29 C
Yangon

နိုင်ငံခြားငွေရရှိရေး စစ်ကောင်စီက တရုတ်ကိုသာ အားထားရတော့မည်၊ စစ်ကောင်စီကို ကူညီလျှင် တရုတ်အကျိုးစီးပွား ပြည်သူများက လက်ပိုက် ကြည့်မနေပါ

Must read

By လမ်းသစ်

တရားမဝင် အကြမ်းဖက်အာဏာသိမ်းယူထားသည့် စစ်ကောင်စီအတွက် အဓိ က ဝင်ငွေရလမ်းကြောင်းများမှာ ကျောက်စိမ်း ကျောက်မျက်ရောင်းချရမှုနှင့် ရေနံနှင့် သဘာဝဓါတ်‌ငွေ့ကဏ္ဍ တို့မှ ဖြစ်သည်။ ယင်းအထဲမှ ရခိုင်ကမ်းလွန်ရှိ ရွှေ သဘာဝဓတ်ငွေ့စီမံကိန်းနှင့် ကျောက်ဖြူမှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ သွယ်တန်းထားသည့် တရုတ်-မြန်မာရေနံနှင့် သဘာဝဓါက်ငွေ့ ပိုက်လိုင်းတို့သည် အရေးပါသည့် အထောက်အပံ့တခု ဖြစ်နေသည်။ရသုံးမှန်းခြေ‌စာရင်းများအရ ၂၀၂၂ ခုနှစ် မတ်လအထိ ရေနံနှင့် သဘာဝဓာ တ်ငွေ့ကဏ္ဍမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံခန့် ရရှိနိုင်သည် ဟု ခန့် မှန်းထားပြီး အစိုးရတစ်ရပ်မှ ရရှိမည့် အခွန်ဘဏ္ဍာ၏ ၁၀ ရာခိုင်နှုန်း ဝန်းကျင်တွင် ရှိသည် ဟု သတင်းများက ဆိုသည်။ရေနံနှင့် သဘာဝဓါတ်ငွေ့မှ ရရှိသည့် ဝင်ငွေများမှာ တရုတ်-မြန်မာ ပိုက်လိုင်းအပြင် ရတနာ သဘာဝဓါတ်ငွေ့စီမံကိန်း၊ ရွှေသဘာဝဓါတ်ငွေ့စီမံကိန်း၊‌ ရဲတံခွန်သဘာဝဓါတ်ငွေ့စီမံကိန်းနှင့် ဇောတိကသဘာဝဓါတ်ငွေ့ စီမံကိန်းတို့မှလည်း ရရှိထားသည်။နိုင်ငံခြားဝင်ငွေ ၅၀ ရာခိုင်နှုန်းကို ရှာဖွေပေးနေသည့် ရေနံနှင့် သဘာဝဓါက်ငွေ့ ကဏ္ဍတွင် လုပ်ကိုင်လျက်ရှိသော ကမ္ဘာကျော်စွမ်းအင် ကုမ္ပဏီကြီးများဖြစ်သည့် Chevronနှင့် Total တို့သည် မြန်မာနိုင်ငံက နုတ်ထွက်တော့မည် ဟု တရားဝင် ကြေညာခဲ့ကြသည်။၂၀၂၁-၂၂ ဘဏ္ဍာရေးနှစ်တွင် ကမ်းလွန်စီမံကိန်းနှင့် ‌ပိုက်လိုင်းများမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံကို အာဏာသိမ်းစစ်ကောင်စီ လက်အောက်ရှိ မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) က ရရှိမည်ဟု ခန့်မှန်းကြသည်။ဥရောပနှင့် အမေရိကန် ကုမ္ပဏီများ နှုက်ထွက်မှုကြောင့် အာဏာသိမ်း စစ်ကောင်စီသည် တရုတ်ကုမ္ပဏီများ ရှယ်ယာ ပိုင်ဆိုင်ထားသည့် ရွှေ သဘာဝဓါတ်ငွေ့ စီမံကိန်းနှင့် ပိုက်လိုင်းစီမံကိန်း တို့မှ ဝင်ငွေကို ပိုမို အားထားလာရတော့မည် ဖြစ်သည်။ သိုသော် ထိုသို့ တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်း စီမံကိန်းသည် ယခုအခါ ဝင်ငွေရရှိနေပြီ ဖြစ်သော်လည်း၊ ပိုက်လိုင်း တည်ဆောက်ခဲ့စဥ်က တရုတ်ထံမှ မြင့်မားလှသည့် အတိုးနှုန်းနှင့် ချေးယူခဲ့သော ချေးငွေများကိုမူ လက်ရှိအချိန်ထိ အကျေအလည် မဆပ်နိုင်သေးသည့်အပြင် အတိုးများကိုလည်း နှစ်စဥ် ဆပ်နေရဆဲပင် ဖြစ်သည်။တရုတ်အတွက် အထူးအရေးပါသည့် တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်း===========================================Covid-19 ဖြစ်ပွားသည့် ၂၀၂၀ ခုနှစ်မှ စတင်ကာ တရုတ်နိုင်ငံတွင် သဘာဝဓါတ်ငွေ့ အသုံးများလာပြီး ကမ္ဘာ့ဈေးကွက်တွင်လည်း အများဆုံး ဝယ်ယူသည့် နိုင်ငံအဖြစ် ဂျပန်ကို ကျော်တက် ရောက်ရှိလာခဲ့သည်။ ကမ္ဘာ့ ဈေးကွက် ခန့်မှန်းချက်အရ တရုတ်နိုင်ငံသည် လာမည့် ၂၀၂၅ ခုနှစ်တွင် ကမ္ဘာ့ သဘာဝဓါတ်ငွေ့ဈေးကွက် ဝယ်လိုအား၏ ၂၂ ရာခိုင်နှုန်း ရှိလာမည် ဟု ဆိုသည်။၂၀၁၈ ခုနှစ် ဒေတာအရ တရုတ်နိုင်ငံသည် ပြည်ပမှ ‌သဘာဝဓါတ်ငွေ့ ကုဗမီတာ ၁၂၁ ဒသမ ၃ ဘီလီယံ တင်သွင်းခဲ့ပြီး မြန်မာနိုင်ငံရှိ ပိုက်လိုင်းမှ တဆင့် တင်သွင်းမှုမှာ ကုဗမီတာ ၄ ဘီလီယံ ခန့်ရှိပြီး တရုတ်ဝယ်လိုအား၏ ၂ ဒသမ ၆ ရာခိုင်နှုန်း ရှိသည်။အကယ်၍ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံရှိ ပိုက်လိုင်းအား စွမ်းရည်အပြည့်ဖြင့် အသုံးပြုပြီး မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့ ကုဗမီတာ ၁၂ ဘီလီယံအထိ တင်သွင်းမည်ဆိုပါက တရုတ်နိုင်ငံ သဘာဝဓါတ်‌ငွေ့ တင်သွင်းမှု၏ ဝေစု ၁၆ ဒသမ ၃ ရာခိုင်နှုန်းအထိ ရှိလာနိုင်သည်ဟု နိုင်ငံတကာက ခန့်မှန်းထားသည်။အာဏာသိမ်းယူပြီး တိုင်းပြည် မငြိမ်မသက် ဖြစ်နေသော ၂၀၂၁ ခုနှစ် ဇန်န ဝါရီလမှ စက်တင်ဘာလအထိ ၉ လ အတွင်းမှာပင် တရုတ်နိုင်ငံကို အဆိုပါပိုက်လိုင်းမှ တဆင့် သဘာဝဓါတ်ငွေ့ ကုဗမီတာ ၃ ဒသမ ၃ ဘီလီယံ တင်သွင်းခဲ့ကြောင်း တရုတ်သတင်းများက ဖော်ပြထားသည်။တရုတ်-မြန်မာ သဘာဝဓါတ်ငွေ့ ပိုက်လိုင်းမှ တင်သွင်းမှုသည် တစ်နှစ်ထက်တစ်နှစ် ၄ ဒသမ ၂ ရာခိုင်နှုန်း တိုးလာ‌နေပြီး ၅၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်က သုံးစွဲနေသည်ဟု တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် စွမ်းအင်စီမံခန့်ခွဲရေးအဖွဲ့၏ ပြောကြားချက်များအရ သိရသည်။သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် ကီလိုမီတာ ၂၅၀၀ ရှည်လျားကာ မြန်မာနိုင်ငံ ကျောက်ဖြူဆိပ်ကမ်းမှ စတင်ကာ ယူနန်နယ်နိမိတ်အတွင်းရှိ ရွှေလီမြို့မှ တရုတ်နိုင်ငံသို့ ဝင်ရောက်ကာ Guizhou ပြည်နယ်ကို ဖြတ်သန်းပြီး Guigang မြို့၊ Guangxi တွင် အဆုံးသတ်သည် ဟု ထုတ်ပြန်ချက်များအရ သိရသည်။အလားတူ တရုတ်-မြန်မာ ရေနံစိမ်းပိုက်လိုင်းကိုလည်း ၂၀၁၇ ခုနှစ်တွင် စတင်အသုံးပြုတင်သွင်းခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် တရုတ်-မြန်မာ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းမှတစ်ဆင့် ရေနံစိမ်းတန်ချိန် ၁၀ ဒသမ ၈ သန်း တင်သွင်းခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၆ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ရှိ ကူမင်း အကောက်ခွန်ဌာနမှ ဖော်ပြချက်များအရ သိရသည်။ထိုကြောင့် ၂၀၂၁ ခုနှစ်ထဲတွင်လည်း အနည်းဆုံး ရေနံစိမ်းတန်ချိန် ၁၀ သန်းကျော် တင်သွင်းမည် ဟု ခန့်မှန်းရသည်။ထို့ပြင် ကုဗမီတာ ၆ သိန်းကို သိုလှောင်နိုင်သည့် လှောင်ကန်ကိုပါ ဆိပ်ကမ်းတွင် တည်ဆောက်ထားပြီး တရုတ်-မြန်မာရေနံစိမ်းပိုက်လိုင်းမှ တဆင့် တရုတ်နိုင်ငံ Guizhouပြည်နယ်အထိ နှစ်စဉ် တန်ချိန် ၂၂ သန်း တင်ပို့နိုင်သည် ဟု အစီရင်ခံစာတချို့တွင် ဖော်ပြပါရှိသည်။အာဏာသိမ်းစစ်ကောင်စီက ဘာတွေ အကျိုးအမြတ်ရလဲ===============================တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓါတ်ငွေ့ စီမံကိန်းများအတွက် မြန်မာအစိုးရ၏ စုစုပေါင်း နှစ်စဉ်ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံရှိမည်ဟု CNPC ကုမ္ပဏီက ထုတ်ဖော်ပြောဆိုထားသည်။ တရုတ်-မြန်မာ သဘာဝဓါတ်ငွေ့ပိုက်လိုင်း တည်ဆောက်မှုအတွက် ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံအထိ ကုန်ကျစရိတ် ရှိနိုင်ပြီး မြန်မာနိုင်ငံသည် နှစ်စဉ် ပိုက်လိုင်းဖြတ်သန်းခအဖြစ် ဒေါ်လာသန်း ၁၅၀ ရရှိနိုင်သည် ဟု ခန့်မှန်းထားသည်။မြန်မာနိုင်ငံသည် စီမံကိန်းအတွက် နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၈၁ သန်း (right-of-way payments) ကိုရရှိမည်ဖြစ်သည့်အပြင် ရေနံစိမ်းတစ်တန်အတွက် အမေရိကန် တစ်ဒေါ်လာကို ဖြတ်သန်းခအဖြစ် ရရှိမည်ဖြစ်သည် ဟု အစီရင်ခံစာအချို့၏ ဖော်ပြချက်အရ သိရသည်။ပိုက်လိုင်းမှ တဆင့် တရုတ်နိုင်ငံသို့ တင်သွင်းနေမှုမှာ ရေနံစိမ်း တန်ချိန်၁၀ သန်း ကျော်ရှိနေသည့်အတွက် ပျမ်းမျှ ဒေါ်လာ ၁၀ သန်းကို နှစ်စဉ် ဖြတ်သန်းခအဖြစ် ရရှိနေသည် ဟု ဆိုနိုင်သည်။ရွှေ သဘာဝဓတ်ငွေ့စီမံကိန်းနှင့် ပိုက်လိုင်းစီမံကိန်း များမှတဆင့် အာဏာသိမ်းစစ်ကောင်စီ စုစုပေါင်းရရှိသည့် ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၁ ဘီလီယံမှ ၁ ဒသမ ၅ ဘီလီယံအထိ ရှိနိုင်သည်။ လက်ရှိကာလတွင် အာဏာသိမ်းယူထားသည့် စစ်ကောင်စီက အဆိုပါ ငွေများအားလုံးကို ရယူထားသည်။တရုတ်အတွက် အကျိုးအမြတ် ဘာရမလဲ==========================တရုတ်နိုင်ငံသည် မြန်မာနိုင်ငံကို ဖြတ်သန်းတင်ပို့နိုင်သည့် ရေနံနှင့် သဘာဝဓါတ်ငွေ့ပိုက်လိုင်းကြောင့် သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်ကို လျှော့ချနိုင်ရုံသာမက တခြားနိုင်ငံများပေါ် မှီခိုနေရမှုကိုလည်း‌ လျှော့ချနိုင်ခဲ့သည်။တရုတ်ကုန်တွင်းပိုင်း ပြည်နယ်များဖြစ်သော ယူနန်ပြည်နယ်နှင့် Guizhou ပြည်နယ်များအတွက် လိုအပ်သော လောင်စာနှင့် စွမ်းအင်ကို ဖြည့်ဆည်းပေးနိုင်သည်။သဘာဝဓါတ်ငွေ့တင်ပို့မှုမှာလည်း တစ်နှစ်လျှင် ကုဗမီတာ ၁၀ ဘီလီယံ တင်ပို့နိုင်ရန်နှင့် နှစ် ၃၀ ကြာ မှန်မှန်ပေးပို့ရမည် ဖြစ်ပြီး သဘာဝဓါတ်ငွေ့ပိုက်လိုင်းမှာ တစ်နှစ်လျှင် ကုဗမီတာ ၁၂ ဘီလီယံ အထိ ရရှိရန် မျှော်မှန်းထားကြောင်း တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓါတ်ငွေ့ပိုက်လိုင်းများဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး စာချုပ်တွင် ဖော်ပြထားသည်။လက်ရှိ တရုတ်-မြန်မာ သဘာဝဓါတ်ငွေ့ပိုက်လိုင်းမှ သဘာဝဓါတ်ငွေ့တင်ပို့မှုသည် တရုတ်နိုင်ငံ သဘာဝဓါတ်ငွေ့လိုအပ်ချက်၏ ၂ ဒသမ ၆ ရာခိုင်နှုန်းရှိနေပြီး နှစ်အနည်းငယ်အတွင်း ၃ ဆ တိုးလာနိုင်သည် ဟု ဆိုသည်။အာဏာသိမ်းစစ်ကောင်စီကို ကူညီပါက တရုတ်စီးပွားရေးလုပ်ငန်းအပေါ် အကျိုးသက်ရောက်လာနိုင်=======================================ပြီးခဲ့သည့် အပတ်အတွင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက မြန်မာနိုင်ငံတွင်းရှိ တရုတ်စီးပွားရေးလုပ်ငန်းများကို မထိခိုက်စေရန် NUG အစိုးရထံ တောင်းဆိုခဲ့သည် ဟု ပြည်တွင်း သတင်းမီဒီယာများက ဖော်ပြခဲ့သည်။မြန်မာနိုင်ငံတွင်လည်း တရုတ်အပေါ် မကျေနပ်မှု တိုးပွားလာနေပြီး အာဏာသိမ်းစစ်ကောင်စီကို ထောက်ပံနေသည့် အခွန်အခများကို ပေးဆောင်နေသော တရုတ်စီးပွားရေးလုပ်ငန်းများအပေါ် Boycott လုပ်လိုကြသည်။အထူးသဖြင့် စီးပွားရေးအရ အမြတ်ထုတ်နေပြီး နိုင်ငံရေးတွင် ပြည်သူဘက် မယိမ်းပဲ အာဏာသိမ်းစစ်ကောင်စီကို ကူညီနေသည် ယူဆချက်ဖြင့် စီးပွားရေးကဏ္ဍတွင် တရုတ်ပါဝင်ပတ်သက်မှုကို မလိုလားချေ။ထိုအချက်များကြောင့် တရုတ်နိုင်ငံအနေနှင့် ၄င်းတို့၏စီးပွားရေးလုပ်ငန်းများနှင့် တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓါတ်ငွေ့ပိုက်လိုင်းများ၏ လုံခြုံမှုကို စိုးရိမ်လာနေသည်။တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓါတ်ငွေ့ပိုက်လိုင်းသည် တရုတ်နိုင်ငံအတွက်ကော အာဏာသိမ်းစစ်ကောင်စီအတွက်ပါ အကျိုးအမြတ်ရရှိနေသည့် လုပ်ငန်း ဖြစ်သည့်အတွက် ပိုက်လိုင်းတလျှောက်တွင် စစ်သားဦးရေ ၁၃,၂၀၀ ခန့် ချထားသည် ဟု စစ်တမ်းတခုတွင် ဖော်ပြထားသည်။အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ စစ်မီးတောက်လောင်လာရာ အဆိုပါပိုက်လိုင်းများကို ကာကွယ်ရန် အကြောင်းပြချက်ဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ပိုက်လိုင်းတွန်းတင်ပေးသည့် စက်ရုံတခု၏ ဘေးပတ်လည်တွင် အာဏာသိမ်းစစ်ကောင်စီက မြေမြုပ်မိုင်းများ ထောင်ခဲ့သည် ဟု ပြည်တွင်းမီဒီယာများ က ဆိုသည်။အဆိုပါ ပိုက်လိုင်းသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်၏ နှစ်စဉ် စုစုပေါင်းကုန်ထုတ်လုပ်မှု၏ ၁၀ ရာခိုင်နှုန်း ကျော်ကို ထည့်ဝင်ပေးနေသည်ဖြစ်ရာ ပိုက်လိုင်း ထိခိုက်ပါက တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီးပွားရေးကို ထိခိုက်စေပြီး ယူနန်ပြည် ကူမင်းမြို့ပြင်မှ အန်နင်း ရေနံသန့်စင်စက်ရုံကို ချည့်နဲ့သွားစေနိုင်သည်။ အဆိုပါ စီမံကိန်းတခုတည်းကပင် ယူနန်ပြည်နယ် စုစုပေါင်းထုတ်ကုန်များ၏ ၈ ရာခိုင်နှုန်းကို ကိုယ်စားပြုနေသည် ဟု ဆိုသည်။ထိုကြောင့် စစ်ကောင်စီက မတရား အာဏာသိမ်းမှု‌ကြောင့် တရုတ်-မြန်မာရေနံနှင့် သဘာဝဓါတ်ငွေ့ပိုက်လိုင်းများနှင့် တရုတ်အကျိုးစီးပွား မထိခိုက်စေရေးသည် တရုတ်အတွက် အရေးကြီးသည်မှာ မထူးဆန်းချေ။တရုတ်သည် ၎င်း၏အကျိုးစီးပွားသည်သာ အဓိကအခန်းကဏ္ဍ ဖြစ်သည့်အလျှောက် မြန်မာနိုင်ငံအရေးကို သတိထားကိုင်တွယ်နေသည်။ ထိုအချက်သည်ပင် အသုံးချတတ်ပါက NUG အစိုးရအတွက် တရုတ်ဆက်ဆံရေးအပေါ် အားသာချက်အဖြစ် အသုံးချနိုင်သည်။တရုတ် စီးပွားရေးမထိခိုက်ဖို့ အာဏာသိမ်း စစ်ကောင်စီကိုမကူညီရန် လို========================================တရုတ်နိုင်ငံသည် အာဏာသိမ်းစစ်ကောင်စီကို ဆက်လက် ထောက်ပံ့မှု ပြုနေပြီး အကူအညီများ ပေးနေပါက မြန်မာနိုင်ငံအတွင်းရှိ ၄င်းတို့၏စီးပွားရေးလုပ်ငန်းများအပေါ် ပြည်သူတို့၏ မျက်မုန်းကျိုးမှု ပိုမိုတိုးပွားလာမည် ဖြစ်သည်။အထူးသဖြင့် အာဏာသိမ်းစစ်ကောင်စီအနေနှင့် ရရှိလာသည့် အခွန်အခများကို လက်နက်ဝယ်ယူရန်အတွက် အသုံးချနေလျှင် အဆိုပါ အခွန်အခများကို ပေးဆောင်နေသည့် လုပ်ငန်းများ အကျိုးသက်ရောက်လာမည်မှာ ထင်ရှားနေသည်။စစ်တပ်သည် ရေနံနှင့်သဘာဝဓါတ်ငွေ့များမှ ရရှိသည့် အခွန်အခများနှင့် စစ်လက်နက်များကို ဝယ်ယူသည့် သမိုင်း သာဓကများစွာ ရှေးယခင်ကတည်းက ရှိနေသည်။လက်ရှိ အာဏာသိမ်းစစ်ကောင်စီသည်လည်း တရုတ်ကုမ္ပဏီများ ပါဝင်နေသည့် ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်းများမှ ရရှိသည့် ဝင်ငွေများကို စစ်လက်နက်ဝယ်ယူရေးများတွင် အသုံးချနေကြောင်း ထင်ရှားသည်ထက် ထင်ရှားလာလျှင် အဆိုပါလုပ်ငန်းများကို တားဆီးမှုတို့ ရှိလာမည် ဖြစ်သည်။မြန်မာနိုင်ငံသည် အာဏာသိမ်းကာလအတွင်း စစ်တပ်ပိုင် ထုတ်ကုန်များနှင့် ဆက်စပ်စီးပွားရေးလုပ်ငန်းများကို boycott လုပ်ခြင်းမှာ အောင်မြင်နေသည်မှာ သာဓကရှိထားသည်။အကယ်၍ တရုတ်ဦးဆောင်နေသည့် သဘာဝဓတ်ငွေ့စီမံကိန်းနှင့် ပိုက်လိုင်းစီမံကိန်း၏ အခွန်အခများသည် ပြည်သူလူထုကို သတ်ဖြတ်ရန်၊ ဖိနိုပ်ရန် အထောက်အကူပြုနေသည်ဟု မြန်မာပြည်သူများက တဖြေးဖြေး သတ်မှတ်လာပါက အဆိုပါ လုပ်ငန်းများကို ပြည်သူများက လက်ပိုက်ကြည့်နေတော့မည့် အခြေအနေတွင် ရှိနေနိုင်တော့မည် မဟုတ်ပေ။ထိုအချက်ကို တရုတ်စီးပွားရေးလုပ်ငန်းရှင်များအပါအဝင် တရုတ်အစိုးရအနေဖြင့် သိရှိထားရမှာဖြစ်သလို၊ လက်ရှိ မြန်မာပြည်တွင်း မြေပြင်အခြေ အနေများကို နားလည် လက်ခံ ရမှာဖြစ်ပြီး၊ မြန်မာပြည်သူတို့၏ ခံစားချက်ကိုလည်း အလေးအနက်ထား ထည့်သွင်းစဥ်းစားရန် လိုအပ်မည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article