25 C
Yangon

ကနီမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ ပြည်သူတစ်ဦးကို သတ်ဖြတ် ၊ ပြည်သူများ‌ နေအိမ်ကို အကြောင်းမဲ့ မီးရှို့ ဖျက်ဆီး၊ အိမ်ခြေ ၂၀ ကျော် မီးလောင်ကျွမ်း

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၃

အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့သည် ချင်းတွင်းမြစ်တစ်လျှောက် ဆန်တက်လာသည့် အကြမ်းဖက် စစ်ကောင်စီတပ်သည့် ယနေ့ ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ကနီမြို့နယ် နတ်ကြီးရွာသို့ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ် ဝင်ရောက်ကာ ပြည်သူများ၏ နေအိမ် ၂၀ ကျော်ကို မီးရှို့ ဖျက်ဆီးသွားကြောင်း ဒေသခံ တစ်ဦးက ပြောဆိုသည်။ 

“လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရွာထဲကို ဝင်ပစ်။ ရွာလုံးကျွတ်မရှို့နိုင်တော့ အိမ်လေးတွေကို ကွက်တိကွက်ကြားရှို့တာပေါ့။ အိမ်ခြေ ၂၀ ကျော်လောက် ပါသွားတယ် မီးထဲ” ဟု နတ်ကြီး ဒေသခံတစ်ဦးက ပြောဆိုသည်။ 

လက်ရှိအချိန်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ နတ်ကြီးရွာမှ ပြန်ထွက်သွားပြီဖြစ်ပြီး မီးရှို့ထားမှုများကို ရွာသားများမှ အခြေအနေကြည့်ကာ ငြှိမ်းသတ်နေရကြောင်း ဒေသခံများက ပြောဆိုသည်။ 

“မီးငြှိမ်းဖို့အတွက်ပဲ ကြိုးစားနေရတယ်။ အဆင်ပြေတဲ့ အနေအထားတော့ ရောက်သွားပါပြီ။ မီးငြှိမ်းလိုက် ရွာပြင်ကို ပြေးလိုက် အဲဒီလို လုပ်နေရတာပေါ့” ဟု ဒေသခံ တစ်ဦးက ပြောကြားသည်။ 

အကြမ်းဖက် စစ်ကောင်စီတပ်များသည် မြစ်ကြောင်းတစ်လျှောက် ရမ်းကား ပစ်ခတ်နေလျက်ရှိကြောင်း၊ နတ်ကြီးရွာသားများမှ ကြိုပြီး ထွက်ပြေးထားသည့်အတွက် ဖမ်းဆီးခံရသူ မရှိခဲ့ကြောင်း သိရှိရသည်။ 

ဇန်နဝါရီ ၂၂ ရက်နေ့ကလည်း နတ်ကြီးရွာ မျက်နှာချင်းဆိုင်ရှိ မုဌောရွာသို့ အကြမ်းဖက် စစ်ကောင်စီတပ်များ ဝင်ရောက်ကာ အိမ်ခြေ ၁၀ လုံးကျော် မီးရှို့ဖျက်ဆီးပြီး ရွာသားတစ်ဦးကို မီးရှို့ သတ်ဖြတ်မှု ကျူးလွန်ခဲ့သည်။ 

ဖမ်းဆီးသတ်ဖြတ်ခံရသည့် မုဌောရွာသားမှာ မည်သူ ဖြစ်ကြောင်း အတိအကျ မသိရှိရသေးပေ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article