28 C
Yangon

တန့်ဆည်မြို့ရှိ စစ်ကောင်စီဒေါက်တိုင် ရွှေဒေါင်းမင်းဆီဆိုင်ကို ဝင်ရောက်ပစ်ခတ်ပြီး လက်လုပ်သေနတ် ၁ လက် ရရှိဟု TPC ပြော၊ ရွှေဘိုနှင့် ရေဦးတွင်လည်း စစ်ကောင်စီအဖွဲ့ မိုင်းဆွဲခံရပြီး ၁၇ ဦး သေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၀

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ရှိ အကြမ်းဖက်စစ်ကောင်စီ၏ အကြီးစားဒေါက်တိုင်ဟု သတ်မှတ်ခံထားရသော ရွှေဒေါင်းမင်းဆီဆိုင်ကို တန့်ဆည်ပြည်သူ့ရဲဘော်အဖွဲ့က ယနေ့ ဇန်နဝါရီလ ၂၀ ရက် နေ့လယ် ၁ နာရီတွင် ဝင်ရောက်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီက လုံခြုံရေးအနေဖြင့် ပေးထားသော လက်လုပ်သေနတ် ၁ လက်ကို ရရှိခဲ့ကြောင်း TPC က သတင်းထုတ်ပြန်သည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ရွှေဒေါင်းမင်းဆီဆိုင် မီးလောင်ခဲ့ကြောင်း၊ တန့်ဆည် ရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့များ မြို့ပေါ် လမ်းကြိုလမ်းကြားများတွင် လုံခြုံရေးတင်းကြပ်ထားကြောင်း သတင်းရရှိသည်။

ယမန်နေ့တွင်လည်း စစ်ကိုင်းတိုင်း ရွှေဘိုမြို့၊ ပလိုင်းရွာမှ ထွက်ခွာလာသော စစ်ကောင်စီတပ်ဖွဲ့ကို သန်းတောရွာအနီးတွင် Snake Eyes PDF ရွှေဘိုနှင့် C&T ရွှေဘိုအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သိရှိရသည်။

အလားတူ ယနေ့ ဇန်နဝါရီလ ၂၀ ရက် မွန်းလွဲပိုင်းတွင် ရေဦးမြို့နယ် ထန်းပင်ကုန်းရွဦအနီးတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီး ပူးပေါင်းတပ်ဖွဲ့ကို ဒေသခံ တော်လှန်ရေးတပ်ပေါင်းစုများက မိုင်းများခွဲကာ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၇ ဦး သေဆုံးကြောင်း ကာကွယ်ရေးအဖွဲ့များက ထုတ်ပြန်ထားသည်။

ဓါတ်ပုံ – တန့်ဆည်ပြည်သူ့ရဲဘော်အဖွဲ့က ရရှိခဲ့သော လက်လုပ်သေနတ် ၁ လက်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article