29 C
Yangon

သွေးစုပ်ဖုတ်ကောင် ဇွန်ဘီ(Zombie)နှင့် တူလာသည့် မင်းအောင်လှိုင်

Must read

By လမ်းသစ်

ဇွန်ဘီ(Zombie)ရုပ်ရှင်များကို သင်ကြည့်ရှုဖူးမည်ဖြစ်သည်။ ဇွန်ဘီများကို မည်သို့မှတ်ယူပါသလဲ။ အသက်မဲ့နေသည့် အသွင်သဏ္ဏန်နှင့် သွေးဆာနေသော ကြောက်ရွံ့ စက်ဆုပ်ဖွယ်သတ္တဝါ (သို့) သွေးစုပ်ဖုတ်ကောင်ဟုသာ သတ်မှတ်ကြမည်ဖြစ်သည်။

ဇွန်ဘီ (Zombie)ကို အင်္ဂလိပ်-မြန်မာအဘိဓါန်များတွင် အသက်မပါသလို လေးကန်ထိုင်းမှိုင်းသူဟုလည်း  ဟုအနက်အဓိပ္ပာယ်ဖွင့်ဆိုသည်။  ဇွန်ဘီအကြောင်းကို စကားဦးပြောနေသော်လည်း အဓိကပြောလိုသည်မှာတော့ ဇွန်ဘီအကြာင်း မဟုတ်။ အကြမ်းဖက်စစ်ကောင်စီအကြောင်းကို ပြောလိုခြင်းသာ ဖြစ်သည်။ စစ်ကောင်စီနှင့် ဇွန်ဘီကို ဆက်စပ်ပြောဆိုရသည်မှာလည်း အကြောင်းရှိသည်။

ရက်စက်မူအပေါင်း သရဖူဆောင်းနေသည့် မြန်မာစစ်ကောင်စီကို နိင်ငံရေးအကဲခတ်များက ဇွန်ဘီနှင့်ခိုင်းနှိုင်းပြောဆိုမူများကို ဖတ်ရှူရ၍ ဖြစ်သည်။ စစ်ကောင်စီသည် အသက်မဲ့နေပြီး လုပ်ငန်းလည်ပတ်နိုင်ရုံမျှသာ လှုပ်ရှားနိုင်တော့သည်ဟု ဆိုလိုကြခြင်းဖြစ်သည်။

လတ်တလော အခြေအနေများကို သုံးသပ်ကြည့်ပါကလည်း ပညာရှင်တို့၏ ခိုင်းနှိုင်းမှုမှာ မှန်ကန်လွန်းသည်ဟု ဆိုရမည်။ ပြည်သူ့အစိုးရထံမှ အာဏာလုယူထားသည်မှာ တစ်နှစ်ပြည့်တော့မည်ဖြစ်သော်လည်း စစ်ကောင်စီသည် မည်သည့်ကဏ္ဏကိုမှ ထိန်းချုပ်ထားနိုင်ခြင်းမရှိ။ စစ်ရေး၊ သံတမန်ရေးအပါအဝင် ကဏ္ဏစုံတွင် အထိနာနေကာ ပြိုလဲလုမတတ် ဖြစ်နေပြီ ဖြစ်သည်။

စစ်အာဏာသိမ်းမူကို ကန့်ကွက်ကြောင်း ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်မူများကို အကြမ်းဖက် ဖြိုခွဲခဲ့ပြီးနောက် ပေါ်ပေါက်လာသည့် လက်နက်စွဲကိုင်တော်လှန်မူများကို ယခုလောက်အားကောင်းမည်ကို စစ်အာဏာရှင်တို့ ထင်မှတ်မထားခဲ့။

လတ်တလောအနေအထားတွင်လည်း မူလကပင် လက်နက်စွဲကိုင်တော်လှန်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs)များအပြင် အင်အားကောင်းသထက် ကောင်းလာသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)များကိုပါ စစ်ကောင်စီအနေဖြင့် ခြောက်ခြားနေရပြီ ဖြစ်သည်။

PDF ထိန်းချုပ်နယ်မြေများတွင် လူထုသပိတ်များ၊ အာဏာရှင်အမြစ်ပြုတ်ရေး ဟောပြောပွဲများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ လုံခြုံရေးရယူမူဖြင့် ပြု လုပ်လာနိုင်ခြင်းက သက်သေတစ်ခုပင် ဖြစ်သည်။ ပြည်သူ့ဆန္ဒကို ပြည်သူကထောက်ခံသော လက်နက်ကိုင်တပ်ဖွဲ့များက စောင့်ရှောက်ကြခြင်းပင်ဖြစ် သည်။

တစ်ဖက်တွင်တော့ ပြည်သူ့အာဏာကို ခိုးယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ များ၏ အကြမ်းဖက်လုပ်ရပ်များက ဟိုးလေးတကျော်ကျော်။ ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးချိန်မှ တစ်နှစ်ခန့်အကြာ နွေဦတော်လှန်ရေးကာလအတွင်း အကြမ်းဖက်စစ်ကောင်စီကြောင့် သေဆုံးသူဦးရေမှာ ၁,၅၀၀ခန့်ရှိပြီဟု  နိင်ငံရေးအကျည်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)နှင့် သတင်းမီဒီယာများ၏ ထုတ်ပြန်ချက်မှတ်တမ်းများအရ သိရသည်။ 

ဖမ်းဆီးချုပ်နှောင်ခြင်း ခံရသူဦးရေမှာလည်း ၉,၀၀၀နီးပါးရှိပြီ ဖြစ်သည်။ မြေပြင်ကိန်းဂဏန်းများမှာ အဆိုပါပမာဏာများထက် ပိုများပြားနိုင်သည်ဟုလည်း AAPPနှင့် သတင်းရင်းမြစ်များကဆိုသည်။ ထိုအပြင် စစ်အာဏာသိမ်းမူ နောက် ဆက်တွဲ အခြေအနေများကြောင့် နေရပ်တိမ်းရှောင်နေရသည့် ပြည်သူအရေ အတွက်မှာလည်း နှစ်သိန်းကျော်ရှိလာပြီဟု ကုလသမဂ္ဂ၏ ဇန်နဝါရီလ ထုတ်ပြန်ချက်များက ဆိုသည်။

ယင်းကိန်းဂဏန်းများနှင့် အခြေအနေများမှာ စစ်ကောင်စီသည် အကြမ်းဖက်လုပ်ရပ်မှတပါး အခြားမလုပ်တတ် မကိုင်တတ်ခြင်းကို ဖော်ပြနေသည်ဟုလည်း နိုင်ငံရေးအကဲခတ်တစ်ဦးက သုံးသပ်သည်။

စီးပွားရေးကဏ္ဍဖက်ကြည့်ပါကလည်း အာဏာရှင်တို့အတွက် မျက်ဖြူဆိုက်ကိန်းများသာ တဖြည်းဖြည်း တိုးလာသည်။ 

ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်းများတွင် စစ်ကောင်စီအတွက် ဒေါ်လာဘီလီယံချီ အခွန်ရရှိနေသည့် အမေရိကန် Chevron နှင့်ပြင်သစ် Total ကုမ္ပဏီများက မြန်မာနိုင်ငံမှ ရင်းနှီးမြုပ်နှံမူများ ရုပ်သိမ်းထွက်ခွာတော့မည်ဟု မကြာသေးမီက ရှေ့ဆင့်နောက်ဆင့် ကြေညာခဲ့ကြခြင်းက အနီးစပ်ဆုံး ဥပမာဖြစ်သည်။ ယင်းကုမ္ပဏီများမှာ ကမ္ဘာ့အကြီးမားဆုံး စွမ်းအင်ကုမ္ပဏီများလည်း ဖြစ်သည်။

ထို့အပြင် အာဏာဖီဆန်ရေး ပြည်သူလှုပ်ရှားမူများဖြစ်သည့် မီတာခ မပေးဆောင်ခြင်း၊ အခွန်အခများ သပိတ်မှောက်ခြင်း၊ စစ်ကောင်စီဒေါက်တိုင် စီးပွားရေးလုပ်ငန်းများနှင့် ကုန်ပစ္စည်းများကို သပိတ်မှောက်ခြင်း တို့ကြောင့်လည်း အထိနာနေပြီးရင်း နာနေပြီဖြစ်သည်။ သံတမန်ရေးရာတွင်လည်း စစ်ကောင်စီအဖို့ အသက်ရှူချောင်စရာ တစ်ကွက်မှမရှိ၊။ 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က နိုင်ငံတကာမျက်နှာစာတွင် တစ်စ တစ်စ အရှိန်ယူလာစဉ်တွင် စစ်ကောင်စီအဖို့ အာဆီယံတွင်ပင် အောက် ကျနောက်ကျ ဖြစ်နေရှာသည်။ 

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ရွေ့ဆိုင်းထားခြင်းမှာလည်း စစ်ကောင်စီကို လူရာမသွင်းလိုခြင်းကြောင့်ဟု သုံးသပ်နေကြသည်။ အာဆီယံအလှည့်ကျဥက္ကဌ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း အစည်းအဝေးတက်ရောက်ရန် စစ်ကောင်စီကို ဖိတ်ခြားခဲ့မူကြောင့် သဘောထားကွဲလွဲမူများ ဖြစ်ပေါ်ခဲ့ပြီး ယင်းသို့ရွှေ့ဆိုင်းခဲ့ခြင်းဟု ယူဆကြသည်။ 

ထိုကြောင့်ပင် စစ်ကောင်စီမှာ ကဏ္ဍစုံတွင် ကျရှူံးနေပြီး ပြည်သူတို့၏ နွေဦးတော်လှန်ရေးမှာ အောင်ပွဲနှင့် တဖြေးဖြေး နီးစပ်လာပြီဟု သုံးသပ်မူများလည်း ရှိ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article