35 C
Yangon

တမူးတွင် အရပ်သားကားဖြင့် ထွက်ခွာလာသော ရဲတပ်ဖွဲ့ဝင်များ မိုင်းဆွဲခံရပြီး ရဲအုပ် ၁ ဦးအပါအဝင် ရဲ ၄ ဦး သေဆုံး၊ သေနတ် ၃ လက် သိမ်းဆည်းရမိ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၇

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ တမူးမြို့သို့ ထွက်ခွာလာသည့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များ စီးနင်းလာသော ကားတစ်စီး ယနေ့ ဇန်နဝါရီလ ၁၇ ရက် နေ့လယ်ပိုင်းတွင် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ကားပေါ်ပါလာသူ ရဲအုပ်အဆင့် ၁ ဦးအပါအဝင် ရဲ ၄ ဦး သေဆုံးကြောင်း သတင်းရရှိသည်။

အဆိုပါ ရဲတပ်ဖွဲ့ဝင်များ စီးနင်းလာသော ကားကို တမူးမြို့နယ်၊ ရန်လင်းဖိုင်ကျေးရွာနှင့် ဝိတုပ်ရွာကြားတွင် ဗိုလ်ဇီးကွက် ဦးဆောင်သည့် တမူး PDF တပ်ရင်း ၃ က မိုင်းဆွဲတိုက်ခိုက်ခြင်း ဖြစ်ကြောင်း၊ ခြောက်လုံးပြူးသေနတ် အပါအဝင်  သေနတ်သုံးလက်နှင့် ရဲတပ်ဖွဲ့ ဆက်စပ်ပစ္စည်းအချို့ သိမ်းဆည်းရမိကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီအဖွဲ့များသည် ကလေး – တမူးလမ်းမပေါ်တွင် အိမ်စီးကားများ၊ ခရီးသည်ကားများ၊ ၁၂ ဘီးကားများဖြင့် လှုပ်ရှားနေသည်ဟု သိရှိရပြီး ပြည်သူများအနေဖြင့် ခရီးသွားလာလျှင် ကားမှန်များချပြီး မောင်းနှင်သွားလာပေးရန် တမူး PDF တပ်ရင်း ၃ က ယမန်နေ့တွင် သတိပေးထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article