25 C
Yangon

ခင်ဦးမြို့နယ်၊ လက်ပံလှကျေးရွာမှ ဦးကိုဦး ကို စစ်တပ်က ပစ်သတ်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၉ 

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ လက်ပံလှကျေးရွာမှ ဦးကိုဦးကို စစ်ကောင်စီတပ်က ကျေးရွာကို ဝင်ရောက်စီးနင်းစဉ် ပစ်သတ်သွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ 

ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက် ၈ နာရီ ၅၇ မိနစ်အချိန်  ခင်ဦးမြို့နယ်မှ ဆိုင်ကယ် ၆ စီး၊ အိမ်စီးကား ၁စီး၊ လိုက်ထရပ်ကား ၁ စီးဖြင့် စုစုပေါင်း အင်အား ၂၅ ဦး လိုက်ပါသော စစ်ကောင်စီတပ်သည် မူးဘောင်တစ်လျှောက် မောင်းနှင် ကင်းလှည့်ကြောင်း၊ ကင်းလှည့်ရာတွင် စစ်ကောင်စီခန့် ရွာသန်းကျေးရွာအုပ်ချုပ်ရေးမှူး ဖိုးချိုမိသားစုပါ လိုက်ပါလာကြောင်း၊ ရွာသန်းကျေးရွာသို့ ဝင်ရောက် ပြီးနောက် လက်ပံလှကျေးရွာအတွင်းသို့ ဝင်ရောက်စီးနင်းကြောင်း သိရှိရသည်။ 

ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန် လက်ပံလှကျေးရွာသို့ စစ်တပ်က ဝင်ရောက်စီးနင်းပြီးနောက် ကျေးရွာသား ၂ ဦးကို ဖမ်းဆီးကြောင်း၊ ကြောက်လန့်၍ ထွက်ပြေးနေသော ပြည်သူများကို လိုက်လံပစ်ခတ်ရာ ဦးကိုဦး အသက် ၄၀ နှစ်သည် ခြေထောက်တွင် ကျည်ထိမှန်သဖြင့် မပြေးနိုင်တော့ဘဲ အဖမ်းခံလိုက်ရကြောင်း၊ ကျည်ထိမှန်ထားသော ဦးကိုဦးကို စစ်တပ်က ညှဉ်းပန်းနှိပ်စက်ပြီး မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် ပစ်သတ်သွားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article