35 C
Yangon

စစ်အာဏာရှင် ဆန့်ကျင်ရေး ပြည်သူကို သေဒဏ်၊ တစ်သက်တစ်ကျွန်းထောင် ဒဏ်နှင့် နှစ်ရှည်ထောင်ဒဏ် အမိန့်ချနေသော စစ်ဘက်တရားသူကြီး ဒုဗိုလ် မှူးကြီး မျိုးမြင့်အောင်

Must read

By ရန်ကုန်ခေတ်သစ်

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော စစ်တပ်က နိုင်ငံတော်အာဏာကို လက်နက်အားကိုးဖြင့် လုယူပြီးနောက် စစ်တပ်သည် နိုင်ငံတစ်ဝန်း ပြည်သူလူထုကို သတ်ဖြတ်နေသော ဖက်ဆစ် စစ်တပ်အဖြစ် အသွင်ပြောင်းသွားပြီး ယင်းစစ်တပ်မှ လူထုကို တိုက်ရိုက် သတ်ဖြတ် ညှဉ်းပန်းနှိပ်စက်သော စစ်အရာရှိများစွာ ပေါ်ထွန်းလာကြောင်း တပ်တွင်းသတင်းရင်း မြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုကြသည်။ 

လူထုကို သတ်ဖြတ်ညှဉ်းပန်းနှိပ်စက် နေသည့် စစ်အရာရှိများတွင် ရန်ကုန် တိုင်း၊ ဒညင်းကုန်း၊ အင်းစိန်မြို့နယ် အမှတ် ၁ တပ်မတော်စစ်သားစုဆောင်းရေးတပ်မှ တပ်မှူး ကြည်း ၂၃၈၉၉ ဒုတိယမှူးကြီးမျိုးမြင့်အောင်လည်း အပါ အဝင်ဖြစ်သည်။ 

စစ်မှုထမ်း နှစ် ၃၀ နီးပါးရှိပြီး ၂၀၁၂ ခုနှစ် ပတ်ဝန်းကျင်တွင် အမှတ် ၁ တပ်မ တော် စစ်သား စုဆောင်းရေးတပ်မှ တပ်မှူးအဖြစ် ပြောင်းရွှေ့လာသူလည်းဖြစ်ပြီး လက်ရှိ ရန်ကုန်တိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ (DSA ၃၆) ထက်ပင် စီနီယာကျသူဖြစ်သည်။ 

ဒုတိယဗိုလ်မှူးကြီး မျိုးမြင့်အောင်သည် ဇနီး ဒေါ်မီမီစန်း၊ သမီး မဆုမြတ်၀င်းတို့နှင့်အတူ အမှတ် ၁ တပ်မတော် စစ်သား စုဆောင်းရေးတပ်တွင် နေထိုင်လျက်ရှိသည်။ 

ပြည်သူကို သေဒဏ်နှင့် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်များချမှတ်သူ စစ်တရားသူကြီး

===========================================

ရန်ကုန်တိုင်းကို စစ်တပ်က စစ်အုပ်ချုပ်ရေးကြေညာပြီး စစ်ခုံရုံးများကို ထူ ထောင်သောအခါ မျိုးမြင့်အောင်သည် စစ်ဘက်ဆိုင်ရာ တရားသူကြီးဖြစ်လာသည်။ တပ်ပိုင်းဆိုင်ရာ ရာထူး မတိုးတော့သော်လည်း ပညာရပ်ပိုင်းဆိုင်ရာ လေ့လာမှု အားကောင်းသည့်အတွက် ၎င်းကို စစ်ဘက်တရားသူကြီးအဖြစ် စစ်ကောင်စီက ခန့်အပ်လိုက်သည်။ 

အင်းစိန်ထောင် အထူးစစ်ခုံရုံးတွင် စစ်ဘက်တရားသူကြီးဖြစ်လာသူ မျိုးမြင့်အောင်က လူငယ်များစွာကို‌ သေဒဏ်များချမှတ်ခြင်း၊ တစ်သက်တစ်ကျွန်း ပြစ်ဒဏ်များချမှတ်ခြင်းနှင့် ထောင်ဒဏ်များစွာကို ကျေကျေနပ်နပ်ဖြင့် ချမှတ်လျက်ရှိသည်။ 

“စစ်အုပ်ချုပ်ရေးကြေညာတော့ သူက စစ်တရားရုံးမှာ တရားသူကြီးဖြစ်ပါတယ်။ အင်းစိန်ကိုအမှုတွေရှိရင်သွားပြီး အရင်တုန်းကတော့ဆန္ဒပြသူတွေ နောက်ပိုင်း PDF တွေကို စစ်ခုံရုံးတရားသူကြီးအဖြစ် အမိန့်ချတယ်။ သူ့ကြောင့် သေဒဏ် ထောင်ဒဏ်တစ်သက် နှစ်ရှည်ထောင်ဒဏ်တွေ ကျခံသွားရတဲ့လူငယ်တွေအများကြီးပါ။ စစ်ခုံရုံးက ပြန်လာရင် တပ်ထဲမှာ ဘယ်သူကို ဘယ်လို သေ ဒဏ် ချပစ်လိုက်တယ်။ ဘယ်သူကိုတော့ တစ်သက်တစ်ကျွန်းချပစ်လိုက်ပြီဆိုတာမျိုး မြိန်ရေရှက်ရေ ပြောလေ့ရှိတယ်။ သူအရမ်းကျေနပ်နေတာ” ဟု စစ်ဘက်သတင်းရပ်ကွက်ကပြောသည်။ 

သေမှာ အလွန်ကြောက်တတ်သူ၏တပ်တွင်းဖိနှိပ်မှုများနှင့် ငွေကြေး ရှာဖွေခြင်း

===========================================

မျိုးမြင့်အောင်သည် ၎င်း၏ အမှတ် ၁ တပ်မတော်အမှတ် ၁  စစ်သား စုဆောင်းရေးတပ်တွင် အ လွန် လုံခြုံရေးတင်းကျပ်ထားပြီး ၎င်း၏ တပ်ကို လာရောက်တိုက်ခိုက်၍ သေရမည်ကို အလွန်စိုးရိမ်သူလည်းဖြစ်သည်။ 

စစ်အာဏာသိမ်းပြီးချိန်မှစ၍ တပ်တွင်း တရားပွဲနှင့်ပဋ္ဌာန်းပွဲများ ဆက်တိုက် ကျင်းပပြီး  ၁ ဧက မပြည့်သည့် တပ်ကို ဂိတ် ၁၀ ခုထား၍ ကင်းလုံခြုံရေး အထူးတင်းကျပ်ထားသည်။ 

” ဒီအမှတ် ၁ စုဆောင်းရေး တပ်ဆိုတာကလေ ကျဥ်းကျဥ်းလေး။ ဧကနဲ့ တွက်မယ်ဆိုရင်  ၀ ဒသမ ၈၅ ဧကပဲရှိပါတယ်။ အဲဒီမှာချထားတဲ့ကင်းက ၁၀ကင်းလောက်ရှိပါတယ်။ သူ့ကိုယ်သူသေမှာတော့အရမ်းစိုးရိမ်တယ်” ဟု စစ်ဘက်သတင်းရပ်ကွက်ကပြောသည်။ 

မျိုးမြင့်အောင်သည် တပ်တွင်း ဖိနှိပ်မှုအလွန်များပြားစွာ လုပ်ဆောင်သည်ဟု သိရှိရသည်။ 

“မျိုးမြင့်အောင်က လက်ရှိရန်ကုန်တိုင်း တိုင်းမှူးထက်စီနီယာကျ နေတဲ့အတွက်ဘယ်သူမှ ဂရုစိုက်စရာမလိုဘူးဆိုတဲ့ အကွက်တွေနဲ့ အောက်ခြေကလူတွေကိုအစွမ်းကုန်ဖိနှိပ်နေတာပါ။ မြန်မာပြည်ကို ကိုဗစ်က ၂၀၂၀ခုနှစ် မတ်လ ၂၃ရက်နေ့မှာ ရောက်ပါတယ်။ အဲဒီကတည်းက တပ်ကို ၀င်းတံခါးနှစ်ထပ်ကာပြီး တပ်ထဲကဘယ်သူ့ကိုမှ ကိုယ်ရေးကိုယ်တာကိစ္စ၊ အဖေအမေသေတာကအစ ထွက်ခွင့်မပေးတော့ပါဘူး။ ဘာအကြောင်းနဲ့မဆို ပေးမထွက်ဘူး။ စားဖို့သောက်ဖို့၀ယ်စရာခြမ်းစရာကအစပေါ့။ အထဲက ရောင်းချနေတဲ့သူတွေဆီကနေ စျေးကြီးပေးပြီး ၀ယ်စားနေရပါတယ်။ တပ်မိသားစုတွေရဲ့ သားသမီးတွေဆိုတာ အပြင်ပတ်၀န်းကျင်ကိုမြင်တောင်မမြင်ဘူးတော့ဘူး။ တပ်ထဲမှာ မြောက်ကိုရီးယားလို ထားထားတာပါ” ဟု စစ်ဘက်သတင်းရပ်ကွက်ကပြောသည်။ 

တပ်တွင်း မိသားစုများကို ဖိနှိပ်ငွေကြေးရှာ၍ အပေါ်ဖား အောက်ဖိ လူစားမျိုးလည်းဖြစ်သည်ဟု ဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article