29 C
Yangon

နိုင်ငံတစ်ဝန်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး၊ ကြံ့ဖွတ်ပါတီဝင်နှင့် ပျူစောထီးများ အသတ်ခံရ 

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၇ 

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး၊ ကြံ့ဖွတ်ပါတီဝင်နှင့် ပျူစောထီးများ အသတ်ခံရကြောင်း၊ အသတ်ခံရသူ ၇ ဦးထက်မနည်းရှိကြောင်း သိရှိရသည်။ 

ညောင်ဦးမြို့နယ်မှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဌေးလွင် အသတ်ခံရ

===========================================

ဇန်နဝါရီ၁၇ ရက်နေ့ ယနေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်  အချိန်ခန့်တွင် မန္တလေး တိုင်း၊ ညောင်ဦးမြို့အမှတ် ၁ နယ်မြေ ခိုင်ဝါ ၇  လ္ဘက်ရည်ဆိုင်ပိုင်ရှင် ကြံ့ဖွတ်ပါတီဝင်၊ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဌေးလွင် ကို မြင်းခြံပြည်သူ့ကာကွယ် ရေးပြောက် ကျားတပ်က သတ်ဖြတ်လိုက်ကြောင်း၊ ဒေသကာကွယ်ရေးတပ်များ ပူးပေါင်း လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသည်။ 

မော်လမြိုင်ကျွန်းမှ အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းထွဋ်အသတ်ခံရ

============================================

ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ကျော်ဇံကျေးရွာတွင် ဇန်န ဝါရီလ ၁၆ ရက်နေ့ နံနက်ပိုင်းစစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းထွဋ် သေနတ်ဖြင့် ပစ်ခံရကြောင်း  သိရှိရသည်။ 

ရေကြည်မှ ကြံ့ဖွတ်ပါတီဝင် ဆန်းတင့် အသတ်ခံရ

==================================

ဇန်နဝါရီလ ၁၇ ရက်နေ့  နံနက် ၁၀ နာရီအချိန် ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ နွားရေတိုက်ရွာမှ စစ်ကောင်စီ သတင်းပေး ဟု နာမည်ကြီးသော ကြံ့ဖွတ်ပါတီဝင် ဆန်းတင့်ကို အမည်မသိလူတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်သွားသော်လည်း ချုံထဲဝင်ပြေးသဖြင့် မသေဆုံးပဲ ဒဏ်ရာအချို့သာ ရရှိသွားကြောင်း ကနဦး သတင်းရရှိပါသည်။

စဉ့်ကိုင်မှ စစ်ကောင်စီသတင်းပေးဟု နာမည်ထွက်သူ လင်မယား ၂ ဦးအသတ်ခံရ 

===========================================

မန္တလေးတိုင်းစဥ့်ကိုင်မြို့နယ်မှ စစ်ကောင်စီသတင်းပေးဟု လူသိများသည့်   မုံပင်ကျေးရွာမှ ဦးဇော်ဝင်း နှင့် မသင်းလှတို့ကို ယနေ့ သတ်ဖြတ်လိုက်ကြောင်း LPDF – Sintgaing က သတင်းထုတ်ပြန်သည်။ 

ကြံခင်းမှ သတင်းပေးဟု နာမည်ထွက်သူ ဦးမြင့်သိန်း အသတ်ခံရ 

=====================================

ဇန်နဝါရီလ ၁၆ ရက် ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ ကြံခင်းမြို့၊ခုံကြီးအုပ်စု၊ခုံကြီးကျေးရွာတွင်နေထိုင်သော စစ်ကောင်စီသတင်းပေးဟု သတင်း ထွက် သူ ဦးမြင့်သိန်းကို  ဇန်နဝါရီလ ၁၅  ရက်နေ့ ည၉နာရီအချိန်ခန့်တွင် သေ နတ်ဖြင့်ပစ်သတ်ခံရကြောင်း သိရှိရသည်။ 

မုံရွာ ကန်သာယာစျေးတွင် ရဲတပ်ဖွဲ့ဝင်၏ ဇနီးအသတ်ခံရ 

=======================================

စစ်ကိုင်းတိုင်း၊မုံရွာမြို့ ကန်သာယာဈေးတွင်  ယနေ့ဇန်နဝါရီ၁၇ရက်နေ့ နံနက် ၅ နာရီဝန်းကျင်ခန့်က စွာကျယ်စွာကျယ်လုပ်နေသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ ဇနီး အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်သ တ်ခံရကြောင်း သိရသည်။ 

အဆိုပါအမျိုးသမီးသည် ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ မိန်းမဟုကနဦးသိရပြီး ၎င်းသည် ဆန္ဒပြကျောင်း သားလူငယ်များကို ဆဲဆိုကြိမ်းမောင်းသူတစ်ဦးဖြစ်‌ကာ နယ်ပြောင်းကျရဲအမျိုးသမီးတစ်ဦးဖြစ်ကြောင်း၊ လက်ရှိ ကန်သာယာစျေးတွင် လိမ္မော်သီးရောင်းသူဖြစ်ကြောင်း သိရှိရသည်။ 

ဓာတ်ပုံ- ယနေ့ သတ်ဖြတ်ခံလိုက်ရသည့် ညောင်ဦးမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article