33 C
Yangon

ပုလဲ၊ မင်းတုန်း၊ မြိုင်တို့တွင် စစ်ကောင်စီတပ်များကို‌ ပြည်သူ့ကာကွယ်ရေးတပ်များက တိုက်ခိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၈ ဦးနီးပါး သေဆုံးဟုဆို

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၃ 

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ၊ မကွေးတိုင်း၊ မင်းတုန်းမြို့နယ်နှင့်မြိုင်မြို့နယ်တို့တွင် စစ်ကောင်စီတပ်များကို ပြည်သူ့ကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၈ ဦးနီးပါး သေဆုံးကြောင်း ဒေသကာကွယ်ရေးတပ်များ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။ 

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် ဇန်နဝါရီလ ၁၂ ရက်နေ့ ည ၁၁ နာရီ ၁၀ မိနစ် ခန့်အချိန် ပုလဲမြို့ပေါ် ပုလဲမြို့မ ရဲစခန်းကို ပုလဲမြေပြန့်ဒေသကာကွယ်ရေးအင်အားစု(PPDG)၊PRAခွဲ(၆)၊ ပုလဲနယ် တောင်ပေါ် ပုဏ္ဏက နှင့် ကျားသစ်နက် PDF ညီနောင်(၄)ဖွဲ့ပူးပေါင်း၍ ၆၀ မမ  ၂ လက်ဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ စစ်ကောင် စီဘက်မှ အသေအပျောက်ရှိနိုင်ပြီး အသေးစိတ်မသိရှိရသေးကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ 

 အလားတူ မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် Myaing PDF သည်  စစ်ကောင်စီတပ်နှင့် ဇန်နဝါရီလ ၁၁ ရက်နေ့ ၊ နံနက်  ၉ နာရီခွဲခန့် လက်ယက်မ နှင့် ကန်နီရွာကြားတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ၊Myaing PDF က လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၇ ဦးခန့် သေဆုံးကြောင်း၊  စစ်တပ်က သာလွန်အားဖြင့် ထိုးစစ်ဆင်လာ၍ ဆုတ်ခွာခဲ့ရကြောင်း သတင်းထုတ် ပြန်သည်။  

ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက် ၉ နာရီအချိန် မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့ နယ်၊ ယော/သမ္ဗူလရွာအနီး ချီတက်လာသည့် စစ်အုပ်စုကို PDF ကံမ နှင့် သရက်  က စောင့်ကြို မိုင်းဆွဲ ပစ်ခတ်ရာ စစ်ကောင်စီတပ်သား ၁၁ ဦးသေ ဆုံးနိုင်ကြောင်း၊  ဒဏ် ရာရသူများဖြင့် ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရှိရသည်။ 

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်များ၏စစ်ရေးပြအခမ်းအနားတစ်ခု။ 

Photo – AP

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article