25 C
Yangon

ငဖဲမြို့အခြေစိုက် မစခ ၉၀၅ အမြောက်တပ် အဝေးပစ် စိန်ပြောင်း လက်နက်ဖြင့် ပစ်ခတ်ခံရ၊ ကပစစက်ရုံ ၁၄ သို့ သွယ်တန်းထားသည့် လျှပ်စစ်ကြိုးများ ဖျက်ဆီးခံရ၊ ပေါက်မြို့တွင်လည်း စစ်သား ၃ ဦးသေ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၃

မကွေးတိုင်း ငဖဲမြို့နယ် အခြေစိုက် မစခ (၉၀၅) အမြောက်တပ်ကို ယနေ့ ဇန်နဝါရီလ ၂၃ ရက်နေ့ နံနက် ၆နာရီ ၄၅ မိနစ်တွင် Triangle 3T PDF တပ်ဖွဲ့က အဝေးပစ် စိန်ပြောင်း လက်နက်ဖြင့် ပစ်ခတ်တိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုအခြေအနေကို မသိရိရသေးကြောင်း Triangle 3T PDF တပ်ဖွဲ့ထံမှသိရသည်။

အဆိုပါ မစခ (၉၀၅) အမြောက်တပ်ကို Triangle 3T PDF တပ်ဖွဲ့က အဝေးပစ် စိန်ပြောင်းလက်နက်ဖြင့် ၂ ချက်ပစ်ခတ် တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုအခြေအနေကို မသိရှိရသေးကြောင်း Triangle 3T PDF တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

အလားတူ ဇန်နဝါရီလ ၂၂ ရက်နေ့ ည ၈နာရီ ၁၄ မိနစ်ခန့်တွင်လည်း ငဖဲမြို့ နယ် အခြေစိုက် ကာကွယ်ရေး ပစ္စည်း စက်ရုံ (ကပစ) ၁၄  စက်ရုံ လည်ပတ်မှု ဆက်လက် မပြုလုပ်နိုင်ရန်အတွက်၊ ကပစ စက်ရုံအား သွယ်တန်းထားသည့် လျှပ်စစ် ဓါတ်အားပေး လိုင်းအား Triangle 3T PDF မှဗုံးခွဲတိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အလားတူး မကွေးတိုင်း၊ ပေါက်မြို့နယ် အရှေ့တောင်ပိုင်းသို့ အင်အားအများအပြားဖြင့် ထိုးစစ်ဆင်လျက်ရှိသော စစ်ကောင်စီတပ်များသည် ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန် ပုတီးရွာမှ ချက်ကန်ရွာသို့ စစ်အင်အား ၁၅၀ ဖြင့် ချီတက်လာရာ Southern Pauk People’s Denfense Force အမှတ် ၂ တပ်ရင်းက လက်နက်ကြီးဖြင့် ၃ ချက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနောက် မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိကြောင်း ပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ 

ဓာတ်ပုံ- စစ်ကောင်စီ၏ အမြှောက်တပ်စခန်းတစ်ခု။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article