28 C
Yangon

မင်းအောင်လှိုင်ဘက်လိုက်တဲ့ ဟွန်ဆင်ကို အာဆီယံခေါင်းဆောင်တွေ ဆန့် ကျင်၊  အာဆီယံအစည်းအဝေး ခြွင်းချက်နဲ့ ဟွန်ဆင် ဖိတ်ပေမယ့် အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူနဲ့ ဖိလစ်ပိုင်ခေါင်းဆောင်တွေက  မင်းအောင်လှိုင်ကို ဖယ် ထားရေးမူအပေါ်တွင်သာ ရပ်တည်

Must read

By ရန်ကုန်ခေတ်သစ်

အကြမ်းဖက် ဖက်ဆစ်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဘက်မှာ ရပ်တည်ပြီး ဘက်လိုက်နေတဲ့ ကမ္ဘော ဒီးယား ဝန်ကြီးချုပ် ဟွန်ဆင်ရဲ့သဘောထားကို အာဆီယံခေါင်းဆောင်များဖြစ်ကြတဲ့ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ ဘရူနိုင်းဘက်က သဘောမတူ မနှစ်မြို့မှုတွေနဲ့ ဆန့်ကျင်မှုတွေ ဖြစ်ပေါ်လာနေပါတယ်။

ဇန်နဝါရီလ ၇ ရက်နေ့ မြန်မာနိုင်ငံကို သွားရောက်လည်ပတ်ပြီးတဲ့နောက် ဟွန်ဆင်က အာဆီယံခေါင်း ဆောင်တွေကို တွေ့ဆုံပြီး မြန်မာကို အာဆီယံအစည်းအဝေးထဲ ဖိတ်ဖို့ လိုက်လံ စည်းရုံးပါတယ်။ ဒါပေမယ့်လည်း သူရဲ့ စည်းရုံးမှုတွေကို မအောင်မြင်ဘဲ အာဆီယံဥက္ကဋ္ဌ သစ် ကမ္ဘောဒီးယားနဲ့ အာဆီယံနိုင်ငံတွေဖြစ်တဲ့ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ ဘရူးနိုင်းတို့ဘက်က ယခင် သဘောတူညီချက်ဖြစ်တဲ့ အာဆီယံ ဘုံသဘောတူညီချက်ကို အကောင်အထည်မဖော်မချင်း မြန်မာနိုင်ငံကို ဖယ်ကျဉ်ထားရမယ်ဆိုတဲ့ မူဝါဒမှာ ဆက်လက် ရပ်တည်နေကြဆဲဖြစ်ပါတယ်။

ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟွန်ဆင်က မင်းအောင်လှိုင်ကို အာဆီယံ အစည်းအဝေးကို ခြွင်းချက်နဲ့ ဖိတ် ကြားလိုက်ပါတယ်။ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို စပြီး အကောင်အထည်ဖော်မှု အပိုင်းမှာ တိုးတက်မှုရှိတယ်ဆိုရင် အာဆီယံအစည်းအဝေးကို မင်းအောင်လှိုင် လာတက်နိုင်ပြီး တကယ်လို့ ဘာမှ မတိုးတက်မှုမရှိဘူးဆိုရင်တော့ နိုင်ငံရေးပိုင်းမဟုတ်တဲ့ ကိုယ်စားလှယ်ကိုသာ စေလွှတ်ဖို့ ဆိုတဲ့ ခြွင်းချက်နဲ့ ဖိတ်ကြားလိုက်ပါတယ်။

ကမ္ဘောဒီးယားဝန်ကြီးချုပ်က မင်းအောင်လှိုင်ကို လူရာသွင်းဖို့ ဘယ်လိုပဲ ကြိုးစားနေပေမယ့် အာဆီယံ နိုင်ငံတွေဘက်ကတော့ ဒါကို လက်မခံပါဘူး။

မလေးရှားနိုင်ငံဝန်ကြီးချုပ် Ismail Sabri Yaakob က အာဆီယံထိပ်သီးအစည်းအဝေးကို မင်းအောင် လှိုင် ဖိတ်ကြားမှုကို ကြိုဆိုမှာမဟုတ်ကြောင်း ဇန်နဝါရီလ ၂၅ ရက်နေ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ကို ပြောဆိုလိုက်ပါတယ်။

ကမ္ဘောဒီးယားဝန်ကြီးချုပ်နဲ့ မလေးရှားဝန်ကြီးချုပ်တို့ ဇန်နဝါရီလ ၂၅ ရက်နေ တွေ့ဆုံဆွေးနွေးမှုမှာ သူက အဲဒီလိုပြောဆိုလိုက်တာဖြစ်ပါတယ်။ 

“အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို သဘောတူညီမှု အမှန်တကယ် တိုးတက်မှုနဲ့ အပြည့်အဝ အကောင်အထည်ဖော်မှု မရှိဘူးဆိုရင် မလေးရှားရဲ့ ရပ်တည်ချက်က မပြောင်းလဲပါဘူး” လို့ မလေးရှားဝန်ကြီးချုပ်က ကမ္ဘောဒီးယားဝန်ကြီးချုပ်ကို အသိပေးပြောဆိုခဲ့ပါတယ်။

စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းကလည်း မြန်မာ့အရေးကိစ္စမှာ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်မှုမရှိသလို တိုးတက်မှုလည်းမရှိကြောင်း၊ အားလုံး တွေ့ဆုံဆွေးနွေး ညှိနှိုင်းကြရေးကို ဇန်နဝါရီလ ၂၅ ရက်နေ့ အင်ဒိုနီးရှားသမ္မတနဲ့ တွေ့ဆုံ ဆွေးနွေးစဉ်မှာမှတ်ချက်ပြု ပြောဆိုခဲ့ပါတယ်။ 

အလားတူပါပဲ ဇန်နဝါရီလ ၂၅ ရက်နေ့မှာ အင်ဒိုနီးရှားသမ္မတကလည်း  မြန်မာ့အရေးမှာ အာဆီယံဘုံသဘောတူညီချက် ၅ ရက်ကို အကောင်အထည်ဖော်ဖို့ လိုနေတယ်လို့ ပြောဆိုပြီး လက်ရှိမှာတော့ ဘာမှ တိုးတက်မှုမရှိဘူးဆိုတဲ့ စင်ကာပူဝန်ကြီးချုပ်အမြင်ကို ထောက်ခံထားပါတယ်။ 

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးကတော့ မြန်မာ့အရေးမှာ ဒေါ်အောင်ဆန်းစုကြည်က မပါမဖြစ် အရေးကြီးတယ်လို့ တရားဝင် ထုတ်ဖော်ပြောဆိုပြီး မင်းအောင်လှိုင်ရဲ့ စစ်အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန်ရှုတ်ချထားပါတယ်။ 

လက်ရှိအခြေအနေမှာ ဟွန်ဆင်က ဘယ်လိုပဲ မင်းအောင်လှိုင်ဘက်က လိုက်ပြီး အာဆီယံ ထိပ်သီး အစည်းအဝေးခေါ်သွင်းဖို့ ကြိုးစားပေမယ့် ထိပ်တန်းအာဆီယံနိုင်ငံကြီးတွေဖြစ်တဲ့ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဘရူနိုင်းနဲ့ ဖိလစ်ပိုင်သဘောထားက မပြောင်းမလဲ ရပ်တည်နေတာမို့ မင်းအောင်လှိုင်အနေနဲ့ အာဆီယံ အစည်းအဝေး တက်ဖို့ အလှမ်းဝေးနေမယ့်အပြင် သူ့အာဏာသိမ်းမှုဟာ တရားမဝင် ဖြစ်တယ်ဆိုတာ အာဆီယံဘက်က ဆက်လက် လက်ခံထားနေမယ့် အခြေအနေရှိနေပါတယ်။ 

ဓာတ်ပုံ- မြန်မာပြည်သူများက မင်းအောင်လှိုင်ကို ဆန့်ကျင်ကြသည့် လှုပ်ရှားမှု ပုံရိပ်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article