29 C
Yangon

ခင်ဦးမြို့နယ် မူးယစ်ဂိုဏ်းကို PDF ပူး​ပေါင်းတပ်ဖွဲ့က ပူးပေါင်း နှိမ်နင်း၊ ဖမ်းဆီးရမိ မူးယစ်ဆေးပြားများ မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၈ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချနေသည့် ဂိုဏ်းကို သတင်းရ၍ ခင်ဦးမြို့နယ် ပကဖနှင့် ခရိုင်တပ်ရင်း(၃) ခင်ဦး PDF တပ်ဖွဲ့တို့မှ ပူးပေါင်း၍ ဇန်နဝါရီလ ၁၆ ရက်နေ့, ညနေ  ၆ နာရီအချိန်ခန့်တွင် ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ခင်ဦး PDF တပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။ 

မူးယစ်ဆေးပြား ၈၀၀ ၊ ပစ္စတို တစ်လက်၊ 9မမ ကျည် ၇ တောင့်နှင့် ငွေသား ၇၄၇၀၀ ကျပ် သိမ်းဆည်းရမိခဲ့ကြောင်း၊ လက်နက် ကိုင်ဆောင်ထားသူ မူးယစ်ဂိုဏ်းခေါင်းဆောင် ခင်ဦးမြို့နယ် ကွမ်းတိုင်းကျေးရွာမှ ကိုသန့်ဇင်ဝင်း အသက် ၄၀ နှစ်နှင့် ဂိုဏ်းအဖွဲ့ အတူ မူးယစ်ဆေး သုံးစွဲနေသူများကို ဖမ်းဆီးရမိခဲ့ပြီး ကြိမ်ဒဏ်အဖြစ် ရိုက်နှက်က် သတိပေးထားခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများကို ယနေ့ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် မီးရှို့ ဖျက်ဆီးခဲ့ကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article