25 C
Yangon

KNU တပ်မဟာ ၁ နယ်မြေတွင် စစ်ကောင်စီယာဉ်တန်းကို KNLA နှင့် ဒေသပြောက်ကျားအဖွဲ့ ပူးပေါင်း မိုင်းဆွဲတိုက်ခိုက်၊ ဗိုလ် ၁ ဦးအပါအဝင် ၁၁ ဦး သေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၉

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ၁ နယ်မြေ ဒူးသထူ (သထုံ) ခရိုင်တွင် စစ်ကောင်စီယာဉ်တန်းကို ဇန်နဝါရီလ ၁၄ ရက်နံနက်တွင် KNLA နှင့် သထုံပြည်သူ့ပြောက်ကျားများတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ရာ ဗိုလ်ကြီး ၁ ဦး၊ တပ်ကြပ်ကြီး ၁ ဦး အပါအဝင် ၁၁ ဦး သေဆုံးကြောင်း သတင်းရရှိသည်။

KNLA တပ်မဟာ ၁ နယ်မြေ၊ သိမ်ဆိပ်-လေးကေ ကားလမ်း၊ စောအဲ့ဖိုးရွာ အဝင်ဂိတ်အနီးတွင် စစ်ကောင်စီယာဉ်တန်းကို KNLA တပ်မဟာ ၁၊ တပ်ရင်း ၂ နှင့် သထုံပြည်သူ့ပြောက်ကျားများတပ်ဖွဲ့ TPG က မိုင်း ၃ ကြိမ်ဆွဲပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း TPG က သတင်းထုတ်ပြန်သည်။

ဓါတ်ပုံ – သထုံပြည်သူ့ပြောက်ကျားများတပ်ဖွဲ့ TPG

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article