25 C
Yangon

ပင်လည်ဘူးမြို့ပေါ် ရဲစခန်းနှင့်စစ်စခန်းကို PDF ပူးပေါင်းတပ်များ ဝင်တိုက်မှု စစ်အရာရှိ ၂ ဦးအပါ အဝင် ၂၀ ထက်မနည်းသေဆုံး၊ PDF ၂ ဦးကျဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၄ 

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့ပေါ် ရဲစခန်းနှင့်စစ်ကောင်စီစခန်းကို PDF ပူး ပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ရာ စစ်အရာရှိ ၂ ဦးအပါအဝင် ၂၀ ထက်မနည်းသေဆုံးကြောင်း ပင်လည်ဘူးPR က သတင်းထုတ်ပြန်ထားသည်။ 

ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက်ပိုင်း ၃ နာရီ ၄၅ မိနစ်အချိန် ပင်လည်ဘူးမြို့ပေါ်ရှိ စစ်တပ်နှင့်ရဲများ တပ်စွဲထားသော မြို့ပေါ် ရဲစခန်းကို ဝင်တိုက်ခိုက်ရာ စစ်အရာရှိ ၂ ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးထက် မနည်းသေဆုံးကြောင်း ၊ PDF တပ်များဘက်မှလည်း ၂ ဦးကျဆုံးကြောင်း PR က သတင်းထုတ်ပြန်သည်။ 

NUG ကာကွယ်ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင်မူ စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့ပေါ်ရှိ ရဲစခန်းနှင့် စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ ကာ ကွယ်ရေးဖွဲ့က PDF ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ဝင်တိုက်ခဲ့ပြီး စစ်သား ၆ ဦး အရှင်ဖမ်းမိကာ လက် နက်ခဲယမ်းများ သိမ်းဆည်းမိကြောင်း၊ စစ်ကောင်စီတပ်သား အများအပြား သေဆုံးကြောင်း  သိရှိရသည်။

ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက် ၃ နာရီ ၄၅ မိနစ်အချိန် ပင်လည်ဘူးမြို့ပေါ် ရဲ စခန်းနှင့် စစ်ကောင်စီတပ်စခန်း ရိပ်သာကုန်းတို့ကို PDF က ဝင်တိုက်ခဲ့ကြောင်း၊ တိုက်ပွဲတွင် စစ်ကော်ငစီတပ်သားအများအပြားကျဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိကြောင်း၊ စစ်သား ၆ ဦးအရှင်ဖမ်းမိခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း၊ PDF ဘက်မှ ၁ ဦးကျဆုံးကာ ၈ ဦးဒဏ်ရာရရှိကြောင်း NUG ၏ သတင်းထုတ်ပြန်ချက်တွင်ဖော်ပြချက်အရ  သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article