှင့် မြို့နယ် (၅) ခုရှိ ပကဖတို့သည် ၂၀၂၆ ခုနှစ် မေလ (၂၂) ရက်နေ့ကလည်း မကွေးဖက်ဒရယ်ယူနစ်၊ ကာကွယ်ရေးဝန်ကြီး၏ လမ်းညွှန်မှုဖြင့် MGY PDF မှ ဦးဆောင် တိုက်ခိုက်ခဲ့သည့် တမာမြေစစ်ဆင်ရေးတွင်လည်း ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ပြီး မေလ ၂၃ ရက်နေ့တွင် မြိုင်မြို့နယ် သရက်ကန်ပျူစောထီးရွာကို သိမ်းပိုက်ရရှိခဲ့ကြောင်းသိရသည်။

“ဇွန်လက ‌လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးလဖြစ်ပါတယ်။ လူထုခေါင်းဆောင်ရဲ့‌မွေးနေ့ ဇွန်လမှာ ကျနော်တို့အနေနဲ့ ပြည်သူလူထုအတွက် လက်ဆောင်အဖြစ်ပေးအပ်တဲ့သဘော Operation Su အဖြစ် အညာမြေစစ်ဆင်ရေး ကို ဖော်ဆောင်ကြတာပါ” ဟု Magway People’s Defence Force – Magway PDF မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

The post ပေါက်မြို့နယ်ရှိ ရေပြာရဲစခန်းနှင့် ကုက္ကိုစုပျူစခန်းကို “Operation 9” အမည်ဖြင့် စခန်းသိမ်းတိုက်ပွဲဖော်ဆောင်ခဲ့ပြီး စစ်တပ်ဘက်မှ အလောင်း ၃၀ ကျော် စစ်သုံ့ပန်း ၆၅ ဦး၊ အလင်းဝင်သူ ၆ ဦး နှင့် လက်နက် ၅၉ လက်သိမ်းဆည်းရရှိ appeared first on Khit Thit Media.

အောင်လံတွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ သေဆုံးမှုများပြား၊ စလင်းတွင်လည်း စစ်တပ်က ဒရုန်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ပြည်သူများ ထိခိုက်ဒဏ်ရာရ
ရန်ကုန်၊ ဇွန် ၁၀ ရက်

မကွေးတိုင်းဒေသကြီးအတွင်းရှိ အောင်လံမြို့နယ်နှင့် စလင်းမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး၊ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများပြားခဲ့ကာ ပြည်သူလူထုပါ ထိခိုက်ဒဏ်ရာရရှိမှုများ ရှိခဲ့ကြောင်း သိရှိရသည်။

ဇွန်လ ၂ ရက် နံနက် ၅ နာရီခန့်တွင် အောင်လံမြို့နယ်၊ ရွှေပန်းတောကျေးရွာတွင် အင်အား ၃၅ ဦးဖြင့် တပ်စွဲထားသည့် နတ်မောက်ဂိတ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက “၁၄၀၄ စစ်ဆင်ရေး” အဖြစ် စခန်းသိမ်းပိုက်ရန် ရည်ရွယ်ကာ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

ယင်းတိုက်ခိုက်မှုကြောင့် စစ်တပ်ဘက်မှ ၃၀ ခန့် သေဆုံးခဲ့ပြီး ကင်းထောက်ဒရုန်းတစ်စီးကိုပါ ပစ်ချနိုင်ခဲ့ကြောင်း အောင်လံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်-သရက်ခရိုင် အမှတ် ၂ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖရိုဖရဲဖြစ်ကာ အပြန်အလှန် ပစ်ခတ်မှုများပြင်းထန်ခဲ့ပြီးနောက် စစ်ဗိုလ် ၁ ဦးနှင့် ရဲဘော်တစ်ဦးတည်းသာ ကျန်ရှိတော့သည့်အခြေအနေသို့ ရောက်ရှိခဲ့သည်။

ထိုသို့ တော်လှန်ရေးတပ်များက အသာစီးရနေစဉ် ကပစ ၁၅ မှ ၁၀၅ မမ (ဟောင်ဝစ်ဇာ) လက်နက် ကြီး များဖြင့် ၉ လုံးခန့် ပစ်ကူပေးခဲ့သည့်အပြင် ကပစ ၁၉ မှလည်း စစ်ကူအင်အား ၃ဝ ခန့် ချီတက်လာခဲ့ကြာင်း၊ ထို့ပြင် နတ်မောက်ဂိတ်စခန်းနှင့် ၁ မိုင်ကျော်အကွာ၌ ပြည်သူ့ကာကွယ်ရေးတပ်မတော် ထောက်ပို့တပ်ဖွဲ့-၂ နှင့် စစ်ကူစစ်ကြောင်းတို့အကြား အပြန်အလှန် ပစ်ခတ်မှုများ ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

“ကျနော်တို့ဘက်က ကျည်စထွက်ကတည်းက ဖရိုဖရဲနဲ့ ပြေးသူပြေး ပစ်သူပစ်နဲ့ဖြစ်ကြတာ၊ ပြန်ပစ်နိုင်တာဆိုလို့ ၆၀ မမ (BA100) ပါပဲ၊ ပစ်ရင်း နားရင်း ညှပ်မိလာတော့ ဗိုလ်နဲ့ ရဲဘော် ၁ ဦးပဲ ကျန်တယ်။ ၅ နာရီ မိနစ် ၄၀ လောက်မှာ Scout Drone တက်လာတယ်။ အဲဒီဒရုန်းကိုလည်း ပစ်ချနိုင်ခဲ့တယ်။ အဲဒါနဲ့ စစ်ကြောင်း ၃ ပေါင်းပြီး သိမ်းမယ်ဆိုပြီး စက်နဲ့စကားပြောနေကြတုန်း ကပစ ၁၉ ကနေ တက်လာတဲ့ စစ်ကူနဲ့ ထောက်ပို့ -၂ တပ်ဖွဲ့တို့ ထိတွေ့မှုဖြစ်တာ၊ အဲဒါကြောင့် ပြန်ဆုတ်ပေးလိုက်ရတာ၊ လက်နက်တွေအနည်းငယ်က ဂျန့်ဖြစ်နေတာလည်းပါတာပေါ့။ မြေပြင်သတင်းအရ စခ အယောက် ၃၀ သေတယ်လို့ သတင်းရထားပါတယ်။ ပွဲဦးထွက်ကတည်းက ၄၀ မမ ဗုံးသီး အလုံး ၃၀ လောက် စခန်းထဲကို ပစ်ထည့်လိုက်တာ၊ သေတာက စခန်းသိမ်းတဲ့နေရာမှာပါပဲ။ ထောက်ပို့တပ်ဘက်က မပါဘူး”ဟု အောင်လံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်-သရက်ခရိုင် အမှတ် ၂ တပ်ရင်းမှ တာဝန်ရှိသူက ရှင်းပြသည်။

အဆိုပါ တိုက်ခိုက်မှုကို သရက်ခရိုင် အမှတ် ၂ တပ်ရင်းနှင့် ပြည်ခရိုင်တပ်ရင်း ၂ တို့ ပူးပေါင်းကာ ဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး၊ ပြီးခဲ့သည့် ဧပြီလ ၁၄ ရက်နေ့က ဆေးတပ် (ယာယီ) အဆောင်ကို စစ်ကောင်စီတပ်က ကာမီကာဇေဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ ဆေးတပ်သား ရဲမေ ၁ ဦး ကျဆုံးခဲ့ရမှုအပေါ် လက်တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် အဆိုပါစခန်း၌ စစ်ကောင်စီတပ်သားများ လာရောက်အိပ်ရဲခြင်း မရှိတော့ဘဲ အင်အားများ ထပ်မံဖြည့်တင်းထားကြောင်း သိရသည်။

အလားတူ တစ်ဖက်တွင်လည်း မကွေးတိုင်း၊ စလင်းမြို့နယ် တညောင်တကြောမှ လျှပ်စစ်မီးလိုင်းလာပြင်သည့် စစ်ကောင်စီစစ်ကြောင်းက ဇွန်လ ၉ ရက် နံနက် ၁၁ နာရီခန့်တွင် မကျီးစင်ကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး ဒရုန်းများနှင့် လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ အသက် ၃၈ နှစ်အရွယ် ဒေသခံအမျိုးသား ၁ ဦး တင်ပါးတွင် ကျည်ထိမှန်ကာ ဒဏ်ရာရရှိခဲ့သည်။

“စစ်ခွေး စစ်ကြောင်းစစ်ကြောင်းလာလို့ပြေးတာကို အဲဒါကို လှမ်းပြီး ရမ်းပစ်တယ်။ စစ်ခွေး လက် နက်ကြီးများ ပစ်ခတ်တိုက်ခိုက်မှုကြောင့် မကျီးစင်ကျေးရွာနေ အသက် ၃၈နှစ်အရွယ် အမျိုးသား ၁ ဦး တင်ပါးမှန်တယ်လို့သိရတယ်။ နေအိမ် ပျက်စီးတာမျိုးတော့ မရှိဘူး။ အခုက စစ်ကြောင်းက မကျီးစင်ကျေးရွာထဲမှာနေပြီး ဆက်မသွားဘူး။ ရွာထဲက ကြက်ဝတ်ဖမ်းစားနေကြတာလို့ သိရတယ်။ စစ်ခွေး အင်အားကတော့ ခန့်မှန်းလို့ မရဘူး”ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

ဇွန်လ ၉ ရက်နေ့ကလည်း စလင်းမြို့နယ်အတွင်းရှိ ဆင်ဖြူကျွန်းမြို့ မြောက်ဘက်နှင့် စလင်းချောင်း မြောက်ဘက်ရှိ ကျေးရွာများကိုလည်း စစ်ကောင်စီတပ်က ဒရုန်းများနှင့် အသေခံဒရုန်းများ (Kamikaze Drones) သုံး၍ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကျေးရွာတစ်ရွာအတွင်း ကျရောက်ပေါက်ကွဲကာ ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နွား ၃ ကောင် သေဆုံးခဲ့သည်။

The post အောင်လံတွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ သေဆုံးမှုများပြား၊ စလင်းတွင်လည်း စစ်တပ်က ဒရုန်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ပြည်သူများ ထိခိုက်ဒဏ်ရာရ appeared first on Khit Thit Media.

၈ မိုင်အကွာအဝေးမှ ပစ်မှတ်ကို တိကျစွာ ပစ်ခတ်နိုင်သည့် ရော့ကတ်များကို အောင်မြင်စွာ ထုတ်လုပ်ဟု Saw Dragon Drone Force – SDDF က ကြေညာ
ရန်ကုန်၊ ဇွန် ၁၀

၈ မိုင်အကွာအဝေးရှိသော ပစ်မှတ်ကို တိကျစွာ ပစ်ခတ်နိုင်သည့် မစ်ဆိုင်းရော့ကတ်များကို အောင် မြင်စွာ ထုတ်လုပ်ထားနိုင်ပြီဖြစ်ကြောင်း Saw Dragon Drone Force – SDDF မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

၂၀၂၁ ခုနှစ်၊ အကြမ်းဖက်စစ်ကောင်စီ၏ မတရားအာဏာသိမ်းချိန်မှစတင်၍ Saw Dragon Drone Force – SDDF တပ်ရင်းသည် အာဏာရှင်စနစ်ကျဆုံးရေးအတွက် မိမိတို့ တတ်စွမ်းသည့် နည်းပညာ ရပ်များဖြင့် အရှိန်အဟုန်မပျက် ပါဝင်ဆင်နွှဲလာခဲ့ရာ ယခုအခါ ၅ နှစ်တာကာလသို့ရောက်ရှိခဲ့ပြီဖြစ် ကြောင်း ၊ ၅ နှစ်တာကာလအတွင်း ပြည်သူများ၏ တစ်ခဲနက်ထောက်ပံ့ကူညီမှု၊ အားပေးဝန်း ရံမှုများကြောင့် ကိုယ်တိုင်တီထွင်ထုတ်လုပ်ထားသည့် “Missile Rocket” လက်နက်ကြီးများသည် လက်ရှိအချိန်တွင် အကွာအဝေးအားဖြင့် ၄ မိုင် ၊ ၆ မိုင် ၈ မိုင် အထိ တိကျစွာ ပစ်ခတ်တိုက် ခိုက်နိုင် သည့် အဆင့်သို့ ရောက်ရှိအောင်မြင်လာပြီ ဖြစ်ပြီး သိသာထင်ရှားသော အောင်မြင်မှုများ ရရှိလာပြီ ဖြစ်ကြောင်း သိရှိရသည်။

“အခုလိုအောင်မြင်မှုတွေကလည်း ပြည်သူလူထုရဲ့ အားပေးမှု၊ ထောက်ပံ့မှုတွေကြောင့်သာ အောင် မြင်လာတာဖြစ်ပါတယ်။ တော်လှန်မိဘပြည်သူတွေအနေနဲ့ ဆက်လက်ပြီးတော့ ပါဝင်ပေးကြဖို့၊ အာဏာ ရူးတသိုက်အမြစ်ပြတ်တဲ့အထိ အဆုံးသတ်တိုက်ပွဲ ပါဝင်ဆင်နွှဲပေးကြဖို့ မေတ္တာရပ်ခံ တိုက်တွန်းလိုပါတယ်” ဟု Saw Dragon Drone Force – SDDF မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ထိုသို့ အဝေးပစ်ရော့ကတ်များကို ထုတ်လုပ်နိုင်ခြင်းမှာ ပြည်သူလူထု၏ သွေး၊ ချွေး၊ ထောက်ပံ့မှုများကြောင့် ရရှိလာသည့် တော် လှန်ရေး၏ အသီးအပွင့်များပင် ဖြစ်ကြောင်း၊ ထို့အပြင် SDDF တပ်ရင်းအနေဖြင့် ယခုအောင် မြင်မှုများတွင် ရပ်တန့်နေမည်မဟုတ်ဘဲ ခေတ်မီနည်းပညာများ ပေါင်းစပ်ထားသည့် အဆင့်မြှင့်တင် ထားသော (Updated) တီထွင်မှုအသစ်များ ကိုလည်း ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း ပြော ဆိုသည်။

သို့ဖြစ်ပါ၍ တော်လှန်ပြည်သူများအနေဖြင့် အဆုံးသတ်အောင်ပွဲသို့ ရောက်ရှိသည်အထိ ဆက် လက် လက်တွဲ ပါဝင်ပေးကြပါရန် နှင့် SDDF တပ်ရင်းအနေဖြင့်လည်း ကိုယ်စွမ်းဉာဏ်စွမ်းရှိ သမျှကို အသုံးပြု၍ အကြမ်းဖက်အာဏာရူးများအား အမြစ်ပြတ်သည်အထိ ဆက်လက်တိုက်ထုတ်သွားမည် ဖြစ်ကြောင်း တိုက်တွန်းထုတ်ပြန်ထားသည်။

The post ၈ မိုင်အကွာအဝေးမှ ပစ်မှတ်ကို တိကျစွာ ပစ်ခတ်နိုင်သည့် ရော့ကတ်များကို အောင်မြင်စွာ ထုတ်လုပ်ဟု Saw Dragon Drone Force – SDDF က ကြေညာ appeared first on Khit Thit Media.

မြစ်ခြေရဲစခန်းကို PDF တပ်များက ၁ နာရီအတွင်း တိုက်ခိုက် သိမ်းပိုက်မှု စစ်သား ၂ ဦး သေဆုံးပြီး တပ်ဖွဲ့ဝင် ၁၄ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိ၊ ရဲစခန်းကို အပြီးတိုင် မီးရှို့ရှင်းလင်း
ရန်ကုန်၊ ဇွန် ၁၀

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ မြစ်ခြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ယနေ့ ဇွန်လ ၁၀ ရက်နေ့ နံနက်ပိုင်း အပြီးတိုင် ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ပြည်သူ့ကာ ကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်က သတင်းထုတ်ပြန်လိုက်သည်။

ယနေ့ ဇွန်လ ၁၀ ရက်နေ့ နံနက် ၄ နာရီတွင် အဆိုပါ မြစ်ခြေရဲစခန်းကို မကွေးတိုင်းစစ်ဌာနကွပ်ကဲမှုအောက်ရှိ ပခုက္ကူခရိုင်စစ်ဌာန၏ ဦးဆောင်ကွပ်ကဲမှုဖြင့် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ၊ တိုက်ပွဲဖြစ်ပွားပြီး တစ်နာရီအကြာ နံနက် ၅ နာရီတွင် စခန်းတစ်ခုလုံးကို အပြီးသတ်ချေမှုန်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

မေလ ၁၀ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိ မြစ်ခြေမြို့ရှိ ပြည်သူလူထုပိုင် နေအိမ်အဆောက်အအုံပေါင်း ၁,၀၀၀ ကျော်ကို မီးရှို့ဖျက်ဆီးပြီး၊ ဒေသခံပြည်သူ ၂၄ ဦးကို ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်ကာ စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို လက်တုံ့ပြန်သည့်အနေဖြင့် ချေမှုန်းခဲ့ခြင်းဖြစ်သည်ဟု PDF စစ်ရုံးချုပ်က သတင်းထုတ်ပြန်သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ တပ်သား ၂ ဦး ကျဆုံးခဲ့ပြီး ၁၄ ဦးမှာမူ လက်နက်ချအညံ့ခံခဲ့သဖြင့် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း၊ ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများကို နိုင်ငံတကာစစ်ဥပဒေများနှင့်အညီ ထိန်းသိမ်းထားရှိပြီး၊ ၎င်းတို့အနက် စစ်ရာဇဝတ်မှုကျူးလွန်သူများကို စစ်ဘက်ဆိုင်ရာဥပဒေများနှင့်အညီ စိစစ်ဖော်ထုတ်ကာ စစ်တရားရုံးတင် စစ်ဆေးအရေးယူဆောင်ရွက်သွားမည်ဟု PDF စစ်ရုံးချုပ်က ဆိုသည်။

မြစ်ခြေရဲစခန်းကို သိမ်းပိုက်ပြီးနောက် ရန်သူ့တပ်ထံမှ လက်နက်ခဲယမ်း အမြောက်အမြားကိုလည်း သိမ်းဆည်းရရှိခဲ့ပြီး G-3 သေနတ် ၁၈ လက်၊ 79 သေနတ် ၁ လက်၊ ခြောက်လုံးပြူး ၂ လက်၊၆၀ မမ ကွန်မန်ဒိုစိန်ပြောင်း ၁ လက်၊ လက်လုပ်လေသေနတ် ၁ လက်၊ G-3 ကျည်ဘောက် ၂၇ ဘောက်၊ G-3 ကျည် ၁,၉၀၈ တောင့်၊ ကျည်ကာဦးထုပ် ၇ လုံး တို့ပါဝင်ကြောင်း သိရှိရသည်။

The post မြစ်ခြေရဲစခန်းကို PDF တပ်များက ၁ နာရီအတွင်း တိုက်ခိုက် သိမ်းပိုက်မှု စစ်သား ၂ ဦး သေဆုံးပြီး တပ်ဖွဲ့ဝင် ၁၄ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိ၊ ရဲစခန်းကို အပြီးတိုင် မီးရှို့ရှင်းလင်း appeared first on Khit Thit Media.

စလင်းနှင့် ကျောမြို့တို့တွင် စစ်တပ်နှင့် ပျူစောထီးများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁ ဦးသေဆုံး
ရန်ကုန်၊ ဇွန် ၉

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ အမှတ် ၂၁ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၁) သို့ သွယ်တန်းထားသော တညောင်လျှပ်စစ်ဓာတ်အားခွဲလိုင်းမှ မီးတိုင်များကို ပြန်လည်ပြင်ဆင်ရန် ထွက်လာသည့် စစ်ကောင်စီတပ်စစ် ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများ ရှိနိုင်ကြောင်း စလင်းမြို့နယ်မှ တော် လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

စလင်းမြို့နယ်၊ တော်လှန်ရေးတပ်ဖွဲ့၏ သတင်းပြန်ကြားရေးတာဝန်ခံ ဒဿ (စွယ်စုံ) ၏ ပြောကြားချက်အရ ဇွန်လ ၈ ရက်နေ့တွင် စလင်းမြို့နယ် ကပစ ၂၁ သို့ သွယ်တန်းထားသည့် တညောင်လျှပ်စစ် ဓာတ်အားခွဲလိုင်းမှ လဲပြိုနေသော မီးတိုင်များနှင့် ပြတ်တောက်နေသော မီးကြိုးများကို ပြန်လည်ပြင်ဆင်ရန် ထွက်လာသော အင်အား ၁၅၀ ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများ ရှိနိုင်သော်လည်း အရေအတွက်ကိုမူ အတည်မပြုနိုင်သေးဟု သိရှိရသည်။

စလင်းမြို့နယ် တညောင်ဓာတ်အားခွဲရုံမှ ဆည်ဆွဲရွာသို့ ရောက်ရှိခဲ့သော အဆိုပါစစ်တပ် စစ်ကြောင်းသည် ယမန်နေ့ နံနက်ပိုင်း ဆည်ဆွဲရွာမှ မန်းကျီးစင်ရွာဘက်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း၊ ယင်းနောက် ယမန်နေ့ မွန်းလွဲပိုင်းတွင် တညောင်ရွာသို့ ပြန်လည်ရောက်ရှိကာ ယနေ့ လက်ရှိအချိန်အထိ တညောင်ရွာအတွင်း၌ တပ်စွဲထားဆဲဖြစ်ကြောင်း သိရှိရသည်။

အလားတူ မကွေးတိုင်း၊ ကျောမြို့တွင်လည်း ဇွန်လ ၆ ရက်နေ့က ကျောမြို့ရဲစခန်းအနီးရှိ စာသင် ကျောင်းရှေ့ဂိတ်၌ စောင့်နေသော ပျူစောထီးများကို တော်လှန်ရေးတပ်ဖွဲ့များက စနိုက်ပါဖြင့် ချောင်းမြောင်းပစ်ခတ်ခဲ့ကြောင်း ကျောမြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံမှ သိရသည်။

အဆိုပါပတိုက်ခိုက်မှုအတွင်း ပျူစောထီး ၁ ဦး သေဆုံးခဲ့ပြီးနောက် စစ်ကောင်စီတပ်ဘက်မှ ၆၀ မမ လက် နက်ကြီး၊ ဒရုန်းဗုံးသီးများနှင့် လက်နက်ငယ်များဖြင့် ရမ်းသမ်းပြန်လည်ပစ်ခတ်ခဲ့ကာ ထိုသို့ ရမ်းသမ်းပစ်ခတ်မှုကြောင့် Grade-11 ကျောင်းသား ၁ ဦးနှင့် ဒေသခံပြည်သူ ၁ ဦးတို့၏ ခြေထောက်များတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။

ကျောမြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများ နေထိုင်ရာ အနီးပတ်ဝန်းကျင်များတွင် ပြည်သူလူထုအနေဖြင့် သွားလာနေထိုင်ခြင်းများ မပြုလုပ်ကြရန် အသိပေးနှိုးဆော်ထားသည်။

The post စလင်းနှင့် ကျောမြို့တို့တွင် စစ်တပ်နှင့် ပျူစောထီးများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁ ဦးသေဆုံး appeared first on Khit Thit Media.

ကနီမြို့နယ်တွင် ထောက်ပို့စစ်ကြောင်းများကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရ
ရန်ကုန်၊ ဇွန် ၇

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် ထောက်ပို့စစ်ကြောင်းများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Fighter Brotherhood Guerrilla Army (FBGA) ကထုတ်ပြန်သည်။

ဇွန်လ ၄ ရက် နံနက် ၉ နာရီ ၁၀ မိနစ်ခန့်က ကနီမြို့နယ် ၊ ချောင်းမအနောက်ရွာတွင် အထိုင်ချတပ်စွဲ ထားသော အကြမ်းဖက်စစ်သားများထံသို့ ရိက္ခာပို့ရန် ယင်းမာပင်မြို့နယ် ဘန့်ဘွေးပျူရွာမှ ထွက် လာသော ထောက်ပို့ ခြေလျင်စစ် ကြောင်းနှင့် လှည်းယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် များက လမ် းခုလတ် တနေရာ၌ ရှေ့ထွက် မိုင်းများ၊ စလစ်မိုင်းများဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်

အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်မြို့နယ်တိုက်နယ် ၂ ပြည်သူ့ကာကွယ်ရေးအဖွဲ့ Fighter Brotherhood Guerrilla Army (FBGA) ၊ ယင်းမာပင်ခရိုင် ဗျူဟာ ၄၇ ၊ ဝင်္ကပါ ပြောက်ကျားတပ်ဖွဲ့ နှင့် ကိုဗျူဟာ (Local PDF) ပူးပေါင်းမဟာမိတ်အဖွဲ့များမှ ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၁၄ ရက် ညနေ ၃ နာရီ ၁၅ မိနစ်ကလည်း ကနီမြို့နယ် မင်းမရွာမှ တောင်အရပ်သို့ ထွက်ခွာလာသော လှည်း ၁၅ စီး၊ ထော်လာဂျီ ၂ စီး၊ ဆိုင်ကယ်အများအပြားပါစစ်ကြောင်းကို တရော် ကျင်းကျေးရွာသို့ မရောက်မီ လမ်းပိုင်းတစ်နေရာ၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သားအများအပြား ထိ ခိုက်သေဆုံးမှုရှိပြီး သေဆုံးဒဏ်ရာရ စစ်သားများကိုသယ်ဆောင်ကာ တရော်ကျင်းကျေးရွာမှတဆင့် ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးပျူရွာထဲသို့ ဆက်လက်ဝင်ရောက်သွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်မြို့နယ်၊ တိုက်နယ် ၂ ပြည်သူ့ကာကွယ်ရေးအဖွဲ့ – Fighter Brotherhood Guerilla Army -FBGA ၊ ဝင်္ကပါပြောက်ကျား တပ်ဖွဲ့ နှင့် ယင်းမာပင်ခရိုင် ဗျူဟာ အမှတ် ၄၇ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လတ်‌တလောစစ်ရေးအခြေနေအရ ချောင်းမအနောက်ရွာနှင့် ဘန့်ဘွေးပျူရွာကြားလမ်းပိုင်းတွင် အ ကြမ်းဖက်စစ်တပ် စစ်ကြောင်းများ ကူးသန်းသွားလာမှု မကြာခဏ ပြုလုပ်‌နေသောကြောင့် ချောင်းမ အနောက်ရွာနှင့် ဘန့်ဘွေးပျူရွာကြား လမ်းပိုင်းအနီးတဝိုက်တွင် နေထိုင်ကြသော မိဘပြည်သူများ အနေဖြင့် စစ်ရေးအသိ၊ စစ်ရေးသတိရှိစွာဖြင့် သွားလာနေထိုင်ကြ ရန်နှင့် သက်ဆိုင်ရာကာကွယ်ရေး အဖွဲ့များ၏ ထုတ်ပြန်ချက်များကို လိုက်နာကြရန် တိုက်တွန်းထားသည်။

The post ကနီမြို့နယ်တွင် ထောက်ပို့စစ်ကြောင်းများကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရ appeared first on Khit Thit Media.

ဆွာမြို့နယ်နှင့် နတ်မောက် မြို့နယ်တွင် စစ်တပ်စခန်းနှင့် ယာဉ်တန်းကို တိုက်ခိုက်မှု ဗိုလ်မှူးကျော်လင်းအောင်အပါအဝင် စစ်သား ၂၀ ကျော် သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
ရန်ကုန်၊ ဇွန် ၆

စစ်ကောင်စီ အခြေစိုက်ရာ နေပြည်တော်ကို ဘက်ပေါင်းစုံမှ ထိုးနှက်တိုက်ခိုက်လျက်ရှိပြီး ဆွာမြို့နယ် နှင့် နတ်မောက်မြို့နယ်တို့တွင် စစ်တပ်စခန်းနှင့် စစ်ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ ဗိုလ်မှူး ကျော် လင်းအောင်အပါအဝင် စစ်သား ၂၀ ကျော်သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း PDF စစ်ရုံးချုပ်က ထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (စစ်ရုံး ချုပ်)၏ လမ်းညွှန်ချက်များအတိုင်း ပြည်သူ့စစ်မဟာဗျူဟာကို အခြေခံကာ အမှတ်၂ စစ်ဆင်ရေး နယ်မြေ၊ နေပြည်တော်တိုင်းစစ်ဌာနအနေဖြင့် နေပြည်တော်ကိုဝိုင်းပတ်၍ စစ်ဆင်ရေးအဟုန်မြှင့် တင်ပြီး အကြမ်းဖက် စစ်ကော်မရှင်တပ်အား ဘက်ပေါင်းစုံမှ ထိုးနှက် တိုက်ခိုက်လျက်ရှိကြောင်း အသိပေးထားသည်။

ဇွန်လ ၃ ရက် နံနက် ၅ နာရီ ၁၀ မိနစ်က နေပြည်တော်တိုင်းစစ်ဌာန၊ ဗျူဟာ အမှတ် ၁၈ ၊ ဗျူဟာ အမှတ် ၁၉ လက်အောက်ရှိ PDF တပ်ရင်းများနှင့် နေပြည်တော်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့ ပူးပေါင်း၍ ပဲခူးတိုင်း၊ ဆွာမြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ စစ်သားအင်အား ၆၀ ခန့် တပ်စွဲထားသော ဆွာမကြီး(ဆွာရွာမ) ကျေးရွာ စခန်းအားလည်းကောင်း၊ နံနက် ၆ နာရီ ၃၀ မိနစ် တွင် ရွာသစ် ကျေးရွာ စခန်းအားလည်းကောင်း ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဆွာမကြီး စခန်းတိုက်ပွဲတွင် တကရ (၆၀၁၇) တင့်ကားတပ်ရင်းမှ ဗိုလ်မှူး ကျော်လင်းအောင် အပါ အဝင် စစ်သား ၂၀ ကျော် သေဆုံးပြီး ကျန်စစ်ားများမှာ အထိအခိုက်များစွာဖြင့် ဆုတ်ခွါထွက်ပြေး သွားခဲ့ကြောင်း၊ ထို့ကြောင့် နံနက် ၆ နာရီ ၃၀ မိနစ်တွင် ဆွာမကြီးစခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါစခန်းသိမ်းတိုက်ပွဲတွင် G-3 အမျိုးအစား သေနတ် ၁၁ လက်၊ MA-3 အမျိုးအစား သေနတ် ၁ လက်၊ MA-11 အမျိုးအစား သေနတ် ၁ လက်၊ ပစ္စတိုသေနတ် ၁ လက် ၊ ခဲယမ်းမျိုးစုံ ၁၀၀၀ ကျော်၊ အီနာဂါ ဗုံးသီး ၅ လုံး ၊ နင်းမိုင်း ၂ လုံး၊ ၁၄ မိုင်း ၃ လုံး၊ ၆၀ မမ ပို့ယမ်း ၁၅ တောင့် ၊ G3 ကျည် ဘောက် ၇ ဘောက်၊ MA ဘောက် ၂ ဘောက်၊ စားနပ်ရိက္ခာများနှင့် ဆေးဝါးပစ္စည်းများ သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ဇွန်လ ၄ ရက် ည ၈ နာရီခန့်တွင် မကွေးတိုင်း၊ နတ်မောက်မြို့နယ် အရှေ့ခြမ်းရှိ ကွင်းကြီး ကျေးရွာအနီးတွင် စိုင်ကောင်းရဲစခန်းမှူး လိုက်ပါလာသော ယာဉ်တန်းအား နေပြည်တော်တိုင်း စစ် ဌာန၊ ဗျူဟာအမှတ် ၁၇ လက်အောက်ခံ တပ်ရင်း ၉၀၂၊ ၉၀၃ တို့ပူးပေါင်း၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စိုင်ကောင်းရဲစခန်းမှူးအပါအဝင် အရာရှိအချို့ ဒဏ်ရာအပြင်းအထန် ရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကော်မရှင်တပ်၏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှု၊ ဒရုန်းဖြင့် ဗုံးကြဲချမှုများကြောင့် ပြည်သူအချို့ ထိခိုက်ဆုံးပါးမှုများနှင့်အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရမှုများလည်း ရှိခဲ့ကြောင်း သိရ သည်။

အချို့ကျေးရွာများတွင် အကြမ်းဖက်စစ်ကော်မရှင်တပ်မှ ပြည်သူများအား စာသင်ကျောင်း သို့မဟုတ် ဘုန်းကြီးကျောင်းများအတွင်း ပိတ်လှောင်ထားပြီး လူသားဒိုင်းပြုလုပ်ခြင်း၊ ပြည်သူများအား ရိုက်နှက် ခြင်း၊ ပြည်သူပိုင် ဥစ္စာပစ္စည်းများကို ခိုးဝှက်ယူငင်ခြင်းများလည်း ပြုလုပ်နေကြောင်း အသိပေးထား သည်။

လက်ရှိအချိန်တွင် စစ်တောင်းမြစ်အရှေ့ဘက်ကမ်း၊ ရေတာရှည်မြို့နယ်နှင့် ဆွာမြို့နယ်အတွင်းရှိ ကျေးရွာများအတွင်း စစ်ကော်မရှင်တပ်မှ စစ်ကြောင်းထိုးဝင်ရောက်နေပြီး နေပြည်တော်တိုင်းစစ် ဌာနကွပ်ကဲမှုအောက်ရှိ ဗျူဟာ ၁၈၊ ၁၉ တပ်ရင်းများ၊ နေပြည်တော် ပကဖများ၊ ရေတာရှည် ပကဖ၊ ၃၅၀၄ တပ်ရင်း၊ ပူးပေါင်း မဟာမိတ်များနှင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွါးလျက်ရှိကြောင်း သိရ သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အနေဖြင့် အကြမ်းဖက်စကမအား စစ်မျက်နှာအသီးသီးတွင် ရွံ့ရွံ့ချွံချွံ တိုက်ပွဲဝင်လျက်ရှိရာ မိဘပြည် သူများအနေဖြင့်လည်း မိမိတို့ တပ်ဖွဲ့ဝင်များအား တတ်စွမ်းသရွေ့ ကူညီဖေးမပေးကြပါရန် မေတ္တာ ရပ်ခံထားသည်။

The post ဆွာမြို့နယ်နှင့် နတ်မောက် မြို့နယ်တွင် စစ်တပ်စခန်းနှင့် ယာဉ်တန်းကို တိုက်ခိုက်မှု ဗိုလ်မှူးကျော်လင်းအောင်အပါအဝင် စစ်သား ၂၀ ကျော် သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ appeared first on Khit Thit Media.