25 C
Yangon

မဲပလီကျေးရွာရှိ BGF စခန်းကို တိုက်ခိုက်ခြင်းသည် သတိပေးစာထုတ်ပြန်ပြီးနောက် ပထမဆုံးအရေးယူအကောင်ထည်ဖော်လိုက်သည့် စခန်းသိမ်းတိုက်ပွဲဟု KNU တပ်မဟာ ၅ ပြော

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၈

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေ၊ မူတြော် (ဖာပွန်) ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မယ်ပရီ (မဲပလီ) စခန်းကို KNLA တပ်မဟာ ၅ တပ်ဖွဲ့များက ဇန်နဝါရီလ ၁၆ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီးလိုက်ခြင်းသည် KNU က နောက်ဆုံးသတိပေးစာထုတ်ပြန်ပြီးနောက် ပထမဆုံး အရေးယူအကောင်ထည်ဖော်လိုက်သည့် စခန်းသိမ်းတိုက်ပွဲဖြစ်ကြောင်း မူတြော်သတင်းစဉ်က ထုတ်ပြန်သည်။

BGF တပ်များအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်များကို ကူညီပံ့ပိုးပေးနေမည်ဆိုရင် KNU တပ်မဟာ ၅ နယ်မြေအတွင်း မည်သည့်နေရာတွင်မဆို တိုက်ခိုက်သွားမည်ဟု ဗိုလ်မှူးချုပ်စောမူဟဲ က ဇန်နဝါရီလ ၁၂ ရက်နေ့တွင် လက်မှတ်ထိုးထုတ်ပြန်ထားသည်။

မဲပလီကျေးရွာရှိ အဆိုပါစခန်းသည် BGF တပ်ရင်း ၁၀၁၄ ၏ တပ်စခန်းဖြစ်ကြောင်း၊ KNLA တပ်မဟာ ၅ တပ်ရင်း ၁၀၂ တပ်ခွဲ ၄ မှ ဗိုလ်ကားလေး ဦးစီးသည့်အဖွဲ့က ဝင်ရောက်တိုက်ခိုက်စဉ် BGF တပ်ဖွဲ့ဝင်များသည် ကိုယ်လွတ်ရုန်းထွက်ပြေးသွားကြကြောင်း၊ ထိခိုက်သေဆုံးမှု  အတိအကျ မသိရသေးကြောင်း Mutraw News က ရေးသားဖော်ပြသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် BGF တပ်ဖွဲ့ဝင် ၁ ဦးကို အရှင်ဖမ်းမိကြောင်း၊ KNLA ရဲဘော် ၂ ဦး ဒဏ်ရာရရှိကြောင်း ဒေသသတင်းရင်းမြစ်ထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article