25 C
Yangon

ပုလောတွင် စစ်တပ်က နေအိမ်ရှေ့တွင် ထောင်ခဲ့သောမိုင်း နင်းမိသောကြောင့် ကိုယ်ဝန်ဆောင်သည် အမျိုးသမီး ၁ဦး သေဆုံးကာ အသက် ၆နှစ် ကလေးငယ် ၁ဦး ပြင်းထန် ဒဏ်ရာရ 

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၃ 

ထားဝယ်ခရိုင် လယ်မူလားမြို့နယ်(ပုလော) ပဝတ်ဖျားကျေးရွာတွင် ယနေ့ ဇန်နဝါရီလ ၂၃ရက်နေ့ ညနေ ၅နာရီ ၃ဝမိနစ်ခန့်တွင်  အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ပြည်သူတစ်ဦး၏ နေအိမ်ရှေ့တွင် ထောင်ခဲ့သော မိုင်းနင်းမိသောကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ဦး သေဆုံးကာ အသက် ၆နှစ် ကလေးငယ် ၁ဦးတို့ ပြင်းထန် ဒဏ်ရာရခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အဆိုပါ သေဆုံးသူ ကိုယ်ဝန်ဆောင်သည် မိခင်သည် အသက် ၂၈နှစ်အရွယ် နော်မူးနော် ဆိုသူဖြစ်ပြီး စစ်တပ်က နေအိမ်ရှေ့တွင် မိုင်းထောင်ထားသည့်ကို မသိရှိဘဲ နင်းမိရာမှ ပေါက်ကွဲခဲ့ခြင်းဖြစ်ကာ ပြင်းထန်ဒဏ်ရာရရှိသူ အသက် ၆နှစ်အရွယ် စောလေလေးသည် သေဆုံးသူ နော်မူးနော်၏ သားဖြစ်ကြောင်း သိရသည်။ 

” စစ်တပ်က နေအိမ်ရှေ့မှာ မိုင်းထောင်ထားတာလို့သိရတယ်။ သားအမိ ၂ယောက် မိုင်းနင်းမိပြီး မိခင်ဖြစ်သူ ကိုယ်ဝန်ဆောင်သည် အမျိုးသမီးကတော့ ပွဲချင်းပြီး သေဆုံးသွားတယ်။ သားဖြစ်သူကတော့ မသေဘူး။ ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article