29 C
Yangon

မတူပီ၊ ထယ်ဘွေးကျေးရွာ စစ်ကောင်စီစခန်းကုန်းအနီးတွင် ပစ်ခတ်မှုဖြစ်ပြီး CDF မတူပီ ရဲဘော် ၁ ဦး ကျဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၇

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ထယ်ဘွေးကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီ စခန်းကုန်းအနီးတွင် ယနေ့ ဇန်နဝါရီလ ၁၈ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် CDF မတူပီ တပ်ဖွဲ့များနှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး CDF မတူပီ ရဲဘော် Salai Peng Sang လည်ပင်းတွင် ကျည်ဆံထိမှန် ကျဆုံးခဲ့ကြောင်း သတင်းရရှိသည်။

” တိုက်ပွဲတော့ မဟုတ်ပါဘူး၊ သူတို့ကလည်း သူတို့ စခန်းကုန်းကနေ လှုပ်ရှားတယ်၊ ကျနော်တို့ကလည်း ကျနော်တို့ နယ်မြေကနေ လှုပ်ရှားတယ်။ ထိတွေ့မှုဖြစ်စဉ် ဖြစ်တာပေါ့၊ အဲဒီမှာ ကျနော်တို့ ရဲဘော် စနိုက်ပါကျည်ဆံထိပြီး ကျသွားတာ၊ သူတို့ဘက်က ထိခိုက်ကျဆုံးမှုတော့ ကျနော်တို့ မသိရဘူး ခင်ဗျ” ဟု CDF မတူပီ ပြောခွင့်ရက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အဆိုပါ အကြမ်းဖက်စစ်ကောင်စီ စခန်းကုန်း ရှိရာ ထယ်ဘွေးကျေးရွာသည် မတူပီ-ပလက်ဝ ကားလမ်းဘေးတွင် တည်ရှိပြီး မတူပီမြို့မှ မိုင် ၃၀ နီးပါး ကွာဝေးသည်။

ဇန်နဝါရီလ ၈ ရက်နေ့တွင်လည်း အဆို့ပါ ထယ်ဘွေးစခန်းကုန်းကို CDF မတူပီက ပစ်ခတ်တိုက်ခိုက်ခဲ့သေးပြီး စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးကြောင်း သတင်းရရှိသည်။

ဓါတ်ပုံ – CDF မတူပီ တပ်ဖွဲ့ဝင်များ၏ လေ့ကျင့်မှုတခု

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article